Zawgyi

အခုဆိုရင္ Honor Magic 2 ကို ထင္ထင္ရွားရွား ျမင္ေတြ႕ရဖို႔အတြက္ တစ္ရက္သာ လိုပါေတာ့တယ္။ Magic 2 ကို ေအာက္တိုဘာလ ၃၁ရက္ေန႔မွာ တရားဝင္ မိတ္ဆက္သြားမယ္ ဆိုေပမယ့္ Magic 2 ရဲ႕ စြမ္းေဆာင္ရည္ ရလဒ္ေတြကေတာ့ AnTuTu ဝက္ဆိုက္ေပၚကို ေရာက္ရွိလို႔ေနပါၿပီ။ အလားတူ Geekbench မွာလည္း Magic 2 ရဲ႕ ရမွတ္မ်ား ထြက္ေပၚထားပါေသးတယ္။

AnTuTu ဝက္ဆိုက္ေပၚက အခ်က္အလက္ေတြအရ Honor Magic 2 ရဲ႕ Operating System အပိုင္းအတြက္ Android 9.0 Pie ကို အသုံးျပဳထားတာ ေတြ႕ရပါတယ္။ CPU အပိုင္းအတြက္ Huawei ရဲ႕ HiSilicon Kirin 980 SoC ကို အသုံးျပဳထားၿပီး Mali-G76 MP10 GPU ပါဝင္မွာ ျဖစ္ပါတယ္။ AnTuTu ဝက္ဆိုက္ေပၚကို ေရာက္ရွိခဲ့တဲ့ Magic 2 က RAM 8GB/ Storage 128GB ေမာ္ဒယ္ျဖစ္ၿပီး RAM 6GB ေမာ္ဒယ္ကိုလည္း ထုတ္လုပ္ထားႏိုင္တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ Screen Resolution က 1080 x 2340 pixels ရွိႏိုင္ၿပီး Display အ႐ြယ္အစားကိုေတာ့ အတိအက် မသိရေသးပါဘူး။ Honor Magic 2 ဟာ AnTuTu မွာ 248368 ရရွိထားတာေၾကာင့္ အဆိုပါ ရလဒ္ဟာ Kirin 980 ရဲ႕ အစြမ္းျဖစ္ႏိုင္ေၾကာင္းကိုလည္း တခ်ိဴ႕ေသာ ကြၽမ္းက်င္ပညာရွင္မ်ားက သုံးသပ္ထားၾကပါတယ္။

Honor အေနနဲ႔ Magic 2 မိတ္ဆက္ပြဲမွာ Magic 2 အျပင္ Honor Watch, Honor FlyPods နဲ႔ Honor WaterPlay 8 Tablet ေတြကိုပါ မိတ္ဆက္သြားမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Honor နဲ႔ DJI Drone တို႔ ပူးေပါင္းထားတဲ့ အစီအစဥ္ တစ္ခုလည္း ရွိေသးတာေၾကာင့္ ဖုန္းနဲ႔ ဒ႐ုန္း ဘယ္လိုပူးေပါင္းလုပ္ေဆာင္မလဲ ဆိုတာကေတာ့ ေတာ္ေတာ္ေလး စိတ္ဝင္စားစရာ ေကာင္းေနပါတယ္။

Ref: gsmarena

Unicode

AnTuTu ဝက်ဆိုက်ပေါ်ကို ရောက်ရှိလာတဲ့ Honor Magic 2

အခုဆိုရင် Honor Magic 2 ကို ထင်ထင်ရှားရှား မြင်တွေ့ရဖို့အတွက် တစ်ရက်သာ လိုပါတော့တယ်။ Magic 2 ကို အောက်တိုဘာလ ၃၁ရက်နေ့မှာ တရားဝင် မိတ်ဆက်သွားမယ် ဆိုပေမယ့် Magic 2 ရဲ့ စွမ်းဆောင်ရည် ရလဒ်တွေကတော့ AnTuTu ဝက်ဆိုက်ပေါ်ကို ရောက်ရှိလို့နေပါပြီ။ အလားတူ Geekbench မှာလည်း Magic 2 ရဲ့ ရမှတ်များ ထွက်ပေါ်ထားပါသေးတယ်။

AnTuTu ဝက်ဆိုက်ပေါ်က အချက်အလက်တွေအရ Honor Magic 2 ရဲ့ Operating System အပိုင်းအတွက် Android 9.0 Pie ကို အသုံးပြုထားတာ တွေ့ရပါတယ်။ CPU အပိုင်းအတွက် Huawei ရဲ့ HiSilicon Kirin 980 SoC ကို အသုံးပြုထားပြီး Mali-G76 MP10 GPU ပါဝင်မှာ ဖြစ်ပါတယ်။ AnTuTu ဝက်ဆိုက်ပေါ်ကို ရောက်ရှိခဲ့တဲ့ Magic 2 က RAM 8GB/ Storage 128GB မော်ဒယ်ဖြစ်ပြီး RAM 6GB မော်ဒယ်ကိုလည်း ထုတ်လုပ်ထားနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Screen Resolution က 1080 x 2340 pixels ရှိနိုင်ပြီး Display အရွယ်အစားကိုတော့ အတိအကျ မသိရသေးပါဘူး။ Honor Magic 2 ဟာ AnTuTu မှာ 248368 ရရှိထားတာကြောင့် အဆိုပါ ရလဒ်ဟာ Kirin 980 ရဲ့ အစွမ်းဖြစ်နိုင်ကြောင်းကိုလည်း တချိူ့သော ကျွမ်းကျင်ပညာရှင်များက သုံးသပ်ထားကြပါတယ်။

Honor အနေနဲ့ Magic 2 မိတ်ဆက်ပွဲမှာ Magic 2 အပြင် Honor Watch, Honor FlyPods နဲ့ Honor WaterPlay 8 Tablet တွေကိုပါ မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Honor နဲ့ DJI Drone တို့ ပူးပေါင်းထားတဲ့ အစီအစဥ် တစ်ခုလည်း ရှိသေးတာကြောင့် ဖုန်းနဲ့ ဒရုန်း ဘယ်လိုပူးပေါင်းလုပ်ဆောင်မလဲ ဆိုတာကတော့ တော်တော်လေး စိတ်ဝင်စားစရာ ကောင်းနေပါတယ်။

Ref: gsmarena