PUBG mobile တို့ Tekken Mobile တို့ Final Fantasy XV: Pocket Edition တွေ ဟာ ဒီနှစ်ထဲ ထွက်ရှိထားတဲ့ အကောင်းဆုံး Android Game တွေပါ။ ဒါပေမယ့် Android Gamer တွေ အတွက် မရိုးရလေအောင် Game အသစ်တွေကလည်း ထွက်ဖို့ရှိနေပါတယ်။ အဲ့ထဲကမှ Gamer တွေကြိုက်မယ်ထင်တဲ့ Game 5 မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Fornite: Battle Royale

Source: Playstation.com

Fortnite ကတော့ PUBG တို့ Rules of Survival တို့ လို Third – Person Shooter ဂိမ်းမျိုးပါ။ လောလောဆယ်တော့ Developer တွေက Battery Saving Mode တွေ Voice Chat တွေ Graphic Quality တွေအတွက် ပြင်ဆင်နေကြပြီး နောက်နှစ် နွေရာသီလောက်မှာ ထွက်လာဖို့ရှိပါတယ်။

၂။ Westworld

Source: forbes.com

Westworld ကတော့ HBO ရဲ့ နာမည်ကြီး TV Series ဖြစ်တဲ့ Westworld ကိုအခြေခံထားတာပါ။ Trainee တစ်ယောက်ရဲ့ Role ကနေဆော့ရမှာ ဖြစ်ပြီး Park ရဲ့ Location တွေကို တည်ဆောက်တာတွေ Unlock လုပ်တာတွေပါမှာပါ။ In-App-Purchase တွေလည်းပါဦးမှာဖြစ်ပြီး ဘယ်တော့ Release လုပ်မလဲဆိုတာတော့ မသိသေးပေမယ့် Play Store မှာ တော့ List ထဲတော့ပါနေပါပြီ။

၃။ Jurassic World Alive

Source: Pokemongohub.net

ဒီဂိမ်းကတော့ Pokemon GO လို ဂိမ်းမျိုးဖြစ်နိုင်ပါတယ်။ ဆော့တဲ့လူဟာ Dinosaur Protection Group ရဲ့ New Member အနေနဲ့ပါဝင်ရမှာဖြစ်ပြီး ဒိုင်နိုဆောအကောင်ကြီးတွေကို ဒုတိယအကြိမ် မျိုးတုန်းသွားမယ့် အန္တရာယ်ကနေ ကာကွယ်ပေးရမှာ ဖြစ်ပါတယ်။

၎။ Project Cars GO

Source: AndroidAuthority.com

ဒီဂိမ်းကတော့ Xbox One တို့ PS4 တို့ PC တို့ မှာဆော့နေတဲ့ Project Cars ကို Mobile Game အနေနဲ့ ထွက်ရှိလာမှာပါ။ Racing Game ကောင်းကောင်းကို ရုပ်ထွက်ကောင်းကောင်းနဲ့ PC မှာ ဆော့ရသလို ဆော့ရမှာလားဆိုတာတော့ ထွက်လာတဲ့နေ့မှပဲ သိရမှာပါ။

၅။ Hello Neighbor

Source: gamechannel.hu

ဒီဂိမ်းကတော့ Horror အမျိုးအစား ဂိမ်းတစ်ခုဖြစ်ပါတယ်။ သင့်အိမ်နီးချင်းတစ်ယောက်ဟာ သူ့အိမ်ရဲ့ Basement မှာ တစ်ခုခုဝှက်ထားတယ်လို့ ထင်နေတဲ့ ကလေးနေရာကနေ ကစားရမှာ ဖြစ်ပြီး အဲ့အိမ်ကိုဝင်ပြီး စစ်ရမှာ ဖြစ်ပါတယ်။ အိမ်ရှင်က သင့်ကိုဖမ်းဖို့ကြိုးစားမှာဖြစ်ပြီး ဖမ်းမိသွားရင်တော့ အစကနေပြန်စရမှာပါ။ July 27 မှာ Launch လုပ်မှာဖြစ်ပြီး First Act ကို Free ဆော့ရမှာ ဖြစ်ပါတယ်။ In-App-Purchase တွေလည်းပါမှာပါ။