Zawgyi

စမတ္ဖုန္း တစ္လုံးရဲ႕ အေရးႀကီးဆုံး အစိတ္အပိုင္းကို ေျပာပါဆိုရင္ “Processor (CPU+GPU)” ဆိုတာ အားလုံး သိၿပီးသား ျဖစ္ၾကမွာပါ။ ဒါ့ေပမယ့္ ယေန႔ေခတ္ အေနအထားနဲ႔ ေျပာရမယ္ဆိုရင္ေတာ့ ကင္မရာ ျဖစ္ေကာင္း ျဖစ္ပါလိမ့္မယ္။ စမတ္ဖုန္း အသစ္တစ္လုံးကို ဝယ္ယူေတာ့မယ့္ လူေတာ္ေတာ္မ်ားမ်ားက Processor ဘာသုံးထားလဲ ဆိုတာထက္ ကင္မရာ ဘယ္ေလာက္ေကာင္းလဲ၊ Megapixel ဘယ္ေလာက္ပါလဲ ဆိုတာကိုပဲ စိတ္ဝင္စားၾကတာပါ။ အလားတူ စမတ္ဖုန္း ထုတ္လုပ္တဲ့ ကုမၸဏီ အမ်ားစုကလည္း ကင္မရာ စြမ္းေဆာင္ရည္ကိုသာ အသားေပးၿပီး ေစ်းကြက္စီးပြားေရးကို ထိုးေဖာက္ၾကတာ ျဖစ္ပါတယ္။ မည္သို႔ပင္ ဆိုေစကာမူ Practically အရ အေရးပါဆုံး အစိတ္အပိုင္း ျဖစ္တဲ့ Processor ကိုေတာ့ မ်က္ႏွာလႊဲ ခဲပစ္ လုပ္ထားလို႔ မရပါဘူး။

Huawei အေနနဲ႔ သူတို႔ရဲ႕ ေနာက္ဆုံးထြက္ System-on-Chip (SoC) ျဖစ္တဲ့ Kirin 980 Processor ကို ၿပီးခဲ့တဲ့ ေသာၾကာေန႔က မိတ္ဆက္ေပးခဲ့တာပါ။ Kirin 980 Processor အတြက္ Huawei ရဲ႕ HiSilicon က ဒီဇိုင္းေရးဆြဲေပးထားတာ ျဖစ္ၿပီး Taiwan Semiconductor Manufacturer Company (TSMC) မွာ ထုတ္လုပ္ခဲ့တာ ျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ HiSilicon Kirin 980 Processor ဟာ ကမာၻ႔ ပထမဦးဆုံး ဆိုတဲ့ ေခါင္းစဥ္ေပါင္းမ်ားစြာနဲ႔ နည္းပညာေလာက အလယ္မွာ ဂုဏ္ယူဝင့္ႂကြားစြာ ပြဲထြက္လာႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

