[Zawgyi]

ဘရြတ္ကလင္းမွာက်င္းပေနတဲ့ Apple ရဲ႕ “There’s more in the making”  ပြဲမွာေတာ့ Apple က သူ႔ရဲ႕ MacBook Air အသစ္ေလးေတြကို တရားဝင္မိတ္ဆက္ျပသလိုက္ပါျပီ။ ဒီ MacBook Air အသစ္ေတြရဲ႕ Feature ေလးေတြကို ေျပာရမယ္ဆိုရင္..

ဒီတစ္ေခါက္ MacBook Air အသစ္ေတြရဲ႕ Display အသစ္ေတြက Pixel အေရအတြက္ေပါင္း ၄သန္းေတာင္ရိွပါတယ္။ ဟိုအရင္ MacBook Air ေတြမွာေတြ႔ရတဲ့ ေငြရာင္ေဘးေဘာင္ကေတာ့ ဒီတစ္ေခါက္မွာ ေပ်ာက္သြားခဲ့ပါျပီ။ အနက္ေရာင္ Bezel ေတြျဖစ္သြားျပီး Bezel ေတြကလည္း အရင္ထက္ ၁ဝက္ေလာက္ကို ေသးသြားတာျဖစ္ပါတယ္။

MacBook Air အသစ္ေတြမွာ Apple ရဲ႕ T2 Security Chip ကို သံုးထားျပီး HD FaceTime Camera လည္း ပါဝင္ပါတယ္။ USB-C ေပါက္ ၂ေပါက္ ၊ နားၾကပ္ေပါက္ ၁ေပါက္အျပင္ ကီးဘုတ္မွာ Touch ID လည္းပါပါတယ္။ ကီးဘုတ္ကေတာ့ မေျပာင္းလဲဘဲနဲ႔ Hey Siri Feature ကိုလည္း ေထာက္ပံ့ေပးထားတာျဖစ္ပါတယ္။ MacBook Air မွာလည္း Mac User တို႔အသည္းစြဲ Force Touch TrackPad ကိုဆက္သံုးထားပါေသးတယ္။

Speaker ကေတာ့ စတီရီယိုစပီကာကိုမွ ၂၅% ေလာက္ပိုက်ယ္လာျပီး Bass သံလည္း ပိုမ်ားလာပါတတယ္။ Processor ကိုေတာ့ 8th-gen Intel  Core i5 Processor သားထားျပီး RAM 16GB, SSD Storage 1.5TB ထိေတာင္ ရႏုိင္ပါတယ္။ ဘက္ထရီအတြက္ကေတာ့ ဝဘ္ဆုိဒ္သံုးရင္ ၁၂နာရီေလာက္ ေတာက္ေလွ်ာက္ခံျပီး iTunes Movies  ေတြၾကည့္ရင္ေတာ့ ၁၃နာရီေလာက္ ခံတယ္လို႔ ဆိုထားပါတယ္။

အရင္ MacBook Air ထက္ သယ္ရပိုေပါ့ပါး ပါးလႊာျပီး MacBook Air Unibody ကိုေတာ့ ျပန္လည္အသံုးျပဳလို႔ရတဲ့ အလူမီနီယမ္ေတြကေန ရာႏႈန္းျပည့္ထုတ္လုပ္ဖန္တီးထားတာျဖစ္ပါတယ္။

ေစ်းႏႈန္းကေတာ့ RAM 8GB, 1.6GHz Core i5 Processor, 128GB SSD ဗားရွင္းကို $1199 နဲ႔ သူ႔ထက္ပိုျမင့္တဲ့ ဗားရွင္းေလးေတြကေတာ့ ေစ်းနည္းနည္းပိုၾကီးမွာပါ။ အေရာင္ေတြအေနနဲ႔ကေတာ့ Gray, Silver နဲ႔ Gold ဆိုျပီး ၃ေရာင္ ေရြးခ်ယ္လို႔ရပါတယ္။ဒီေန႔ကစျပီး Pre-Order လက္ခံေနျပီျဖစ္ျပီး ႏိုဝင္ဘာ ၇ရက္ေန႔က်ရင္ေတာ့ ရႏုိင္ေတာ့မွာျဖစ္ပါတယ္။

