မၾကာေသးတဲ့ ကာလတစ္ခုက နာမည္ေက်ာ္ဂိမ္းကုမၸဏီ နင္တန္းဒုိးဟာ ၉၀ ျပည့္ႏွစ္မ်ားမွာ ဝက္ဝက္ကြဲ ေအာင္ျမင္ခဲ့တဲ့ ဖန္မလီဂိမ္းလို႔ လူသိမ်ားတဲ့ NES ဂိမ္းေတြ ထည့္သြင္းထားျပီးသား Classic NES ဂိမ္းစက္ကို ျပန္လည္ေရာင္းခ်ခဲ့ျပီး နင္တန္းဒုိးဂိမ္းေတြနဲ႔ ၾကီးပ်င္းလာတဲ့ လူေတြက ဝမ္းသာအားရ အားေပးတာကို ခံခဲ့ရပါတယ္။

ဆုိနီကလည္း နင္တန္းဒုိးရဲ႕ေျခရာကိုနင္းျပီး သူတုိ႔ရဲ႕ ပထမဆုံးကြန္ဆုိးဂိမ္းစက္ျဖစ္တဲ့ PlayStation One အမွတ္တရအျဖစ္ မူလ PS1 ဂိမ္းစက္ပုံစံ Classic ဂိမ္းစက္ကို ျပန္လည္ထုတ္လုပ္ေရာင္းခ်ေတာ့မွာ ျဖစ္ပါတယ္။ ဂိမ္းစက္ရဲ႕ နာမည္ကိုေတာ့ PlayStation Classic လို႔ပဲ ေပးထားျပီး ဆုိနီကုမၸဏီက စက္တင္ဘာ ၁၉ ရက္ေန႔မွာ ေၾကျငာခဲ့ပါတယ္။

PlayStation Classic ဂိမ္းစက္ဟာ အရင္ဂိမ္းစက္ေဟာင္းလိုေတာ့ အေခြထည့္ကစားရမွာ မဟုတ္ဘဲ ဂိမ္းႏွစ္ဆယ္ေက်ာ္ တစ္ခါတည္း ပါဝင္လာမွာပါ။ ထြက္ရွိမယ့္ရက္က ဒီဇင္ဘာ ၃ ရက္ေန႔ ျဖစ္ျပီး ေဆာင္းရာသီ အားလပ္ရက္မွာ တန္ဖိုး ေဒၚလာတစ္ရာနဲ႔ ေရာင္းခ်သြားမွာ ျဖစ္ပါတယ္။

အရင္လုိ စီဒီေခြေတြနဲ႔ ေဆာ့ရတဲ့ ေခတ္မဟုတ္ေတာ့ဘဲ ေခြထည့္တဲ့ အဖုံးကို ဖြင့္တဲ့ ခလုတ္က အခုဆုိ ဂိမ္းတစ္ခုနဲ႔ တစ္ခုေျပာင္းလဲရာမွာ အသုံးျပဳတဲ့ ခလုတ္အျဖစ္ ျပန္လည္ပါဝင္လာမွာပါ။ ဂိမ္းအမ်ဳိးအစား ၂၀ နဲ႔ ပြဲထြက္လာမယ္ ဆုိေပမယ့္ စာရင္းအတိအက် မသိရေသးဘဲ Trailer ဗီဒီယုိထဲမွာေတာ့ Final Fantasy VII, Tekken 3, Ridge Racer Type 4, Jumping Flash နဲ႔ Wild Arms ဂိမ္းေတြကို ျမင္ေတြ႕ခဲ့ရပါတယ္။

မူလဂိမ္းစက္ရဲ႕ ၄၅% အရြယ္သာ ရွိမွာျဖစ္ျပီး HDMI Port တစ္ခုနဲ႔ မူလ ပေလးစေတရွင္ ဂိမ္းလက္ကုိင္ ႏွစ္ခုတုိ႔ ပါဝင္မွာပါ။ PlayStation One ဂိမ္းေတြနဲ႔ ၾကီးပ်င္းလာရတဲ့ သူေတြအတြက္ေတာ့ လက္မလႊတ္ခ်င္စရာ အခြင့္အေရးေကာင္းတစ္ခုပါပဲ။