Kirin 980 Processor ဟာ ကမာၻ႔ ပထမဦးဆုံး 7nm (nanometre) Architecture နဲ႔ တည္ေဆာက္ထားတဲ့ SoC အမ်ိဴးအစားျဖစ္ၿပီး ARM ရဲ႕ Cortex-A76 CPU နဲ႔ Mali-G76 GPU ေတြကို ေပါင္းစပ္တည္ေဆာက္ထားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ 1.4Gbps အထိ ရရွိႏိုင္မယ့္ Cat.21 Smartphone Modem ကို တပ္ဆင္ေပးထားသလို 2133MHz ရွိတဲ့ LPDDR4X RAM ေတြ စိုက္ႏိုင္ဖို႔အတြက္လည္း ေထာက္ပံ့ေပးထားပါတယ္။ Kirin 980 ဟာ Cat.21 Smartphone Modem ကို တပ္ဆင္ေပးထားတဲ့ ကမာၻ႔ ပထမဦးဆုံး Processor ျဖစ္သလို LPDDR4X (2133MHz) RAM ေတြ စိုက္သြင္းႏိုင္ဖို႔အတြက္လည္း ပထဦးဆုံး ေထာက္ပံ့ေပးႏိုင္တဲ့ Processor ျဖစ္ပါတယ္။ ဒါ့အျပင္ Kirin 980 ရဲ႕ Wi-Fi Speed က 1732Mbps အထိ ရွိတဲ့အတြက္ “ကမာၻ႔ အျမန္ဆုံး စမတ္ဖုန္း Wi-Fi Speed” ဆိုတဲ့ ဂုဏ္ပုဒ္ကို ေလာေလာဆယ္မွာေတာ့ Huawei က သိမ္းပိုက္ထားႏိုင္မွာပါ။ Transistors စုစုေပါင္း ၆.၉ ဘီလီယံ (၆၉၀၀,၀၀၀,၀၀၀) အထိ ပါဝင္တဲ့ 1 Square centimetre အ႐ြယ္အစားရွိ Kirin 980 ဟာ သူရဲ႕ အရင္မ်ိဴးဆက္ ျဖစ္တဲ့ Kirin 970 (10 nanometre Architecture) ထက္ Performance အပိုင္းမွာ ၂၀% အထိ ပိုမိုေကာင္းမြန္လာၿပီး Power Consumption အပိုင္းမွာလည္း ၄၀% အထိ ေလ်ာ့ခ်ေပးႏိုင္တယ့္ Processor ျဖစ္ပါတယ္။

Kirin 980 Processor ရဲ႕ ကင္မရာ စြမ္းေဆာင္ရည္အပိုင္းကိုလည္း အဆင့္ျမႇင့္တင္မႈမ်ား ျပဳလုပ္ထားပါေသးတယ္။ ကင္မရာ စြမ္းေဆာင္ရည္ အပိုင္းအတြက္ Dual ISP လို႔ေခၚတဲ့ Image Signal Processor ေတြကို အသုံးျပဳထားတာေၾကာင့္ Kirin 970 နဲ႔ ယွဥ္မယ္ဆိုရင္ Kirin 980 ရဲ႕ ကင္မရာ စြမ္းေဆာင္ရည္က ၄၆% အထိ ပိုမိုျမန္ဆန္လာတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ဓာတ္ပုံ/ဗီဒီယို ႐ိုက္ကူးေနစဥ္အတြင္း Power Consumption ကို ၂၃% အထိ ေလ်ာ့ခ်ႏိုင္ၿပီး Latency လည္း ၃၃% အထိ တိုးတက္လာတယ္လို႔ ေျပာၾကားထားပါတယ္။ ဒါတင္ မကေသးပါဘူး။ Artificial Intelligence (A.I.) အပိုင္းကို ပိုမိုေကာင္းမြန္လာေစရန္ အလို႔ငွာ Dual NPU(Neural Processor Unit) ကို အသုံးျပဳထားတာေၾကာင့္ ဓာတ္ပုံေပါင္း ၄၅၀၀ ကို တစ္မိနစ္အတြင္း Recognize လုပ္ႏိုင္မွာ ျဖစ္ပါတယ္။ Qualcomm ရဲ႕ Snapdragon 845 Chip က ၂၃၇၁ ပုံကိုပဲ Recognize လုပ္ႏိုင္ၿပီး Apple ရဲ႕ A11 Chip ကေတာ့ ၁၄၅၈ ပုံကိုသာ Recognize လုပ္ႏိုင္ပါတယ္။ Apple အေနနဲ႔ လာမယ့္ စက္တင္ဘာလထဲမွာ မ်ိဴးဆက္သစ္ iPhone ေတြနဲ႔အတူ A12 Chip ကိုပါ မိတ္ဆက္သြားႏိုင္ၿပီး Qualcomm ကလည္း Snapdragon 855 ေတြကို မၾကာခင္မွာ ပြဲထုတ္လာႏိုင္ပါတယ္။ Samsung ကေတာ့ သူတို႔ရဲ႕ မ်ိဴးဆက္သစ္ Exynos Processor ေတြနဲ႔ ပတ္သတ္ၿပီး ခုခ်ိန္ထိ ေရငုံႏႈတ္ပိတ္ ေနဆဲပါ။ ဘာဘဲျဖစ္ျဖစ္ ၿပိဳင္ဘက္ Processor ေတြ ပြဲထြက္လာတဲ့အခ်ိန္မွာ Huawei ရဲ႕ Kirin 980 ဟာ စင္ေပၚမွာဘဲ ဆက္ကႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။

