Zawgyi

Sony နဲ႔ Samsung တို႔ဟာ စမတ္ဖုန္းေတြမွာ တပ္ဆင္ဖို႔အတြက္ ရည္႐ြယ္ထုတ္လုပ္ထားတဲ့ 48-Megapixel Image Sensors ေတြကို ဒီႏွစ္ အေစာပိုင္းတုန္းက မိတ္ဆက္ခဲ့တာ ျဖစ္ပါတယ္။ သူတို႔ေတြရဲ႕ ေက်းဇူးေၾကာင့္ အခုဆိုရင္ 48MP Camera Sensor ပါတဲ့ စမတ္ဖုန္းေတြကို ကြၽန္ေတာ္တို႔ေတြ ျမင္ေတြ႕ခြင့္ရေတာ့မွာပါ။

ေလာေလာဆယ္မွာေတာ့ အဆိုပါ ကင္မရာ Sensor ႀကီးေတြနဲ႔ ပြဲထြက္လာဖို႔အတြက္ ထိပ္ဆုံးက ဦးေဆာင္ေနတဲ့ သူေတြကေတာ့ Honor နဲ႔ Xiaomi တို႔ျဖစ္ၾကပါတယ္။ Honor အေနနဲ႔ ေနာက္လထဲမွာ မိတ္ဆက္သြားမယ့္ View 20 မွာ Sony ရဲ႕ 48MP IMX586 Sensor ကို Display ထဲမွာ ေဖာက္ထြင္းတပ္ဆင္ထားတဲ့ Selfie Camera အတြက္ အသုံးျပဳသြားမွာ ျဖစ္ပါတယ္။ အလားတူ Huawei ကလည္း Selfie Camera ကို Display ထဲမွာ ေဖာက္ထြင္းတပ္ဆင္ထားမယ့္ နည္းပညာပါဝင္တဲ့ Nova 4 ကို ေနာက္အပတ္ထဲမွာ မိတ္ဆက္သြားမွာပါ။

Xiaomi ကုမၸဏီရဲ႕ Co-Founder နဲ႔ President ျဖစ္သူ Lin Bin ကလည္း 48MP Camera Sensor အသုံးျပဳထားတဲ့ ဖုန္းတစ္လုံးရဲ႕ ဓာတ္ပုံကို မၾကာေသးခင္က Weibo မွာ လႊင့္တင္ခဲ့ဖူးပါတယ္။ အဆိုပါဖုန္းရဲ႕ နာမည္နဲ႔ တျခားအခ်က္အလက္ေတြကို ထုတ္ေဖာ္ေျပာၾကားျခင္း မရွိေသးေပမယ့္ Lin Bin ကေတာ့ အဲ့ဒီဖုန္းကို လာမယ့္ ၂၀၁၉ခုႏွစ္ ဇန္နဝါရီလမွာ ျမင္ေတြ႕ရမယ္လို႔ ေျပာၾကားထားပါတယ္။

Honor က View 20 ရဲ႕ Global Launch ကို ဇန္နဝါရီလ ၂၂ရက္ေန႔မွာ က်င္းပသြားမွာ ျဖစ္ၿပီး တ႐ုတ္ႏိုင္ငံမွာေတာ့ Honor V20 အျဖစ္ ဒီဇင္ဘာလ ၂၆ရက္ေန႔ ကတည္းက မိတ္ဆက္သြားမယ္လို႔ သိရပါတယ္။ ဒါ့ေၾကာင့္ 48MP Camera Sensor ႀကီးနဲ႔ ပထမဦးဆုံး ပြဲထြက္လာမယ့္ဖုန္းကုမၸဏီဟာ Honor ျဖစ္ႏိုင္ပါတယ္။

Ref: theverge

Unicode

48 Megapixel Camera ပါမယ့် စမတ်ဖုန်းတွေ လာနေပြီ

Sony နဲ့ Samsung တို့ဟာ စမတ်ဖုန်းတွေမှာ တပ်ဆင်ဖို့အတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ 48-Megapixel Image Sensors တွေကို ဒီနှစ် အစောပိုင်းတုန်းက မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ သူတို့တွေရဲ့ ကျေးဇူးကြောင့် အခုဆိုရင် 48MP Camera Sensor ပါတဲ့ စမတ်ဖုန်းတွေကို ကျွန်တော်တို့တွေ မြင်တွေ့ခွင့်ရတော့မှာပါ။

လောလောဆယ်မှာတော့ အဆိုပါ ကင်မရာ Sensor ကြီးတွေနဲ့ ပွဲထွက်လာဖို့အတွက် ထိပ်ဆုံးက ဦးဆောင်နေတဲ့ သူတွေကတော့ Honor နဲ့ Xiaomi တို့ဖြစ်ကြပါတယ်။ Honor အနေနဲ့ နောက်လထဲမှာ မိတ်ဆက်သွားမယ့် View 20 မှာ Sony ရဲ့ 48MP IMX586 Sensor ကို Display ထဲမှာ ဖောက်ထွင်းတပ်ဆင်ထားတဲ့ Selfie Camera အတွက် အသုံးပြုသွားမှာ ဖြစ်ပါတယ်။ အလားတူ Huawei ကလည်း Selfie Camera ကို Display ထဲမှာ ဖောက်ထွင်းတပ်ဆင်ထားမယ့် နည်းပညာပါဝင်တဲ့ Nova 4 ကို နောက်အပတ်ထဲမှာ မိတ်ဆက်သွားမှာပါ။

Xiaomi ကုမ္ပဏီရဲ့ Co-founder နဲ့ President ဖြစ်သူ Lin Bin ကလည်း 48MP Camera Sensor အသုံးပြုထားတဲ့ ဖုန်းတစ်လုံးရဲ့ ဓာတ်ပုံကို မကြာသေးခင်က Weibo မှာ လွှင့်တင်ခဲ့ဖူးပါတယ်။ အဆိုပါဖုန်းရဲ့ နာမည်နဲ့ တခြားအချက်အလက်တွေကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေမယ့် Lin Bin ကတော့ အဲ့ဒီဖုန်းကို လာမယ့် ၂၀၁၉ခုနှစ် ဇန်နဝါရီလမှာ မြင်တွေ့ရမယ်လို့ ပြောကြားထားပါတယ်။

Honor က View 20 ရဲ့ Global Launch ကို ဇန်နဝါရီလ ၂၂ရက်နေ့မှာ ကျင်းပသွားမှာ ဖြစ်ပြီး တရုတ်နိုင်ငံမှာတော့ Honor V20 အဖြစ် ဒီဇင်ဘာလ ၂၆ရက်နေ့ ကတည်းက မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ ဒါ့ကြောင့် 48MP Camera Sensor ကြီးနဲ့ ပထမဦးဆုံး ပွဲထွက်လာမယ့်ဖုန်းကုမ္ပဏီဟာ Honor ဖြစ်နိုင်ပါတယ်။

Ref: theverge