Samsung Galaxy S8 မှာ မျက်လုံး သူငယ်အိမ် စစ်ဆေးတဲ့ စနစ်

Samsung Galaxy S8 မှာ မျက်လုံး သူငယ်အိမ် စစ်ဆေးတဲ့ စနစ်ပါဝင်ပြီး ဖုန်းကို Unlock လုပ်ဖို့နဲ့ အရေးကြီး ဖိုင်တွေကို ၀င်ရာမှာ အသုံးပြုနိုင်ပါတယ်။

Samsung ကတော့ လက်ပွေရာ စစ်ဆေးတဲ့ စနစ်ထက်ပိုပြီး လုံခြုံရေး စိတ်ချရတယ်လို့ ပြောပါတယ်။ iPhone မှာတော့ လက်ပွေရာ စစ်ဆေးတဲ့ စနစ်ဘဲ ပါဝင်ပါတယ်။

Facial Recognition Feature

မျက်နှာကို Selfie ရိုက်သလိုမျိုး ဖုန်းနဲ့ ချိန်ပြီး Facial Recognition စနစ်ဖြင့် ဖုန်းကို အလွယ်တကူ Unlock လုပ်နိုင်ပါတယ်။

ဒီစနစ်က လက်ပွေရာ နဲ့ ဖုန်းဖွင့်တာမျိုး၊ မျက်လုံး သူငယ်အိမ်ကို စစ်ဆေးပြီး ဖုန်းဖွင့်တာမျိုးထက် ပိုပြီး မြန်ဆန်ပါတယ်။

ဖုန်း စခရင် (Screen) ပိုကျယ်ခြင်း

S8 မှာက ဖုန်းစခရင် (Screen) က ၅.၈ လက်မ ရှိပြီး S8+ မှာဆိုရင် 6.2 လက်မ ရှိပါတယ်။ iPhone မှာ ဆိုင်ရင် 4.7 လက်မ ရှိပြီး iPhone Plus မှာဆိုရင် 5.5 လက်မ ရှိပါတယ်။

Galaxy S8 ကို Wireless charging pad ဖြင့် အားသွင်းနိုင်ခြင်း

Samsung Galaxy S8 ကို Wireless Charging Pad ဖြင့် အားသွင်းပါက နဂိုမူလအတိုင်းအားသွင်းတာထက် ပိုပြီး မြန်မြန်ဆန်ဆန် အားပြည့်ပါတယ်။ iPhone မှာတော့ Wireless Charging မပါဝင်ပါဘူး။

Galaxy S8 မှာ နားကျပ်အပေါက် ပါဝင်ခြင်း

iPhone 7 ရဲ့ ထူးခြားချက်အနေနဲ့ စမတ်ဖုန်းမှာ နားကျပ်ပေါက် မပါဝင်တော့ပါဘူး။ ဒါပေမယ့် နားကျပ် ကို ဖုန်းနဲ့ ချိတ်ပြီး နားထောင်ချင်ရင်တော့ အားသွင်းတဲ့အပေါက်ကနေ တစ်ဆင့်ခံ ထိုးရတဲ့ Dongle နဲ့ ထိုးပြီး နားထောင်လို့ရပါတယ်။

Samsung Pay က စမတ်ဖုန်းထဲမှာဘဲ အလွယ်တကူပေးချေလို့ရအောင် ပြုလုပ်ထားပါတယ်။

Apple Pay လိုမျိုး NFC Pad မလိုပါဘူး။

Virtual Reality Software

Samsung Galaxy S8 မှာ သူ့ကိုယ်ပိုင် Virtual Reality (VR) Software ပါရှိပြီး Facebook Oculus ကလည်း ကူညီပေးထားပါတယ်။

Galaxy S8 ကို ဧပြီလ ၂၁ ရက်နေ့မတိုင်ခင် မှာယူပါက VR headset စက် ပါ အခမဲ့ရရှိမှာဖြစ်ပါတယ်။ iPhone ကလည်း Google Cardboard လိုမျိုး တခြား VR Headset တချို့နဲ့ ချိတ်ဆက်လို့ရပါတယ်။ သူ့ကိုယ်ပိုင် ထွက်ရှိမှုမျိုးတော့ မရှိသေးပါဘူး။

S8 စမတ်ဖုန်းရဲ့ အနောက်ဘက်မှာ နှလုံး ခုန်နှုန်း ဆင်ဆာ ပါရှိ

iPhone နဲ့ ကိုယ့်နှလုံးခုန်နှုန်းကို တိုင်းတာချင်ရင်တော့ Apple Watch ဒါမှမဟုတ် တခြား ပစ္စည်း ကိရိယာ များ ထပ်မံ ၀ယ်ယူရပါတယ်။

Galaxy S8 ကို ကွန်ပျုတာနဲ့ ချိတ်ဆက်နိုင်

Galaxy S8 ကို ကွန်ပျုတာနဲ့ ချိတ်ဆက်ပြီး စမတ်ဖုန်းစခရင် ကို ကွန်ပျုတာ Desktop Version ဖြစ်သွားပြီး Mouse, Keyboard နဲ့ Monitor လို မျိုး အသုံးပြုလို့ရပါတယ်။ S8 ထွက်ရှိပြီး ဧပြီလကုန်လောက်မှ ဒီ စနစ်ကို စမ်းသပ်ကြည့်ရဦးမှာဖြစ်တာကြောင့် အခုလောလောဆယတော့ ဒီ Feature ကတော့ စမ်းသပ်ခွင့်မရသေးပါဘူး။ iPhone မှာတော့ External Display တစ်ခုနဲ့ ဘဲ ချိတ်လို့ရပါသေးတယ်။

Samsung Bixby

Samsung Bixby က တကယ့်အပြင်မှာ ကိုယ်သိချင်တဲ့ အရာဝတ္ထုကို ဓာတ်ပုံ ရိုက်ပြီး Bixby စနစ်သုံးရင် သူနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အလွယ်တကူယူဆောင်ပေးပါတယ်။ အဲ့ဒီအပြင် အဲ့ဒီ ပစ္စည်း ၀ယ်ယူလို့ရတဲ့ Link တွေနဲ့ သွားရောက်ကြည့်ရှုနိုင်တဲ့ လိပ်စာတွေပါ ကူညီရှာဖွေပေးပါတယ်။

iPhone ရဲ့ Siri မှာ အဲ့လို စွမ်းရည်ဖြင့် ကင်မရာ စနစ် (Smart Camera Feature) လိုမျိုး မပါသေးပါဘူး။