Zawgyi

HTC အေနနဲ႔ U12 Life ကို IFA 2018 မွာ တရားဝင္ မိတ္ဆက္ေပးလိုက္ၿပီ ျဖစ္ပါတယ္။ IFA (Internationale Funkausstellung Berlin, International radio exhibition Berlin) ဆိုတာ ဂ်ာမနီႏိုင္ငံ ဘာလင္ၿမိဳ႕မွာ က်င္းပေနတဲ့ စက္မႈလုပ္ငန္းဆိုင္ရာ နည္းပညာ ျပပြဲႀကီး ျဖစ္ပါတယ္။ အဆိုပါ နည္းပညာ ျပပြဲႀကီးကို ဒီေန႔ ၾသဂုတ္လ ၃၁ရက္ေန႔ ကေန စတင္ၿပီး စက္တင္ဘာလ ၅ရက္ေန႔အထိ စည္ကား သိုက္ၿမိဳက္စြာ က်င္းပသြားမွာ ျဖစ္ပါတယ္။

Feierliche Eröffnung der VII. grossen Funk-Ausstellung am Kaiserdamm in Berlin. Prof. Einstein besichtigt Radioapparate.

အထက္ပါပုံကေတာ့ IFA 1930 ျပပြဲမွာ ျမင္ေတြ႕ခဲ့ရတဲ့ ပေရာ္ဖက္ဆာ အိုင္းစတိုင္း ရဲ႕ပုံပါ။

HTC U21 Life ရဲ႕ Operating System အပိုင္းအတြက္ Android 8.1 Oreo ကို ထည့္သြင္းေပးထားပါတယ္။ ၆လက္မ မ်က္ႏွာျပင္ အက်ယ္ရွိ FHD+ Display ကို အသုံးျပဳထားၿပီး Resolution ကေတာ့ 1080 x 2160 pixels ရွိပါတယ္။ Processor အပိုင္းအတြက္ Snapdragon 636 SoC ကို အသုံးျပဳထားၿပီး RAM အေနနဲ႔ 4GB ပါဝင္မွာပါ။ Memory Storage ကိုေတာ့ 64GB ထည့္သြင္းေပးထားမွာ ျဖစ္ၿပီး MicrosSD Card လည္း ထပ္စိုက္ႏိုင္မွာ ျဖစ္ပါတယ္။

ေနာက္ေက်ာဘက္ ကင္မရာ အပိုင္းအတြက္ 16MP+5MP Dual Camera ကို တပ္ဆင္းေပးထားၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ Aperture f/2.0 ရွိတဲ့ 13MP Camera ကို တပ္ဆင္ေပးထားပါတယ္။ ဘက္ထရီ သိုေလွာင္မႈ ပမာဏကို 3600mAh အထိ ထည့္သြင္းေပးထားေပမယ့္ အျမန္အားသြင္းစနစ္ေတာ့ ပါဝင္မွာ မဟုတ္ပါဘူး။ Security အပိုင္းအတြက္ Fingerprint Sensor ကို ေနာက္ေက်ာဘက္မွာ တပ္ဆင္ေပးထားပါတယ္။ အေလးခ်ိန္ကေတာ့ ၁၇၅ ဂရမ္ ရွိပါတယ္။

HTC U12 Life ကို အေရာင္ေတြ အေနနဲ႔ Twilight Purple, Moonlight Blue ဆိုၿပီး အေရာင္ ၂မ်ိဴး ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာပါ။ U12 Life ကို ဥေရာပမွာ စတင္ေရာင္းခ်သြားမယ့္ ေစ်းႏႈန္းကေတာ့ ၿဗိတိန္ေပါင္ ၃၀၀ (ျမန္မာေငြ ၆သိန္း ဝန္းက်င္) ျဖစ္ပါတယ္။ အာရွ နဲ႔ အေရွ႕အလယ္ပိုင္း ေစ်းကြက္ေတြကို စက္တင္ဘာလကုန္ေလာက္မွာ ျဖန္႔ခ်ီေရာင္းခ်သြားႏိုင္ဖြယ္ရွိၿပီး ေစ်းႏႈန္းကိုေတာ့ ထုတ္ျပန္ေၾကျငာသြားျခင္း မရွိပါဘူး။


