Honor စမတ်ဖုန်းများအတွက် ခင်ဝင့်ဝါကို Honor Myanmar ၏ အမှတ်တံဆိပ် ကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားပါသည်

ရန်ကုန်၊ မြန်မာ၊ ၂၀၁၈၊ နိုဝင်ဘာ၊ ၁၂ ရက် – ကမ္ဘာ့ဈေးကွက်တွင် ဦးဆောင်နေသော စမတ်ဖုန်း e-brand ဖြစ်သည့် Honor သည် မကြာသေးမီကပင် Melia Hotel ၌ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်တွင် Honor 8X ကို မိတ်ဆက်ပေးပြီးနောက် ခင်ဝင့်ဝါကို မြန်မာနိုင်ငံအတွက် အမှတ်တံဆိပ် ကိုယ်စားလှယ်အဖြစ် ခန့်အပ်ပေးခဲ့ပါသည်။ ခင်ဝင့်ဝါသည် အသက် ၂၄ နှစ်အရွယ် သရုပ်ဆောင်နှင့် အလှမယ်ဖြစ်ပြီး အလှမယ်ပြိုင်ပွဲများတွင် ဆု ၄ ဆုနှင့် Miss Supranational 2013 တွင် အကြိုဗိုလ်လုပွဲအထိ ရောက်ရှိခဲ့ပါသည်။ ခင်ဝင့်ဝါသည် Honor 8X ကို ပထမဆုံး မိတ်ဆက်ပေးသည့်ပွဲတွင် သူမ၏ အတွေ့အကြုံတို့ကို မျှဝေပေးခဲ့ပါသည်။

“ကျွန်မသည် ဤခရီးစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ရပြီး Honor Myanmar ၏ အမှတ်တံဆိပ် ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရသည့်အတွက် အလွန်ဂုဏ်ယူဝမ်းမြောက်ရပါသည်။ ကျွန်မကဲ့သို့ အချိန်ပြည့် အလုပ်လုပ်နေရသည့် မော်ဒယ်နှင့် သရုပ်ဆောင်တစ်ဦးအတွက် Honor 8X ၏ “ကန့်သတ်ချက်များအလွန်” ဟူသော အသွင်ပြောင်းလဲစေသည့် ရဲရင့်သော ဆောင်ပုဒ်အတွက် အလွန်ပင် စိတ်ကျေနပ်ရပါသည်။ ကျွန်မ၏ အောင်မြင်မှုများကို မျက်ခြေမပြတ် စောင့်ကြည့်ခဲ့သူများအနေဖြင့် ကျွန်မသည် သရုပ်ဆောင်တစ်ဦးအနေဖြင့် ဖြစ်စေ၊ Supranational မော်ဒယ်အဖြစ် ဖြစ်စေ အကန့်အသတ်များကို အမြဲတမ်းစိန်ခေါ်လျက်ရှိကြောင်းကို သိနိုင်မည်ဖြစ်ပါသည်။ ဤဆောင်ပုဒ်သည် ကျွန်မအနေဖြင့် မည်မျှတိုးတက်လာခဲ့ကြောင်းကို ပြန်လည်သတိရစေခဲ့ပြီး မြန်မာနိုင်ငံသူ၊ နိုင်ငံသားတို့ကို အကန့်အသတ်များမှ ကျော်လွန်စေ၍ လက်ရှိအခြေအနေထက် ပိုမိုတိုးတက်စေနိုင်ရန်အတွက် ဤလှုပ်ရှားမှုကို ပျော်ရွှင်စွာပင် စတင်လိုပါသည်” ဟု ခင်ဝင့်ဝါမှ ဆိုပါသည်။

