မြန်မာနိုင်ငံအသင်းမှ အနိုင်ရခဲ့သည့် ပွဲတိုင်းတွင် “Honor Man of the Match” (Honor ၏ အကောင်းဆုံးကစားသမား) အတွက် Honor 8X တစ်လုံးစီ ချီးမြင့်သွားမည် ဖြစ်သည်။

ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရက်၊ ၂၀၁၈ – Honor သည် AFF Suzuki Cup 2018 အတွက် Official Sponsor ပေးအပ်ထားသည့် စမတ်ဖုန်းအမှတ်တံဆိပ် ဖြစ်ပြီး ၁၂ ရက်နေ့ က AFF Suzuki Cup 2018 အုပ်စု (က) တွင် မြန်မာအသင်းမှ ကမ္ဘောဒီးယားအသင်းကို ၄ ဂိုး – ၁ ဂိုးဖြင့် အနိုင်ရခဲ့ခြင်းကို ဂုဏ်ပြုသည့်အနေဖြင့် လှိုင်ဘိုဘိုကို Honor 8X တစ်လုံး ဂုဏ်ပြုချီးမြှင့်ခဲ့ပါသည်။ ဤအမှတ်တံဆိပ်၏ ‘ရဲရင့်သူများအတွက်’ ဟူသော ဆောင်ပုဒ်နှင့်အညီ ပွဲစဉ်တစ်ခုစီတွင် တစ်ဦးချင်း သို့မဟုတ် အဖွဲ့လိုက် ပါဝင်အားထုတ်မှုများဖြင့် ထူးချွန်စွာ ကစားနိုင်ခဲ့သည့် ကစားသမားများကို “Honor Man of the Match Award” ချီးမြှင့်ပေးသွားမည် ဖြစ်ပါသည်။

 

ဤမိတ်ဖက်ဆောင်ရွက်မှုနှင့်အတူ Honor Myanmar Facebook စာမျက်နှာတွင် ‘ဂိုးရလဒ် ခန့်မှန်းပါ’ အစီအစဉ်ကို စတင်ခဲ့ပြီး မြန်မာနိုင်ငံအသင်းအပေါ် Honor အမှတ်တံဆိပ်၏ အားပေးမှုကို ပြသခဲ့ပါသည်။ လက်ရှိရောင်းအားကောင်းနေသည့် Honor 8X ကို မိတ်ဆက်ပေးခြင်းနှင့်အတူ ဤအစီအစဉ်အရ Honor Myanmar သည် နိုင်ငံကိုယ်စားပြုအသင်း အနိုင်ရရှိသည့် ပွဲတိုင်းတွင် အသင်းသား တစ်ဦးကိုရွေးချယ်၍ Honor 8X တစ်လုံး ချီးမြှင့်သွားမည် ဖြစ်ပါသည်။ ထို့ပြင် ပူးတွဲစပွန်စာနှင့် စမတ်ဖုန်း Brand ဖြစ်သည့် Honor သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်မှ ၂၀ ရက်အတွင်း မြန်မာအသင်း၏ အိမ်ကွင်းပွဲများတွင် ဂိုးရလဒ် မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သည့် ကံကောင်းသော မြန်မာ့ဘောလုံး ပရိတ်သတ် ခုနစ်ဦးအတွက် Honor 7S တစ်လုံးစီ ချီးမြင့်ပေးသွားမည် ဖြစ်ပါသည်။

Honor သည် ငယ်ရွယ်သူများနှင့် နှလုံးသားငယ်ရွယ်သူတို့အတွက် ထုတ်လုပ်ထားသည့် စမတ်ဖုန်း Brand တစ်ခု ဖြစ်သည်နှင့် အညီ AFF Suzuki Cup 2018 ကို စပွန်ဆာပေးခြင်းဖြင့် ဘောလုံးအားကစား နှစ်သက်သူ လူငယ်တို့၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးခဲ့သည်။ ဤမိတ်ဖက်လုပ်ဆောင်မှုသည် ဘောလုံးအားကစားကို ကြိုက်နှစ်သက်သည့် မျိုးဆက်သစ်လူငယ်များ ပါဝင်အားပေးနိုင်ရန် အတွက် ရည်ရွယ်ထားခြင်း ဖြစ်သည်။

