OS တစ်ခုမှာ Universal Search တစ်ခုက မပါမဖြစ် Feature တစ်ခုလို့ပြောရမှာပါ။ Microsoft Windows ၊ Apple macOS တွေမှာ Systemwide Search လုပ်လို့ရတဲ့ Feature တွေပါနေတာကြာပါပြီ။

Google ရဲ့ Laptop ဈေးကွက်ကြားထဲကို တိုးဖို့ရည်ရွယ်ထားတဲ့ Chromebook တွေမှာ သုံးထားတဲ့ Chrome OS တွေက ကွန်ပျူတာတစ်လုံးကို သုံးနေရတဲ့အတွေ့အကြုံမျိုးပေးနိုင်ဖို့ အရေးကြီးပါတယ်။ အခု Google ကထည့်ပေးလိုက်တဲ့ Feature အသစ်ကြောင့် Search ကနေ Chrome OS ရဲ့ Setting ထဲက Menu တွေအထိကို ရှာလို့ရလာနိုင်ပါပြီ။

Setting ထဲကိုတစ်ကူးတစ်က ဝင်နေစရာမလိုပဲ အပြင်ကနေပဲ ကိုယ်လိုချင်တဲ့ Setting Menu ကိုအလွယ်တစ်ကူ ရှာလိုက်ရုံပါပဲ။ ကွန်ပျူတာတစ်လုံနဲ့ပိုနီးစပ်လာတဲ့ Feature ဖြစ်လို့ Chrome OS User တွေအတွက်တော့ တော်တော်လေးကောင်းတဲ့ Feature Update တစ်ခုဖြစ်သွားပါတယ်။

အခု Search Feature ကိုတော့ Chrome OS Canary Version မှာတွေ့လာရတာဖြစ်ပြီး နောက်ပိုင်းမှာ Chrome OS Version အားလုံမှာ ရလာနိုင်မှာဖြစ်ပါတယ်။ Google ကတော့ Chrome OS ကိုအမြဲလိုလို Feature အသစ်တွေထပ်ထည့်နေတာကြောင့် နောက်ပိုင်းမှာ Chromebook တွေက အချို့ နေရာတွေမှာ Laptop တွေကို အစားထိုးလာနိုင်မယ်လို့ ယူဆရပါတယ်။