နိုင်ငံတကာတွင် စမတ်ဖုန်းထုတ်သည့် ကုမ္ပဏီဖြစ်သော Honor သည် ဒေသအတွင်း ယခုနှစ် ဇန်နဝါရီမှ စတင်ပြီး ၃၀၀% တိုးတက်လာခဲ့သော တိုးတက်မှုအမြန်ဆုံး စမတ်ဖုန်းများဖြစ်သည့် Honor စမတ်ဖုန်းများအတွက် ကိုယ်စားလှယ်အဖြစ် လုပ်ဆောင်ပေးရန် 2013 Miss Supranational ဖြစ်သူ ခင်ဝင့်ဝါနှင့် ရေရှည်သတောတူညီချက် ရယူခဲ့ပါသည်။ ထိုတိုးတက်မှုနှုန်းမှာလည်း အရည်အသွေး ထိခိုက်မှုမရှိဘဲ ပိုမိုခိုင်ခံ့သည့် Honor 8X ကို မိတ်ဆက်ရောင်းချပြီးနောက်တွင် ပိုမိုတိုးတက်လာမည်ဟု မျှော်မှန်းထားပါသည်။

“Honor စမတ်ဖုန်းများကို ခင်ဝင့်ဝါကဲ့သို့ ငယ်ရွယ်၍ နှလုံးသား နုနယ်ပြီး ၎င်းတို့၏ ရပ်ရွာအတွက်အတွက် အပြောင်းအလဲများ ပြုလုပ်နိုင်ရန် ရည်ရွယ်၍ ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံတစ်လွှားမှ လူငယ်များကို စိတ်ခေါ်မှုများအား ရင်ဆိုင်ရန်နှင့် ၎င်းတို့၏ ကိုယ်ပိုင်အမှတ်အသားတစ်ခု ချိန်ထားရန်အတွက် စိတ်ဓါတ်တက်ကြွစေလျက်ရှိသည့် အောင်မြင်သော လူငယ်မော်ဒယ် ခင်ဝင့်ဝါနှင့် ပူးတွဲလုပ်ဆောင်လျက်ရှိကြောင်း ကြေငြာလိုက်ပါသည်။ Honor သည် နိုင်ငံတစ်လွှားမှ Honor ၏ မူဝါဒကို မျှဝေခံစားသူ လူငယ်များနှင့် အရည်အချင်း ပြည့်ဝသူများနှင့် ဆက်လက်ဆက်နွယ်သွားမည် ဖြစ်ပြီး ဤပူးတွဲလုပ်ဆောင်မှုသည် ထိုသို့ ဆက်နွယ်ဆောင်ရွက်ရန်အတွက် ခြေလှမ်းတစ်ခုပင်ဖြစ်ပါသည်။ Honor အမှတ်တံဆိပ်ကို ပြည့်စုံသာလွန်သော အတွေ့အကြုံများသာမက လှုပ်ရှားမှုများကို လှုံ့ဆော်ပေးရန်၊ ဖန်တီးတီထွင်မှု တိုးမြှင့်မွေးမြူပေးရန်နှင့် လူငယ်များ၏ အိမ်မက်များကို ဖြည့်ဆည်းနိုင်ရန် လုပ်ဆောင်ပေးခြင်းဖြင့် မျိုးဆက်သစ် လူငယ်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် ဦးတည်ဖန်တီးခဲ့ခြင်း ဖြစ်ပါသည်” ဟု Honor Myanmar ၏ ဥက္ကဌ Mr. Bai Jing မှ ဆိုပါသည်။

ပရိသတ်များအနေဖြင့် Honor 8X မိတ်ဆက်ပွဲတွင် ကိုယ်စားလှယ်ခန့်အပ်ခြင်းကို “တိုက်ရိုက်” ရိုက်ကူးမှုများအား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ၊ ၅ ရက်နေ့တွင် Honor Myanmar ၏ တရားဝင် Facebook စာမျက်နှာတွင် ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။

