Zawgyi

အိႏၵိယရဲ႕ စမတ္ဖုန္း ေစ်းကြက္ဟာ အေတာ္ေလးကို ၾကီးမာပါတယ္။ အိႏၵိယမွာ လူတိုင္းလိုလိုက စမတ္ဖုန္းေတြကို စိတ္ဝင္စားၾကျပီး ႏွစ္တိုင္းလိုလို စမတ္ဖုန္းအသစ္ေတြ ဝယ္ယူလိုၾကပါတယ္။ Xiaomi ဟာ အိႏၵိယ စမတ္ဖုန္းေစ်းကြက္ကို ဆုပ္ကိုင္အထားႏိုင္ဆံုး Brand တစ္ခုျဖစ္လာျပီး Huawei, Oppo နဲ႔တစ္ျခား တရုတ္ Brand ေတြကလည္း ေနာက္ကလိုက္ေနပါျပီ။ အဲ့အထဲကမွ အေတာ္ေလးနာမည္ရလာတာကေတာ့ OnePlus ပဲျဖစ္ပါတယ္။ OnePlus ဖုန္းေတြဟာ Android စမတ္ဖုန္းေတြၾကားမွာ အေကာင္းမြန္ဆံုး Software Experience နဲ႔အတူ Flagship Spec ေတြကို ေစ်းသက္သက္သာသာနဲ႔ရႏိုင္လို႔ အေတာ္ေလး ေအာင္ျမင္လာခဲ့တာပါ။ အခုဆိုရင္ လူေန အေတာ္ ထူထပ္တဲ့ အိႏၵိယ မွာ OnePlus ဟာ Apple ရဲ႕ iPhone ေတြထက္ကို ေက်ာ္လြန္ျပီး စမတ္ဖုန္းေစ်းကြက္မွာ ေနရာပိုယူထားႏုိင္ေနပါျပီ။

ေလ့လာဆန္းစစ္ခ်က္ေတြအရ အိႏၵိယမွာ iPhone ေရာင္းအားဟာ ၂၀၁၇ ခုႏွစ္တုန္းက အလံုးေရ သံုးသန္း ရွိခဲ့ရာကေန အခု ၂၀၁၈ မွာေတာ့ အလံုးေရ ႏွစ္သန္းထိ က်ဆင္းခဲ့ပါတယ္။ အဆိုပါေတြ႔ရွိခ်က္အရ ေလးႏွစ္အတြင္းမွာ ပထမဆံုးအၾကိမ္အျဖစ္ Apple ရဲ႕ ေရာင္းအားေတြ က်ဆင္းလာတာပါ။ Apple ရဲ႕ အျပိဳင္ ဖုန္းထုတ္လုပ္သူေတြကေတာ့ အေပၚမွာ ေျပာသြားသလိုပဲ OnePlus နဲ႔ တစ္ျခား တရုတ္ Brand ေတြပဲ ျဖစ္ျပီး Samsung လည္း ပါဝင္ပါတယ္။ အခ်က္အလက္ေတြအရ ၂၀၁၈ ခုႏွစ္ အလယ္ပိုင္းေလာက္မွာ Apple ရဲ႕ အိႏၵိယ စမတ္ဖုန္း ေစ်းကြက္ ပိုင္ဆိုင္မွု ႏွုန္းထားက ၁၅% ရွိျပီး Samsung ကေတာ့ ၃၄% ရွိပါတယ္။ OnePlus ကေတာ့ ၄၀% ထိရွိလာျပီး အေတာ္ေလး ေရာင္းအားေကာင္းလာတာ ေတြ႔ရပါတယ္။

အဆိုပါ အခ်က္အလက္ေတြဟာ OnePlus 6T နဲ႔ Galaxy Note 9 တို႔ မထြက္လာခင္တုန္းက တြက္ခ်က္ထားတာျဖစ္ျပီး အခုအခ်ိန္ ျပန္လည္ တြက္ခ်က္ၾကည့္ရင္ေတာ့ အဆိုပါ အခ်က္အလက္ေတြက ေျပာင္းလည္းေနႏိုင္ပါတယ္။ OnePlus ရဲ႕ေျပာၾကားခ်က္အရေတာ့ အိႏၵိယ OnePlus Fan ေတြရဲ႕ ၁၅% ဟာ iPhone သံုးစြဲခဲ့ၾကသူေတြျဖစ္တယ္လို႔သိရပါတယ္။ iPhone ေတြ အိႏၵိယမွာ ေရာင္းအားက်ဆင္းလာတဲ့ အဓိက အခ်က္ကေတာ့ အိႏၵိယ အစိုးရရဲ႕ မ်ားျပားလွတဲ့ အခြန္ေကာက္ခံ မွုႏွုန္းထားေတြေတြ ေၾကာင့္ပဲျဖစ္ျပီး နဂိုကတည္းကမွ ေစ်းၾကီးေနတဲ့ iPhone ေတြကို အခြန္ေကာက္ခံလိုက္ေတာ့ ပိုျပီးေတာ့ ေစ်းၾကီးသြားပါေတာ့တယ္။ အဲ့အခါ OnePlus, Huawei နဲ႔ Xiaomi လို Price-to-Performance ေကာင္းတဲ့ Brand ေတြဟာ ေရာင္းအားအရမ္းေကာင္းလာပါေတာ့တယ္။

