မြန်မာနိုင်ငံမှာ အင်တာနက်အသုံးပြုသူဦးရေဟာ မနှစ်ကဆိုရင် ၃၆ သန်း ရှိတာကနေ ဒီနှစ်မှာ ၄၆ သန်း နီးပါး မြင့်တက်လာပါတယ်။

Eleven သတင်းကနေ ဖော်ပြခဲ့တဲ့ ဆက်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး ၀န်ကြီးဌာနက နောက်ဆုံး ထုတ်ပြန်ချက်များ အရ သိရပြီး လူဦးရေရဲ့ ၈၉% လောက်က အင်တာနက်ကို အသုံးပြုနေကြပြီ ဖြစ်ပါတယ်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ဖုန်းပေါင်း ၄၄ သန်းလောက် မှတ်ပုံတင်ခဲ့ပြီး ဒီဇန်န၀ါရီလ နှစ်ကုန်အထိဆိုရင် ဖုန်းပေါင်း ၅၄ သန်း မှတ်ပုံတင်ခဲ့ပြီ ဖြစ်ပါတယ်။

ရာခိုင်နှုန်းနဲ့ တွက်ပါက ၂၀၁၆ ခုနှစ်မှာ လူဦးရေ ၈၆%က ဖုန်း ပိုင်ဆိုင်နေပြီး ၂၀၁၇ ခုနှစ်မှာဆိုရင်တော့ ၁၀၅% ဖြစ်သွားပါတယ်။ ဒါပေမယ့် လူတစ်ယောက်ကို ဖုန်း Sim ကဒ်တွေ တစ်ခုထက်ပိုပြီး ကိုင်လေ့ရှိပါတယ်။

အခုလို ဖုန်းတွေ အသုံးပြုမှုတွေများလာတာကြောင့် ဖုန်းလိုင်းတွေနဲ့ အင်တာနက်လိုင်းတွေ အဆင်ပြေစေဖို့အတွက် အစိုးရက တစ်နိုင်ငံလုံးမှာ ဖုန်း တာဝါတိုင်များ ၁၆၉၆၅ တိုင် စိုက်ထူဖို့ စီစဉ်နေပါတယ်။

ဒီနှစ် ဇန်န၀ါရီလ ကုန်မှာတော့ မြန်မာနိုင်ငံအတွင်းမှာ ဖုန်း တာဝါတိုင်များ ၁၄,၈၇၂ တိုင် ရှိပါတယ်။

Credit: COCONUTS YANGON