Ref:gadgets.ndtv

Unicode

U12 Life ကို IFA 2018 မှာ တရားဝင် မိတ်ဆက်ပေးလိုက်တဲ့ HTC

HTC အနေနဲ့ U12 Life ကို IFA 2018 မှာ တရားဝင် မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ IFA (Internationale Funkausstellung Berlin, International radio exhibition Berlin) ဆိုတာ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ကျင်းပနေတဲ့ စက်မှုလုပ်ငန်းဆိုင်ရာ နည်းပညာ ပြပွဲကြီး ဖြစ်ပါတယ်။ အဆိုပါ နည်းပညာ ပြပွဲကြီးကို ဒီနေ့ သြဂုတ်လ ၃၁ရက်နေ့ ကနေ စတင်ပြီး စက်တင်ဘာလ ၅ရက်နေ့အထိ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Feierliche Eröffnung der VII. grossen Funk-Ausstellung am Kaiserdamm in Berlin. Prof. Einstein besichtigt Radioapparate.

အထက်ပါပုံကတော့ IFA 1930 ပြပွဲမှာ မြင်တွေ့ခဲ့ရတဲ့ ပရော်ဖက်ဆာ အိုင်းစတိုင်း ရဲ့ပုံပါ။

HTC U21 Life ရဲ့ Operating System အပိုင်းအတွက် Android 8.1 Oreo ကို ထည့်သွင်းပေးထားပါတယ်။ ၆လက်မ မျက်နှာပြင် အကျယ်ရှိ FHD+ Display ကို အသုံးပြုထားပြီး Resolution ကတော့ 1080 x 2160 pixels ရှိပါတယ်။ Processor အပိုင်းအတွက် Snapdragon 636 SoC ကို အသုံးပြုထားပြီး RAM အနေနဲ့ 4GB ပါဝင်မှာပါ။ Memory Storage ကိုတော့ 64GB ထည့်သွင်းပေးထားမှာ ဖြစ်ပြီး MicrosSD Card လည်း ထပ်စိုက်နိုင်မှာ ဖြစ်ပါတယ်။

နောက်ကျောဘက် ကင်မရာ အပိုင်းအတွက် 16MP+5MP Dual Camera ကို တပ်ဆင်းပေးထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ Aperture f/2.0 ရှိတဲ့ 13MP Camera ကို တပ်ဆင်ပေးထားပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏကို 3600mAh အထိ ထည့်သွင်းပေးထားပေမယ့် အမြန်အားသွင်းစနစ်တော့ ပါဝင်မှာ မဟုတ်ပါဘူး။ Security အပိုင်းအတွက် Fingerprint Sensor ကို နောက်ကျောဘက်မှာ တပ်ဆင်ပေးထားပါတယ်။ အလေးချိန်ကတော့ ၁၇၅ ဂရမ် ရှိပါတယ်။

HTC U12 Life ကို အရောင်တွေ အနေနဲ့ Twilight Purple, Moonlight Blue ဆိုပြီး အရောင် ၂မျိူး ရွေးချယ်ဝယ်ယူနိုင်မှာပါ။ U12 Life ကို ဥရောပမှာ စတင်ရောင်းချသွားမယ့် စျေးနှုန်းကတော့ ဗြိတိန်ပေါင် ၃၀၀ (မြန်မာငွေ ၆သိန်း ဝန်းကျင်) ဖြစ်ပါတယ်။ အာရှ နဲ့ အရှေ့အလယ်ပိုင်း စျေးကွက်တွေကို စက်တင်ဘာလကုန်လောက်မှာ ဖြန့်ချီရောင်းချသွားနိုင်ဖွယ်ရှိပြီး စျေးနှုန်းကိုတော့ ထုတ်ပြန်ကြေငြာသွားခြင်း မရှိပါဘူး။


Ref:gadgets.ndtv