Ref: XDA

Unicode

အိန္ဒိယရဲ့ စမတ်ဖုန်း ဈေးကွက်ဟာ အတော်လေးကို ကြီးမာပါတယ်။ အိန္ဒိယမှာ လူတိုင်းလိုလိုက စမတ်ဖုန်းတွေကို စိတ်ဝင်စားကြပြီး နှစ်တိုင်းလိုလို စမတ်ဖုန်းအသစ်တွေ ဝယ်ယူလိုကြပါတယ်။ Xiaomi ဟာ အိန္ဒိယ စမတ်ဖုန်းဈေးကွက်ကို ဆုပ်ကိုင်အထားနိုင်ဆုံး Brand တစ်ခုဖြစ်လာပြီး Huawei, Oppo နဲ့တစ်ခြား တရုတ် Brand တွေကလည်း နောက်ကလိုက်နေပါပြီ။ အဲ့အထဲကမှ အတော်လေးနာမည်ရလာတာကတော့ OnePlus ပဲဖြစ်ပါတယ်။ OnePlus ဖုန်းတွေဟာ Android စမတ်ဖုန်းတွေကြားမှာ အကောင်းမွန်ဆုံး Software Experience နဲ့အတူ Flagship Spec တွေကို ဈေးသက်သက်သာသာနဲ့ရနိုင်လို့ အတော်လေး အောင်မြင်လာခဲ့တာပါ။ အခုဆိုရင် လူနေ အတော် ထူထပ်တဲ့ အိန္ဒိယ မှာ OnePlus ဟာ Apple ရဲ့ iPhone တွေထက်ကို ကျော်လွန်ပြီး စမတ်ဖုန်းဈေးကွက်မှာ နေရာပိုယူထားနိုင်နေပါပြီ။

လေ့လာဆန်းစစ်ချက်တွေအရ အိန္ဒိယမှာ iPhone ရောင်းအားဟာ ၂၀၁၇ ခုနှစ်တုန်းက အလုံးရေ သုံးသန်း ရှိခဲ့ရာကနေ အခု ၂၀၁၈ မှာတော့ အလုံးရေ နှစ်သန်းထိ ကျဆင်းခဲ့ပါတယ်။ အဆိုပါတွေ့ရှိချက်အရ လေးနှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် Apple ရဲ့ ရောင်းအားတွေ ကျဆင်းလာတာပါ။ Apple ရဲ့ အပြိုင် ဖုန်းထုတ်လုပ်သူတွေကတော့ အပေါ်မှာ ပြောသွားသလိုပဲ OnePlus နဲ့ တစ်ခြား တရုတ် Brand တွေပဲ ဖြစ်ပြီး Samsung လည်း ပါဝင်ပါတယ်။ အချက်အလက်တွေအရ ၂၀၁၈ ခုနှစ် အလယ်ပိုင်းလောက်မှာ Apple ရဲ့ အိန္ဒိယ စမတ်ဖုန်း ဈေးကွက် ပိုင်ဆိုင်မှု နှုန်းထားက ၁၅% ရှိပြီး Samsung ကတော့ ၃၄% ရှိပါတယ်။ OnePlus ကတော့ ၄၀% ထိရှိလာပြီး အတော်လေး ရောင်းအားကောင်းလာတာ တွေ့ရပါတယ်။

အဆိုပါ အချက်အလက်တွေဟာ OnePlus 6T နဲ့ Galaxy Note 9 တို့ မထွက်လာခင်တုန်းက တွက်ချက်ထားတာဖြစ်ပြီး အခုအချိန် ပြန်လည် တွက်ချက်ကြည့်ရင်တော့ အဆိုပါ အချက်အလက်တွေက ပြောင်းလည်းနေနိုင်ပါတယ်။ OnePlus ရဲ့ပြောကြားချက်အရတော့ အိန္ဒိယ OnePlus Fan တွေရဲ့ ၁၅% ဟာ iPhone သုံးစွဲခဲ့ကြသူတွေဖြစ်တယ်လို့သိရပါတယ်။ iPhone တွေ အိန္ဒိယမှာ ရောင်းအားကျဆင်းလာတဲ့ အဓိက အချက်ကတော့ အိန္ဒိယ အစိုးရရဲ့ များပြားလှတဲ့ အခွန်ကောက်ခံ မှုနှုန်းထားတွေတွေ ကြောင့်ပဲဖြစ်ပြီး နဂိုကတည်းကမှ ဈေးကြီးနေတဲ့ iPhone တွေကို အခွန်ကောက်ခံလိုက်တော့ ပိုပြီးတော့ ဈေးကြီးသွားပါတော့တယ်။ အဲ့အခါ OnePlus, Huawei နဲ့ Xiaomi လို Price-to-Performance ကောင်းတဲ့ Brand တွေဟာ ရောင်းအားအရမ်းကောင်းလာပါတော့တယ်။

Ref: XDA