Instagram မှာ တင်ဖို့ပဲဖြစ်ဖြစ် Facebook Profile ပြောင်းဖို့ဖြစ်ဖြစ် ဘဝရဲ့ အမှတ်တရလေးတွေကို ပုံဖော်နိုင်ဖို့ဖြစ်ဖြစ် ဓာတ်ပုံလှလှလေးတွေ ရိုက်ကူးတော့မယ်ဆိုရင် ဒီနည်းလမ်းလေးတွေ အသုံးပြုနိုင်ပါတယ်။

ကတ်ထူစက္ကူ

ကတ်ထူစက္ကူကို အပေါက်သေးသေးဖောက်ပြီး ဖုန်းကင်မရာရဲ့ Lens ရှေ့မှာ ထားပြီး ရိုက်ပေးမယ်ဆိုရင် သင် focus ထားချင်တဲ့ မြင်ကွင်းမျိုး ရရှိမှာပါ။

Vaseline 

ကင်မရာမှန်ကို Vaseline အနည်းငယ်ပွတ်ပေးခြင်းဖြင့် အိပ်မက်ထဲက မြင်ကွင်းလို မှုန်ရီဝိုးတဝါး ပုံစံမျိုး ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

Wallpaper

သင့်ရဲ့ Computer ဒါမှမဟုတ် Tablet ထဲက နောက်ခံ Background တောက်တောက်ပပလေး ဖွင့်ထားပြီး သင်ရိုက်ချင်တဲ့ ပစ္စည်းလေးတွေကို လှပစွာ ဖန်တီးနိုင်မှာပါ။

ဖန်ခွက်

ရေကူးကန်ထဲက ပုံကိုမှ ရိုက်ချင်ပါတယ်ဆိုရင် ဖုန်းကို ဖန်ခွက်ထဲ ထည့်ထားဖို့ လိုပါမယ်။

Timer ပေးပြီးတော့ တခြားတစ်ယောက်ကို ဖန်ခွက်ကို ငြိမ်အောင်ကိုင်ခိုင်းထားပါ။

Ground 

ဖုန်းကို မြေကြီးပေါ်မှာ ထောင်ပြီး Timer ပေးရိုက်တာက ထူးခြားတဲ့ပုံလေးတွေကို ရရှိစေမှာပါ။ အောက်ကနေ ပင့်ရိုက်တဲ့ မြင်ကွင်းကလည်း တခြားသူတွေနဲ့မတူဘဲ ကွဲထွက်တဲ့ အသွင် ဖြစ်စေပါလိမ့်မယ်။