Ref: theverge, gadgets.ndtv,

Unicode

“ကမ္ဘာ့ ပထမဦးဆုံး”ဆိုတဲ့ ခေါင်းစဥ်ပေါင်းများစွာနဲ့ ပွဲထွက်ခဲ့တဲ့ Huawei ရဲ့ Kirin 980 Processor

စမတ်ဖုန်း တစ်လုံးရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းကို ပြောပါဆိုရင် “Processor (CPU+GPU)” ဆိုတာ အားလုံး သိပြီးသား ဖြစ်ကြမှာပါ။ ဒါ့ပေမယ့် ယနေ့ခေတ် အနေအထားနဲ့ ပြောရမယ်ဆိုရင်တော့ ကင်မရာ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ စမတ်ဖုန်း အသစ်တစ်လုံးကို ဝယ်ယူတော့မယ့် လူတော်တော်များများက Processor ဘာသုံးထားလဲ ဆိုတာထက် ကင်မရာ ဘယ်လောက်ကောင်းလဲ၊ Megapixel ဘယ်လောက်ပါလဲ ဆိုတာကိုပဲ စိတ်ဝင်စားကြတာပါ။ အလားတူ စမတ်ဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီ အများစုကလည်း ကင်မရာ စွမ်းဆောင်ရည်ကိုသာ အသားပေးပြီး စျေးကွက်စီးပွားရေးကို ထိုးဖောက်ကြတာ ဖြစ်ပါတယ်။ မည်သို့ပင် ဆိုစေကာမူ Practically အရ အရေးပါဆုံး အစိတ်အပိုင်း ဖြစ်တဲ့ Processor ကိုတော့ မျက်နှာလွှဲ ခဲပစ် လုပ်ထားလို့ မရပါဘူး။

Huawei အနေနဲ့ သူတို့ရဲ့ နောက်ဆုံးထွက် System-on-Chip (SoC) ဖြစ်တဲ့ Kirin 980 Processor ကို ပြီးခဲ့တဲ့ သောကြာနေ့က မိတ်ဆက်ပေးခဲ့တာပါ။ Kirin 980 Processor အတွက် Huawei ရဲ့ HiSilicon က ဒီဇိုင်းရေးဆွဲပေးထားတာ ဖြစ်ပြီး Taiwan Semiconductor Manufacturer Company (TSMC) မှာ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ HiSilicon Kirin 980 Processor ဟာ ကမ္ဘာ့ ပထမဦးဆုံး ဆိုတဲ့ ခေါင်းစဥ်ပေါင်းများစွာနဲ့ နည်းပညာလောက အလယ်မှာ ဂုဏ်ယူဝင့်ကြွားစွာ ပွဲထွက်လာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Kirin 980 Processor ဟာ ကမ္ဘာ့ ပထမဦးဆုံး 7nm (nanometre) Architecture နဲ့ တည်ဆောက်ထားတဲ့ SoC အမျိူးအစားဖြစ်ပြီး ARM ရဲ့ Cortex-A76 CPU နဲ့ Mali-G76 GPU တွေကို ပေါင်းစပ်တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် 1.4Gbps အထိ ရရှိနိုင်မယ့် Cat.21 Smartphone Modem ကို တပ်ဆင်ပေးထားသလို 2133MHz ရှိတဲ့ LPDDR4X RAM တွေ စိုက်နိုင်ဖို့အတွက်လည်း ထောက်ပံ့ပေးထားပါတယ်။ Kirin 980 ဟာ Cat.21 Smartphone Modem ကို တပ်ဆင်ပေးထားတဲ့ ကမ္ဘာ့ ပထမဦးဆုံး Processor ဖြစ်သလို LPDDR4X (2133MHz) RAM တွေ စိုက်သွင်းနိုင်ဖို့အတွက်လည်း ပထဦးဆုံး ထောက်ပံ့ပေးနိုင်တဲ့ Processor ဖြစ်ပါတယ်။ ဒါ့အပြင် Kirin 980 ရဲ့ Wi-Fi Speed က 1732Mbps အထိ ရှိတဲ့အတွက် “ကမ္ဘာ့ အမြန်ဆုံး စမတ်ဖုန်း Wi-Fi Speed” ဆိုတဲ့ ဂုဏ်ပုဒ်ကို လောလောဆယ်မှာတော့ Huawei က သိမ်းပိုက်ထားနိုင်မှာပါ။ Transistors စုစုပေါင်း ၆.၉ ဘီလီယံ (၆၉၀၀,၀၀၀,၀၀၀) အထိ ပါဝင်တဲ့ 1 Square centimetre အရွယ်အစားရှိ Kirin 980 ဟာ သူရဲ့ အရင်မျိူးဆက် ဖြစ်တဲ့ Kirin 970 (10 nanometre Architecture) ထက် Performance အပိုင်းမှာ ၂၀% အထိ ပိုမိုကောင်းမွန်လာပြီး Power Consumption အပိုင်းမှာလည်း ၄၀% အထိ လျော့ချပေးနိုင်တယ့် Processor ဖြစ်ပါတယ်။

