[Zawgyi]

Huawei ကေတာ့ သူ႔ရဲ႕အသစ္စက္စက္ဖုန္းတစ္လံုးကို တရုတ္ႏုိင္ငံမွာ တရားဝင္မိတ္ဆက္လာခဲ့ပါျပီ။ ဒီတစ္ေခါက္ မိတ္ဆက္လာခဲ့တာကေတာ့ Enjoy 9 ဆိုတဲ့ ဖုန္းေလးျဖစ္ျပီးေတာ့ ဒီဇင္ဘာ ၁၂ ရက္ေန႔က်ရင္ တရုတ္ႏုိင္ငံမွာ စေရာင္းခ်ေပးေတာ့မွာပါ။

ဒီ Enjoy 9 ေလးကေတာ့ ေအာက္တိုဘာလတုန္းက ေရာင္းခဲ့တဲ့ Enjoy 9 Plus ကိုမွ နည္းနည္းေလး ဝိတ္ေလွ်ာ့ထားတဲ့ ဗားရွင္းပါ။

Specification ေတြ ေျပာရမယ္ဆိုရင္ Screen Size 6.2-inch ရိွျပီး Resolution 720×1520 Pixel ရိွတဲ့ IPS LCD Display ကို သံုးထားပါတယ္။ ဖုန္းရဲ႕ ေရွ႕ဘက္မ်က္ႏွာျပင္ကေတာ့ ထိပ္ဖက္ Waterdrop Notch ဒီဇုိင္းနဲ႔ျဖစ္ျပီး အဲဒီ Notch ထဲမွာပဲ Selfie ကင္မရာကို ထည့္ထားပါတယ္။

ဒီတစ္ေခါက္မွာေတာ့ သူ႔ရဲ႕ ကိုယ္ပိုင္ Chipset Kirin ကို သံုးတာမဟုတ္ဘဲ Snapdragon 450 ကို သံုးထားပါတယ္။ Chipset ကလည္း Low-End Chipset ဆိုေတာ့ Performance ကိုေတာ့ အၾကီးၾကီးေမွ်ာ္မွန္းလို႔ ရမွာမဟုတ္ပါဘူး။

RAM ကေတာ့ 3GB Storage 32GB နဲ႔ RAM 4GB Storage 64GB ဆုိျပီး ၂မ်ိဳးနဲ႔ လာႏုိင္ပါတယ္။ ကင္မရာကေတာ့ ေက်ာဘက္မွာ 13MP (f/1.8)+2MP (f/2.4) Dual Camera တပ္ဆင္ထားျပီး ေရွ႕ဘက္မွာေတာ့ F/2.0 ရိွတဲ့ 8MP Selfie ကင္မရာ တပ္ဆင္ထားပါတယ္။

ေရွ႕ဘက္ကင္မရာကေတာ့ Face Scanner လုပ္ေပးႏုိင္ျပီးေတာ့ Fingerprint ေနရာေတာ့ မပါပါဘူး။ သူ႔ရဲ႕ အဓိက Main ၾကီးျဖစ္တဲ့ 4000mAh Battery ကေတာ့ တစ္ေန႔ေလာက္ကို ေအးေဆးသံုးလို႔ရေအာင္ ဆြဲဆန္႔ေပးႏုိင္မွာပါ။

Software အေနနဲ႔ကေတာ့ Android 8.1 Oreo ကို အေျခခံထားတဲ့ EMUI 8.2 နဲ႔ထြက္လာမွာျဖစ္ျပီး  SIM ၂ကဒ္နဲ႔ MicroSD ကဒ္ တူတူသံုးလို႔ရမွာျဖစ္ပါတယ္။

အေရာင္ေတြကေတာ့ အနက္နဲ႔ Gradient ေရာင္ ၃မ်ိဳးအတြက္ Blue, Red နဲ႔ Purple ဆိုျပီး လာမွာပါ။ ေစ်းႏႈန္းေတြကေတာ့ ဒီဇင္ဘာ ၁၂ရက္ေန႔ ေရာင္းတဲ့အခ်ိန္က်ရင္ သိရေတာ့မွာျဖစ္ပါတယ္။

