၂၀၁၇ ခုႏွစ္မွာ iPhone X ကို မိတ္ဆက္ခဲ့ျပီးေနာက္ Apple ဟာ သူတုိ႔ရဲ႕ အုိင္ဖုန္းေတြမွာ Home Button ကို အျပီးတုိင္ ေဖ်ာက္ပစ္ႏုိင္ဖို႔ ေျခတစ္လွမ္းေရွ႕ေရာက္လာခဲ့ပါတယ္။ ယခုႏွစ္ ၂၀၁၈ မွာ မိတ္ဆက္လာတဲ့ အုိင္ဖုန္းအားလုံးမွာေတာ့ ပိုသြက္လက္တဲ့ Face ID မ်က္ႏွာသိမွတ္စနစ္ေတြ ပါဝင္လာျပီး Home Button ကို လုံးဝ ပယ္ေဖ်ာက္လိုက္ပါတယ္။ ဒါေပမယ့္ Face ID ဟာ Fingerprint ဖတ္စက္ထက္ စာရင္ေတာ့ ေႏွးေကြးေနေသးတယ္။ ဒါကို ၂၀၁၉ ခုႏွစ္မွာ ေျပာင္းလဲေတာ္လွန္ပစ္ဖို႔ Face ID စနစ္အတြက္ ပိုေကာင္းတဲ့ Hardware နည္းပညာကို Apple က စမ္းသပ္ေနတယ္လို႔ သတင္းထြက္လာပါတယ္။

ကၽြမ္းက်င္ေလ့လာသူ တစ္ဦးျဖစ္တဲ့ Ming-Chi Kuo ရဲ႕အဆုိအရေတာ့ ၂၀၁၉ အုိင္ဖုန္းမ်ဳိးဆက္ထဲမွာ Face ID စနစ္သစ္အတြက္ Flood Illuminator နည္းပညာ အသစ္ပါဝင္လာႏုိင္တယ္လို႔ ဆုိပါတယ္။ အဆုိပါ နည္းပညာက ဓါတ္ပုံရုိက္ယူလိုက္တဲ့ ဝန္းက်င္ရဲ႕ မျမင္ရတဲ့ အလင္းအားသက္ေရာက္မႈကို ေလ်ာ့ခ်ေပးႏုိင္တယ္။ ဒါကို ၂၀၁၉ အုိင္ဖုန္းေမာ္ဒယ္အားလုံးမွာ ေတြ႕ရႏုိင္တယ္လို႔ ဆုိတယ္။ ေနာက္ႏွစ္ထဲမွာ ဘာေမာ္ဒယ္ေတြ ထြက္လာမလဲ ဆုိတာကုိေတာ့ သူက LCD ေမာ္ဒယ္တစ္ခုနဲ႔ High-End OLED အသုံးျပဳ ဟန္းဆက္ႏွစ္ခုတုိ႔ ျဖစ္ႏုိင္ေၾကာင္း တြက္ဆထားပါတယ္။

၂၀၁၈ မွာထြက္လာတဲ့ ထုတ္ကုန္အသစ္ အားလုံးလိုလိုမွာ ပါဝင္တဲ့ အဓိက Dual-Camera စနစ္ေၾကာင့္ ၂၀၁၉ မွာ ပိုေကာင္းတဲ့ ကင္မရာနည္းပညာကို သုံးလာဖို႔ ေမွ်ာ္လင့္ရပါတယ္။ မၾကာခဏ ထြက္ေပၚလာတဲ့ သတင္းေတြထဲမွာေတာ့ ၂၀၁၉ အုိင္ဖုန္းေတြရဲ႕ ေနာက္ေက်ာမွာ Triple-camera ကင္မရာသုံးလုံး ပါလာမယ္လို႔ အသံထြက္ေနၾကတယ္။

Ref – Smartprice

Unicode

၂၀၁၇ ခုနှစ်မှာ iPhone X ကို မိတ်ဆက်ခဲ့ပြီးနောက် Apple ဟာ သူတို့ရဲ့ အိုင်ဖုန်းတွေမှာ Home Button ကို အပြီးတိုင် ဖျောက်ပစ်နိုင်ဖို့ ခြေတစ်လှမ်းရှေ့ရောက်လာခဲ့ပါတယ်။ ယခုနှစ် ၂၀၁၈ မှာ မိတ်ဆက်လာတဲ့ အိုင်ဖုန်းအားလုံးမှာတော့ ပိုသွက်လက်တဲ့ Face ID မျက်နှာသိမှတ်စနစ်တွေ ပါဝင်လာပြီး Home Button ကို လုံးဝ ပယ်ဖျောက်လိုက်ပါတယ်။ ဒါပေမယ့် Face ID ဟာ Fingerprint ဖတ်စက်ထက် စာရင်တော့ နှေးကွေးနေသေးတယ်။ ဒါကို ၂၀၁၉ ခုနှစ်မှာ ပြောင်းလဲတော်လှန်ပစ်ဖို့ Face ID စနစ်အတွက် ပိုကောင်းတဲ့ Hardware နည်းပညာကို Apple က စမ်းသပ်နေတယ်လို့ သတင်းထွက်လာပါတယ်။

ကျွမ်းကျင်လေ့လာသူ တစ်ဦးဖြစ်တဲ့ Ming-Chi Kuo ရဲ့အဆိုအရတော့ ၂၀၁၉ အိုင်ဖုန်းမျိုးဆက်ထဲမှာ Face ID စနစ်သစ်အတွက် Flood Illuminator နည်းပညာ အသစ်ပါဝင်လာနိုင်တယ်လို့ ဆိုပါတယ်။ အဆိုပါ နည်းပညာက ဓါတ်ပုံရိုက်ယူလိုက်တဲ့ ဝန်းကျင်ရဲ့ မမြင်ရတဲ့ အလင်းအားသက်ရောက်မှုကို လျော့ချပေးနိုင်တယ်။ ဒါကို ၂၀၁၉ အိုင်ဖုန်းမော်ဒယ်အားလုံးမှာ တွေ့ရနိုင်တယ်လို့ ဆိုတယ်။ နောက်နှစ်ထဲမှာ ဘာမော်ဒယ်တွေ ထွက်လာမလဲ ဆိုတာကိုတော့ သူက LCD မော်ဒယ်တစ်ခုနဲ့ High-End OLED အသုံးပြု ဟန်းဆက်နှစ်ခုတို့ ဖြစ်နိုင်ကြောင်း တွက်ဆထားပါတယ်။

၂၀၁၈ မှာထွက်လာတဲ့ ထုတ်ကုန်အသစ် အားလုံးလိုလိုမှာ ပါဝင်တဲ့ အဓိက Dual-Camera စနစ်ကြောင့် ၂၀၁၉ မှာ ပိုကောင်းတဲ့ ကင်မရာနည်းပညာကို သုံးလာဖို့ မျှော်လင့်ရပါတယ်။ မကြာခဏ ထွက်ပေါ်လာတဲ့ သတင်းတွေထဲမှာတော့ ၂၀၁၉ အိုင်ဖုန်းတွေရဲ့ နောက်ကျောမှာ Triple-camera ကင်မရာသုံးလုံး ပါလာမယ်လို့ အသံထွက်နေကြတယ်။

Ref – Smartprice