Kirin 980 Processor ရဲ့ ကင်မရာ စွမ်းဆောင်ရည်အပိုင်းကိုလည်း အဆင့်မြှင့်တင်မှုများ ပြုလုပ်ထားပါသေးတယ်။ ကင်မရာ စွမ်းဆောင်ရည် အပိုင်းအတွက် Dual ISP လို့ခေါ်တဲ့ Image Signal Processor တွေကို အသုံးပြုထားတာကြောင့် Kirin 970 နဲ့ ယှဥ်မယ်ဆိုရင် Kirin 980 ရဲ့ ကင်မရာ စွမ်းဆောင်ရည်က ၄၆% အထိ ပိုမိုမြန်ဆန်လာတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဓာတ်ပုံ/ဗီဒီယို ရိုက်ကူးနေစဥ်အတွင်း Power Consumption ကို ၂၃% အထိ လျော့ချနိုင်ပြီး Latency လည်း ၃၃% အထိ တိုးတက်လာတယ်လို့ ပြောကြားထားပါတယ်။ ဒါတင် မကသေးပါဘူး။ Artificial Intelligence (A.I.) အပိုင်းကို ပိုမိုကောင်းမွန်လာစေရန် အလို့ငှာ Dual NPU(Neural Processor Unit) ကို အသုံးပြုထားတာကြောင့် ဓာတ်ပုံပေါင်း ၄၅၀၀ ကို တစ်မိနစ်အတွင်း Recognize လုပ်နိုင်မှာ ဖြစ်ပါတယ်။ Qualcomm ရဲ့ Snapdragon 845 Chip က ၂၃၇၁ ပုံကိုပဲ Recognize လုပ်နိုင်ပြီး Apple ရဲ့ A11 Chip ကတော့ ၁၄၅၈ ပုံကိုသာ Recognize လုပ်နိုင်ပါတယ်။ Apple အနေနဲ့ လာမယ့် စက်တင်ဘာလထဲမှာ မျိူးဆက်သစ် iPhone တွေနဲ့အတူ A12 Chip ကိုပါ မိတ်ဆက်သွားနိုင်ပြီး Qualcomm ကလည်း Snapdragon 855 တွေကို မကြာခင်မှာ ပွဲထုတ်လာနိုင်ပါတယ်။ Samsung ကတော့ သူတို့ရဲ့ မျိူးဆက်သစ် Exynos Processor တွေနဲ့ ပတ်သတ်ပြီး ခုချိန်ထိ ရေငုံနှုတ်ပိတ် နေဆဲပါ။ ဘာဘဲဖြစ်ဖြစ် ပြိုင်ဘက် Processor တွေ ပွဲထွက်လာတဲ့အချိန်မှာ Huawei ရဲ့ Kirin 980 ဟာ စင်ပေါ်မှာဘဲ ဆက်ကနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ref: theverge, gadgets.ndtv,