Honor Myanmar ၏ ဥက္ကဌဖြစ်သူ Mr. Bai Jing မှ “ကျွန်ုပ်တို့သည် AFF Suzuki Cup နှင့် မိတ်ဖက်ဆောင်ရွက်ပြီး မြန်မာနိုင်ငံမှ မျိုးဆက်သစ် ဘောလုံးအားကစား ရူးသွပ်သူများကို သယ်ယူလာသည့် တရားဝင် စမတ်ဖုန်းအမှတ်တံဆိပ်တစ်ခု ဖြစ်ရသည့်အတွက် အလွန်စိတ်လှုပ်ရှားလျက် ရှိပါသည်။ ဤမိတ်ဖက်လုပ်ဆောင်မှုသည် ဘောလုံးဝါသနာရှင်များ၊ ကျွန်ုပ်တို့၏ ပရိသတ်များနှင့် မြန်မာနိုင်ငံမှ သုံးစွဲသူများကို ဘောလုံးပြိုင်ပွဲနှင့် ပိုမိုနီးစပ်စေပြီး ကျွန်ုပ်တို့ ဖုန်းများဖြင့် မည်သည့်အချိန်တွင်မဆို ဘောလုံးပြိုင်ပွဲများကို အလွယ်တကူ ကြည့်ရှုစေနိုင်မည် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် Honor Myanmar ကိုယ်စား နိုင်ငံအသင်းကို ဤပြိုင်ပွဲကြီးတွင် အောင်မြင်စေရန် ဆုတောင်းပေးလိုက်ပါသည်။ ကျွန်ုပ်တို့သည် မြန်မာအသင်းအတွက် အပြည့်အဝ အားပေးသွားမည် ဖြစ်ပြီး နိုဝင်ဘာ ၂၀ ရက်နေ့တွင် သုဝဏ္ဏ လူငယ်လေ့ကျင့်ရေးစင်တာတွင် ကိုယ်တိုင်လာရောက် အားပေးသွားမည် ဖြစ်ပါသည်” ဟု ပြောကြားခဲ့ပါသည်။

ပရိသတ်များနှင့်အတူ ဤပြိုင်ပွဲကြီးကို ဂုဏ်ပြုသည့်အနေဖြင့် Honor သည် Honor Myanmar Facebook စာမျက်နှာမှတစ်ဆင့် နိုင်ငံအဆင့်ပြိုင်ပွဲကြီးကို အားပေးထားသည့် ကံထူးသော ပရိသတ် လေးဦးအတွက် သီးသန့်လက်မှတ်ငါးဆောင် ချီးမြှင့်ပေးသွားမည် ဖြစ်ပါသည်။ ကံစမ်းပွဲတွင်ပါဝင်နိုင်ရန် အတွက် Honor Myanmar Facebook စာမျက်နှာပေါ်တွင် Facebook ပေါ်မှ သူငယ်ချင်း ၄ ယောက်ကို Tag လုပ်ကာ ညွှန်းဆိုထားသည့် အတိုင်း လုပ်ဆောင်ခြင်းဖြင့် ပါဝင်နိုင်ပါသည်။ အနိုင်ရရှိသူများကို Honor Myanmar Facebook post များတွင် တက်ကြွပါဝင်မှုနှင့် Comment များအပေါ် အခြေပြုပြီး Honor Myanmar Team မှ ရွေးချယ်ပေးသွားမည် ဖြစ်ပါသည်။

“ကျွန်ုပ်တို့ Honor တွင် လူတို့၏ ဘဝအဓိပ္ပာယ် တိုးပွားစေမည့် အမှတ်တရ မျှဝေခံစားမှုများကို ဖန်တီးခြင်းအပေါ် ယုံကြည်ထားပြီး AFF Suzuki Cup နှင့် မိတ်ဖက်လုပ်ဆောင်ခြင်းသည် ကျွန်ုပ်တို့ကို နိုင်ငံတစ်လွှားမှ စိတ်အားထက်သန်သော လူငယ် ဝါသနာရှင်များနှင့် ဆက်နွယ်မှုကို ပိုမိုအားကောင်းစေနိုင်ရန်အတွက် အကောင်းဆုံးသော အခွင့်အရေးတစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် မြန်မာနိုင်ငံ တစ်လွှားမှ ပရိသတ်များအတွက် စွမ်းဆောင်ရည်မြင့်ပြီး အထူးယုံကြည်နိုင်သည့် ထုတ်ကုန်များကို ပြသချီးမြှင့်နိုင်ရန် မျှော်လင့်လျက် ရှိပါသည်” ဟု Honor Myanmar ၏ ဥက္ကဌ Mr. Bai Jing မှ ဆိုပါသည်။

မကြာသေးမီမှ မိတ်ဆက်ထားသော Honor 8X ကို ရေပန်းစားနေသည့် အမဲနှင့် အပြာရောင်များဖြင့် Honor Showroom များတွင် ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။ လူသိများသည့် Flagship ဖန်ရှင်များပါဝင်သည့် Honor 8X ဖုန်းကို 4GB + 128GB ROM အတွက် မြန်မာကျပ်ငွေ ၃၅၉,၀၀၀ ကျပ်ကျသင့်မည် ဖြစ်ပြီး 6GB + 128GB ROM အတွက် ၃၉၉,၀၀၀ ကျပ်ကျသင့်မည် ဖြစ်သည်။