[Unicode]

ဘရွတ်ကလင်းမှာကျင်းပနေတဲ့ Apple ရဲ့ “There’s more in the making”  ပွဲမှာတော့ Apple က သူ့ရဲ့ MacBook Air အသစ်လေးတွေကို တရားဝင်မိတ်ဆက်ပြသလိုက်ပါပြီ။ ဒီ MacBook Air အသစ်တွေရဲ့ Feature လေးတွေကို ပြောရမယ်ဆိုရင်..

ဒီတစ်ခေါက် MacBook Air အသစ်တွေရဲ့ Display အသစ်တွေက Pixel အရေအတွက်ပေါင်း ၄သန်းတောင်ရှိပါတယ်။ ဟိုအရင် MacBook Air တွေမှာတွေ့ရတဲ့ ငွေရာင်ဘေးဘောင်ကတော့ ဒီတစ်ခေါက်မှာ ပျောက်သွားခဲ့ပါပြီ။ အနက်ရောင် Bezel တွေဖြစ်သွားပြီး Bezel တွေကလည်း အရင်ထက် ၁ဝက်လောက်ကို သေးသွားတာဖြစ်ပါတယ်။

MacBook Air အသစ်တွေမှာ Apple ရဲ့ T2 Security Chip ကို သုံးထားပြီး HD FaceTime Camera လည်း ပါဝင်ပါတယ်။ USB-C ပေါက် ၂ပေါက် ၊ နားကြပ်ပေါက် ၁ပေါက်အပြင် ကီးဘုတ်မှာ Touch ID လည်းပါပါတယ်။ ကီးဘုတ်ကတော့ မပြောင်းလဲဘဲနဲ့ Hey Siri Feature ကိုလည်း ထောက်ပံ့ပေးထားတာဖြစ်ပါတယ်။ MacBook Air မှာလည်း Mac User တို့အသည်းစွဲ Force Touch TrackPad ကိုဆက်သုံးထားပါသေးတယ်။

Speaker ကတော့ စတီရီယိုစပီကာကိုမှ ၂၅% လောက်ပိုကျယ်လာပြီး Bass သံလည်း ပိုများလာပါတတယ်။ Processor ကိုတော့ 8th-gen Intel  Core i5 Processor သားထားပြီး RAM 16GB, SSD Storage 1.5TB ထိတောင် ရနိုင်ပါတယ်။ ဘက်ထရီအတွက်ကတော့ ဝဘ်ဆိုဒ်သုံးရင် ၁၂နာရီလောက် တောက်လျှောက်ခံပြီး iTunes Movies  တွေကြည့်ရင်တော့ ၁၃နာရီလောက် ခံတယ်လို့ ဆိုထားပါတယ်။

အရင် MacBook Air ထက် သယ်ရပိုပေါ့ပါး ပါးလွှာပြီး MacBook Air Unibody ကိုတော့ ပြန်လည်အသုံးပြုလို့ရတဲ့ အလူမီနီယမ်တွေကနေ ရာနှုန်းပြည့်ထုတ်လုပ်ဖန်တီးထားတာဖြစ်ပါတယ်။

ဈေးနှုန်းကတော့ RAM 8GB, 1.6GHz Core i5 Processor, 128GB SSD ဗားရှင်းကို $1199 နဲ့ သူ့ထက်ပိုမြင့်တဲ့ ဗားရှင်းလေးတွေကတော့ ဈေးနည်းနည်းပိုကြီးမှာပါ။ အရောင်တွေအနေနဲ့ကတော့ Gray, Silver နဲ့ Gold ဆိုပြီး ၃ရောင် ရွေးချယ်လို့ရပါတယ်။ဒီနေ့ကစပြီး Pre-Order လက်ခံနေပြီဖြစ်ပြီး နိုဝင်ဘာ ၇ရက်နေ့ကျရင်တော့ ရနိုင်တော့မှာဖြစ်ပါတယ်။