Ref: GizmoChina

[Unicode]

Huawei ကတော့ သူ့ရဲ့အသစ်စက်စက်ဖုန်းတစ်လုံးကို တရုတ်နိုင်ငံမှာ တရားဝင်မိတ်ဆက်လာခဲ့ပါပြီ။ ဒီတစ်ခေါက် မိတ်ဆက်လာခဲ့တာကတော့ Enjoy 9 ဆိုတဲ့ ဖုန်းလေးဖြစ်ပြီးတော့ ဒီဇင်ဘာ ၁၂ ရက်နေ့ကျရင် တရုတ်နိုင်ငံမှာ စရောင်းချပေးတော့မှာပါ။

ဒီ Enjoy 9 လေးကတော့ အောက်တိုဘာလတုန်းက ရောင်းခဲ့တဲ့ Enjoy 9 Plus ကိုမှ နည်းနည်းလေး ဝိတ်လျှော့ထားတဲ့ ဗားရှင်းပါ။

Specification တွေ ပြောရမယ်ဆိုရင် Screen Size 6.2-inch ရှိပြီး Resolution 720×1520 pixel ရှိတဲ့ IPS LCD Display ကို သုံးထားပါတယ်။ ဖုန်းရဲ့ ရှေ့ဘက်မျက်နှာပြင်ကတော့ ထိပ်ဖက် Waterdrop Notch ဒီဇိုင်းနဲ့ဖြစ်ပြီး အဲဒီ Notch ထဲမှာပဲ Selfie ကင်မရာကို ထည့်ထားပါတယ်။

ဒီတစ်ခေါက်မှာတော့ သူ့ရဲ့ ကိုယ်ပိုင် Chipset Kirin ကို သုံးတာမဟုတ်ဘဲ Snapdragon 450 ကို သုံးထားပါတယ်။ Chipset ကလည်း Low-End Chipset ဆိုတော့ Performance ကိုတော့ အကြီးကြီးမျှော်မှန်းလို့ ရမှာမဟုတ်ပါဘူး။

RAM ကတော့ 3GB Storage 32GB နဲ့ RAM 4GB Storage 64GB ဆိုပြီး ၂မျိုးနဲ့ လာနိုင်ပါတယ်။ ကင်မရာကတော့ ကျောဘက်မှာ 13MP(f/1.8)+2MP(f/2.4) Dual Camera တပ်ဆင်ထားပြီး ရှေ့ဘက်မှာတော့ F/2.0 ရှိတဲ့ 8MP Selfie ကင်မရာ တပ်ဆင်ထားပါတယ်။

ရှေ့ဘက်ကင်မရာကတော့ Face Scanner လုပ်ပေးနိုင်ပြီးတော့ Fingerprint နေရာတော့ မပါပါဘူး။ သူ့ရဲ့ အဓိက Main ကြီးဖြစ်တဲ့ 4000mAh Battery ကတော့ တစ်နေ့လောက်ကို အေးဆေးသုံးလို့ရအောင် ဆွဲဆန့်ပေးနိုင်မှာပါ။

Software အနေနဲ့ကတော့ Android 8.1 Oreo ကို အခြေခံထားတဲ့ EMUI 8.2 နဲ့ထွက်လာမှာဖြစ်ပြီး  SIM ၂ကဒ်နဲ့ MicroSD ကဒ် တူတူသုံးလို့ရမှာဖြစ်ပါတယ်။

အရောင်တွေကတော့ အနက်နဲ့ Gradient ရောင် ၃မျိုးအတွက် Blue, Red နဲ့ Purple ဆိုပြီး လာမှာပါ။ ဈေးနှုန်းတွေကတော့ ဒီဇင်ဘာ ၁၂ရက်နေ့ ရောင်းတဲ့အချိန်ကျရင် သိရတော့မှာဖြစ်ပါတယ်။

Ref: GizmoChina