Zawgyi
Apple အနေနဲ့ ဒီနှစ် မျိုးဆက်သစ် iPhone တွေအတွက် နာမည်ပေး ကင်ပွန်းတပ်လုပ်ဖို့ တော်တော် တိုင်ပတ်ခဲ့ပုံ ရပါတယ်။ iPhone အသစ်တွေနဲ့ ပတ်သတ်ပြီး ကျွမ်းကျင်ပညာရှင်များက နာမည် အမျိုးမျိုး မှည့်ခေါ်နေပေမယ့် Apple ဘက်ကတော့ iPhone မော်ဒယ် အသစ် ၃မျိုးရဲ့ နာမည်တွေကို ခုချိန်ထိ တရားဝင် ထုတ်ပြန်ကြေငြာထားခြင်း မရှိပါဘူး။ ဒါပေမယ့်လည်း ၂၀၁၈ခုနှစ် iPhone အသစ် မိတ်ဆက်ပွဲကြီးကို စက်တင်ဘာလ ၁၂ရက်နေ့မှာ ပြုလုပ်သွားမှာ ဖြစ်တဲ့အတွက် သိပ်မကြာခင်မှာ iPhone မော်ဒယ် ၃မျိုးရဲ့ နာမည်တွေကို အရှင်းလင်းဆုံး သိရတော့မှာပါ။
တစ်ဖက်မှာလည်း ၂၀၁၈ခုနှစ် iPhone မော်ဒယ် ၃မျိုးရဲ့ ဈေးနှုန်းတွေဟာ Weibo ကနေ တစ်ဆင့်ပေါက်ကြားထွက်ပေါ်လာပါသေးတယ်။ ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ ဈေးနှုန်းတွေဟာ တရုတ်နိုင်ငံရဲ့ ဈေးနှုန်းများ ဖြစ်ပြီး ၅.၈လက်မ အရွယ်အစားရှိ iPhone Xs ကို တရုတ်ငွေ ၇၃၈၈ ယွမ် (မြန်မာငွေ ၁၆သိန်းခွဲ ဝန်းကျင်), ၆.၅လက်မ အရွယ်အစားရှိ iPhone Xs Plus ကို တရုတ်ငွေ ၈၃၈၈ ယွမ် (မြန်မာငွေ ၁၉သိန်း ဝန်းကျင်) နဲ့ ၆.၁လက်မ အရွယ်အစားရှိ iPhone Xc ကို တရုတ်ငွေ ၅၈၈၈ ယွမ် (မြန်မာငွေ ၁၃သိန်း ဝန်းကျင်) ကျသင့်နိုင်ပါတယ်။
Ref:indianexpress
Unicode
iPhone Xs, iPhone Xs Plus နဲ့ iPhone Xc တို့ရဲ့ စျေးနှုန်းများ ပေါက်ကြား
Apple အနေနဲ့ ဒီနှစ် မျိူးဆက်သစ် iPhone တွေအတွက် နာမည်ပေး ကင်ပွန်းတပ်လုပ်ဖို့ တော်တော် တိုင်ပတ်ခဲ့ပုံ ရပါတယ်။ iPhone အသစ်တွေနဲ့ ပတ်သတ်ပြီး ကျွမ်းကျင်ပညာရှင်များက နာမည် အမျိူးမျိူး မှည့်ခေါ်နေပေမယ့် Apple ဘက်ကတော့ iPhone မော်ဒယ် အသစ် ၃မျိူးရဲ့ နာမည်တွေကို ခုချိန်ထိ တရားဝင် ထုတ်ပြန်ကြေငြာထားခြင်း မရှိပါဘူး။ ဒါပေမယ့်လည်း ၂၀၁၈ခုနှစ် iPhone အသစ် မိတ်ဆက်ပွဲကြီးကို စက်တင်ဘာလ ၁၂ရက်နေ့မှာ ပြုလုပ်သွားမှာ ဖြစ်တဲ့အတွက် သိပ်မကြာခင်မှာ iPhone မော်ဒယ် ၃မျိူးရဲ့ နာမည်တွေကို အရှင်းလင်းဆုံး သိရတော့မှာပါ။
ဒီနေ့မှာတော့ iPhone မော်ဒယ်အသစ် ၃မျိူးရဲ့ နာမည်တွေကို iPhone Xs, iPhone Xs Plus နဲ့ iPhone Xc ဆိုပြီး ကင်ပွန်းတပ်ထားကြောင်း ဂျပန်နိုင်ငံ အခြေစိုက် MacOkatara ဝက်ဆိုက်ကနေ တစ်ဆင့် သိရပါတယ်။ အဆိုပါ ဖုန်း ၃လုံးကို Apple Park ရှိ Steve Jobs ခန်းမမှာ မိတ်ဆက်ပေးသွားမှာ ဖြစ်ပြီး Apple Watch Series 4 ကိုပါ မြင်တွေ့နိုင်ပါတယ်။ ဒါ့အပြင် မျိူးဆက်သစ် iPads နဲ့ MacBooks တွေကိုပါ မိတ်ဆက်နိုင်ဖွယ်ရှိကြောင်း ခန့်မှန်းပြောဆိုထားပါတယ်။
တစ်ဖက်မှာလည်း ၂၀၁၈ခုနှစ် iPhone မော်ဒယ် ၃မျိူးရဲ့ စျေးနှုန်းတွေဟာ Weibo ကနေ တစ်ဆင့်ပေါက်ကြားထွက်ပေါ်လာပါသေးတယ်။ ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ စျေးနှုန်းတွေဟာ တရုတ်နိုင်ငံရဲ့ စျေးနှုန်းများ ဖြစ်ပြီး ၅.၈လက်မ အရွယ်အစားရှိ iPhone Xs ကို တရုတ်ငွေ ၇၃၈၈ ယွမ် (မြန်မာငွေ ၁၆သိန်းခွဲ ဝန်းကျင်), ၆.၅လက်မ အရွယ်အစားရှိ iPhone Xs Plus ကို တရုတ်ငွေ ၈၃၈၈ ယွမ် (မြန်မာငွေ ၁၉သိန်း ဝန်းကျင်) နဲ့ ၆.၁လက်မ အရွယ်အစားရှိ iPhone Xc ကို တရုတ်ငွေ ၅၈၈၈ ယွမ် (မြန်မာငွေ ၁၃သိန်း ဝန်းကျင်) ကျသင့်နိုင်ပါတယ်။
Ref:indianexpress