ဤပူးတွဲလုပ်ဆောင်မှုနှင့် ပတ်သတ်ပြီး ခင်ဝင့်ဝါမှ “Honor အမှတ်တံဆိပ်နှင့် ဆက်နွယ်ခံရသည့်အတွက် အလွန်ပျော်ရွှင်ရပြီး ‘ရဲရင့်သူတို့အတွက်’ ဟူသော Honor ၏ မူဝါဒကို ဆက်လက်မျှဝေပေးနိုင်သည့်အတွက် ဂုဏ်ယူရပါသည်။ ရဲရင့်နိုင်ရန်အတွက် အားစိုက်ထုတ်မှု၊ သတ္တိနှင့် အာရုံစူးစိုက်မှု အများအပြား လိုအပ်ပြီး ဖြစ်နိုင်စွမ်းများကို ပြန်လည်အဓိပ္ပါယ်ဖွင့်ဆိုနိုင်သည့် အားသာချက်ကိုလည်း ပေးစွမ်းမည်ဖြစ်သည်။ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတစ်ခုတွင် ပထမဆုံးအနေဖြင့် အကြိုဗိုလ်လုပွဲသို့ ရောက်ရှိခဲ့သည့် ပထမဆုံး မြန်မာ့အလှမယ်အနေဖြင့် နိုင်ငံကို ကိုယ်စားပြုနိုင်ခဲ့ခြင်းမှာ ကျွန်မဘဝတွင် ဂုဏ်အယူရဆုံး အချိန်တစ်ခု ဖြစ်ပါသည်။ ထိုပြိုင်ပွဲပြီးနောက်တွင် ကျွန်မလုပ်နိုင်သည့် ပမာဏထက် ပိုမိုကျော်လွန်နိုင်ရန် ကြိုးစားခြင်းသည် ကျွန်မ၏ ကိုယ်ပိုင်ဦးတည်ချက် ဖြစ်လာခဲ့ပါသည်။ ရဲရင့်မှုသည် အခက်အခဲနှင့် အတားအဆီးများကို ကျော်လွှားနိုင်ရန်အတွက် ကူညီပေးခဲ့ပါသည်” ဟု ဆိုပါသည်။

မကြာသေးမီက မိတ်ဆက်ပေးခဲ့သော ဈေးကွက်ဦးဆောင် စွမ်းရည်မြင့်သော ဈေးနှုန်းသက်သာသည့် စမတ်ဖုန်းဖြစ်သော 8X သည် အခြားဈေးကွက်ဦးဆောင် စမတ်ဖုန်းများထက် သာလွန်သည့် တန်ဖိုးတို့ဖြင့် အဆင့်အတန်းတစ်ခုကို မြှင့်တင်ပေးခဲ့ပါသည်။ ၎င်း၏ နောက်ဆုံးပေါ် နည်းပညာ၊ ကြီးမားသော မှန်သားပြင်၊ ထူးခြားသောဒီဇိုင်း၊ လုပ်ဆောင်ချက် အပြည့်အစုံ ပါဝင်သော 8X ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ၊ ၁၀ ရက်နေ့မှ စတင်ပြီး ရောင်းချပေးသွားမည် ဖြစ်ပါသည်။

Honor သည် ၎င်း၏ ပိုမိုကောင်းမွန်သော အရည်အသွေး၊ ID၊ ဒီဇိုင်းမူဝါဒနှင့် အရေးအကြီးဆုံးသော ဆန်းသစ်တီထွင်မှုတို့ကြောင့် လူသိများလျက် ရှိပါသည်။ ၎င်း၏ခိုင်မာသော နယ်မြေတွင်းမဟာဗျူဟာနှင့်အတူ Honor သည် အထူးသဖြင့် ၎င်း၏လက်တလော မိတ်ဆက်ပေးခဲ့သော Honor 8X ဖြင့် အကောင်းဆုံးသော အဆင့်မြင့် နည်းပညာတို့ကို ဈေးကွက်တွင်း သက်သာသော ဈေးနှုန်းတို့ဖြင့် ထုတ်လုပ်ရောင်းချခြင်းဖြင့် မြန်မာနိုင်ငံ ဈေးကွက်အတွင်း အကောင်းဆုံးသော စမတ်ဖုန်းတစ်ခုကို ဖန်တီးနိုင်ရန် ဦးတည်လျက် ရှိပါသည်။