Ref – https://www.theverge.com/2018/9/19/17877890/sony-playstation-classic-console-20-games-release-date-pricing

Unicode

မကြာသေးတဲ့ ကာလတစ်ခုက နာမည်ကျော်ဂိမ်းကုမ္ပဏီ နင်တန်းဒိုးဟာ ၉၀ ပြည့်နှစ်များမှာ ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့ ဖန်မလီဂိမ်းလို့ လူသိများတဲ့ NES ဂိမ်းတွေ ထည့်သွင်းထားပြီးသား Classic NES ဂိမ်းစက်ကို ပြန်လည်ရောင်းချခဲ့ပြီး နင်တန်းဒိုးဂိမ်းတွေနဲ့ ကြီးပျင်းလာတဲ့ လူတွေက ဝမ်းသာအားရ အားပေးတာကို ခံခဲ့ရပါတယ်။

ဆိုနီကလည်း နင်တန်းဒိုးရဲ့ခြေရာကိုနင်းပြီး သူတို့ရဲ့ ပထမဆုံးကွန်ဆိုးဂိမ်းစက်ဖြစ်တဲ့ PlayStation One အမှတ်တရအဖြစ် မူလ PS1 ဂိမ်းစက်ပုံစံ Classic ဂိမ်းစက်ကို ပြန်လည်ထုတ်လုပ်ရောင်းချတော့မှာ ဖြစ်ပါတယ်။ ဂိမ်းစက်ရဲ့ နာမည်ကိုတော့ PlayStation Classic လို့ပဲ ပေးထားပြီး ဆိုနီကုမ္ပဏီက စက်တင်ဘာ ၁၉ ရက်နေ့မှာ ကြေငြာခဲ့ပါတယ်။

PlayStation Classic ဂိမ်းစက်ဟာ အရင်ဂိမ်းစက်ဟောင်းလိုတော့ အခွေထည့်ကစားရမှာ မဟုတ်ဘဲ ဂိမ်းနှစ်ဆယ်ကျော် တစ်ခါတည်း ပါဝင်လာမှာပါ။ ထွက်ရှိမယ့်ရက်က ဒီဇင်ဘာ ၃ ရက်နေ့ ဖြစ်ပြီး ဆောင်းရာသီ အားလပ်ရက်မှာ တန်ဖိုး ဒေါ်လာတစ်ရာနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။

အရင်လို စီဒီခွေတွေနဲ့ ဆော့ရတဲ့ ခေတ်မဟုတ်တော့ဘဲ ခွေထည့်တဲ့ အဖုံးကို ဖွင့်တဲ့ ခလုတ်က အခုဆို ဂိမ်းတစ်ခုနဲ့ တစ်ခုပြောင်းလဲရာမှာ အသုံးပြုတဲ့ ခလုတ်အဖြစ် ပြန်လည်ပါဝင်လာမှာပါ။ ဂိမ်းအမျိုးအစား ၂၀ နဲ့ ပွဲထွက်လာမယ် ဆိုပေမယ့် စာရင်းအတိအကျ မသိရသေးဘဲ Trailer ဗီဒီယိုထဲမှာတော့ Final Fantasy VII, Tekken 3, Ridge Racer Type 4, Jumping Flash နဲ့ Wild Arms ဂိမ်းတွေကို မြင်တွေ့ခဲ့ရပါတယ်။

မူလဂိမ်းစက်ရဲ့ ၄၅% အရွယ်သာ ရှိမှာဖြစ်ပြီး HDMI Port တစ်ခုနဲ့ မူလ ပလေးစတေရှင် ဂိမ်းလက်ကိုင် နှစ်ခုတို့ ပါဝင်မှာပါ။ PlayStation One ဂိမ်းတွေနဲ့ ကြီးပျင်းလာရတဲ့ သူတွေအတွက်တော့ လက်မလွှတ်ချင်စရာ အခွင့်အရေးကောင်းတစ်ခုပါပဲ။

Ref – https://www.theverge.com/2018/9/19/17877890/sony-playstation-classic-console-20-games-release-date-pricing