လွန်ခဲ့တဲ့ နှစ်အနည်းငယ်က iPhone က ကိုယ်ရေး အရာရှိ App Siri ကို မိတ်ဆက်ခဲ့ပြီးနောက်မှာ Microsoft က Cortana နဲ့ Amazon က Alexa တို့လို ကိုယ်ရေးအရာရှိ App တွေထွက်ပေါ်လာခဲ့ပါတယ်။

အခုတော့ Android ဖုန်းသမားတွေအတွက် Google က တီထွင်လိုက်တဲ့ Google Assistant App ထွက်လာပါပြီ။

Google ကထုတ်တဲ့ Pixel ဖုန်းမှာတော့ Google Assistant ကို အသုံးပြုလို့ရနေပါပြီ။ တချို့ Android ဖုန်းတွေမှာလည်း သုံးလို့ရနေပါပြီ။

လုပ်ငန်းဆောင်တာတွေကို စီမံခန့်ခွဲနိုင်

ဖုန်းနဲ့ လုပ်ဆောင်တဲ့ စာတိုပို့တာကအစ၊ ပြက္ခဒိန်မှာ ရက်စွဲအလိုက် အစီအစဉ်ဆွဲတာ နှိုးစက်ပေးတာအဆုံးကို Google Assistant နဲ့ သုံးလို့ရပါတယ်။ အခုမှ စတင်တီထွင်တာဆိုတော့ အဆင်မပြေတဲ့ အပိုင်းလေးတွေလည်း ရှိဆဲပါဘဲ။

ကိုယ်စာပို့ချင်တဲ့ စာသားတွေကို စကားပြောလိုက်တာနဲ့ Google Assistant က သူ့အလိုလို ရိုက်ပေးသွားပြီး တခြား ကိုယ့်ကို သတိပေးရမယ့်အကြောင်းအရာတွေကို Google Assistant ကို မှတ်ထားခိုင်းလို့ရပါတယ်။

ဥပမာ ကားပါကင်ထိုးပြီး ကားပါကင် နံပါတ်ကို မှတ်ထားစေချင်ရင် “Google, I parked in section 4S” (Google၊ ငါ ကားပါကင် နံပါတ် 4S မှာ ကားရပ်ထားပါတယ်) လို့ပြောလိုက်ရင်

Google Assistant က “OK. I will remember that” (အိုကေ။ ငါမှတ်ထားလိုက်ပါ့မယ်) လို့ ပြန်ပြောမှာပါ။

 

စီစဉ်နိုင်ခြင်း

ဥပမာ ကိုယ်က လူစိမ်းတစ်ယောက်နဲ့ ညဘက်မှာ ကားအတူတူ မောင်းလာရလို့ မလုံခြုံဘူးလို့ ခံစားရရင် Google Assistant ကို အနည်းဆုံးဟိုတယ် ဒါမှမဟုတ် ကော်ဖီဆိုင်ကို နှုတ်ဖြင့် ခိုင်းပြီး ရှာခိုင်းလို့ရပါတယ်။ Google Assistant က ရှာပြီး လမ်းညွှန်ပြပါလိမ့်မယ်။

အဲ့ဒီအပြင် ကိုယ်စီးရမယ့် လေယာဉ်နံပါတ်ကို သတိပေးခြင်း၊ လမ်းညွှန်ပေးခြင်းနဲ့ ညစာ စားသောက်ဆိုင်မှာ reserve လုပ်တာတို့ကအစ နှုတ်ဖြင့် စေခိုင်းလို့ရပါတယ်။

ဖျော်ဖြေရေး

YouTube ဒါမှမဟုတ် Google Play တို့မှာ သီချင်းတွေ နားထောင်ချင်ရင်လည်း Google Assistant ကို ခေါ်ပြီး ကိုယ်အကြိုက်အနှစ်သက်ဆုံး သီချင်းတွေ မှတ်ထားပါက အဲ့သီချင်းတွေကို ဖွင့်ခိုင်းလို့ရပါတယ်။

ဓာတ်ပုံတွေကို ရှာဖွေခိုင်းနိုင်ခြင်း

ဓာတ်ပုံ ရာပေါင်း၊ ထောင်ပေါင်းများစွာ ရိုက်ထားတာကြောင့် ကိုယ်လိုချင်တဲ့ ဓာတ်ပုံတွေ ပြန်ရှာတဲ့အခါ အခက်အခဲဖြစ်နေပြီဆိုရင် Google Assistant ကို ရှာခိုင်းလို့ရပါတယ်။ ဥပမာ “Find Photos of my Trip to New York City” (နယူးယောက် မြို့ကို သွားလည်တုန်းက ဓာတ်ပုံတွေ ရှာပေးပါ) လို့ ပြောနိုင်ပါတယ်။

အဖြေတွေကို ရှာခိုင်းလို့ရခြင်း

Virtual Assistants တွေရဲ့ ကောင်းတဲ့အချက်က မေးခွန်းမေးလိုက်ရင် အဖြေရှာပေးခြင်းလဲ ပါဝင်ပါတယ်။

ဥပမာ How many square feet are in acre? (၁ ဧကမှာ စတုရန်းပေ ဘယ်လောက်ရှိလဲ) ဒါမှမဟုတ် “What is the square root of 2,341?” (၂၃၄၁ ကို Square Root လုပ်ရင် ဘယ်လောက်ရမလဲ) စသဖြင့် မေးလို့ရပါတယ်။

သူကလည်း အဖြေပြန်ပေးပါလိမ့်မယ်။

ဒါ့အပြင် Google Assistant ကို ကိုယ့်အိမ်မှာသုံးတဲ့ Smart Devices တွေနဲ့ လည်း ချိတ်ဆက်နိုင်ပါတယ်။ ဥပမာအားဖြင့် ညဘက်မှာ သင်အိမ်ပြန်မရောက်ခင် အိမ်မှာ ရှိတဲ့ မီးတွေကို ဖွင့်ထားဖို့အတွက်လည်း Google Assistant ကို စေခိုင်းလို့ရပါတယ်။