[Zawgyi]

5G ကြန္ရက္ေတြဟာ လာမယ့္ ၂၀၁၉ ခုႏွစ္မွာ အရွိန္အဟုန္နဲ႔ ျဖန႔္က်က္ေတာ့မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ စမတ္ဖုန္းထုတ္လုပ္တဲ့ ကုမၸဏီေတြကလည္း အၿပိဳင္အဆိုင္ဆိုသလို 5G ကြန္ရက္နဲ႔ ခ်ိတ္ဆက္ႏိုင္မယ့္ ဖုန္းေတြကို ထုတ္လုပ္ဖို႔ ႀကိဳးစားေနၾကပါတယ္။ လက္ရွိအခ်ိန္မွာ 5G ကြန္ရက္နဲ႔ ခ်ိတ္ဆက္ႏိုင္ဖို႔ စမ္းသပ္ၿပီးစီးေနတဲ့ စမတ္ဖုန္း အမွတ္တံဆိပ္က အနည္းငယ္သာ ရွိေနပါေသးတယ္။ 5G စမတ္ဖုန္းအတြက္ နာမည္ႀကီးေနတာေတြထဲကမွ တကယ္တမ္း အေကာင္အထည္ေဖာ္ႏိုင္ေျခရွိတဲ့ အမွတ္တံဆိပ္အခ်ိဳ႕ကို ေ႐ြးခ်ယ္ ေဖာ္ျပေပးခ်င္ပါတယ္။

 

Google

Google ရဲ႕ ထုတ္ကုန္ေတြက 5G နည္းပညာအတြက္ အဆင္သင့္ ရွိေနမယ္ဆိုတာ သံသယ ျဖစ္စရာမလိုပါဘူး။ Google ရဲ႕ Pixel 3 ဟာ ေနာက္ဆုံးေပၚ နည္းပညာအခ်ိဳ႕နဲ႔ လြဲေခ်ာ္ခဲ့တယ္ ဆိုေပမယ့္ လာမယ့္ Pixel 4 မွာေတာ့ 5G ကို ေထာက္ပံ့ေပးလာမွာ ေသခ်ာသေလာက္ ရွိပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ Google ဟာ 5G နည္းပညာနယ္ပယ္မွာ နာမည္ႀကီးေနတဲ့ Verizon နဲ႔ မိတ္ေဆြေကာင္းေတြ ျဖစ္ၾကၿပီးသား မို႔လို႔ပါပဲ။

 

HMD Global (Nokia)

Nokia ကလည္း 5G နည္းပညာနဲ႔အတူ စမတ္ဖုန္းေလာကထဲမွာ ျပန္လည္ေနရာယူလာမယ့္ အမွတ္တံဆိပ္တစ္ခုလို႔ သတ္မွတ္ထားရမွာပါ။ HMD Global ဆိုလိုက္တာနဲ႔ 5G-ready Snapdragon X50 5G modem ကို တြဲၿပီး ျမင္ႏိုင္ေလာက္ပါတယ္။ ဒါေပမယ့္ Nokia ရဲ႕ 5G စမတ္ဖုန္းကို လာမယ့္ ၂၀၁၉ ခုႏွစ္မွာ ျမင္ေတြ႕ရမယ္လို႔ တရားေသ ေျပာလို႔ မရေသးပါဘူး။ ေသခ်ာတာတစ္ခုကေတာ့ Nokia ရဲ႕ အနာဂတ္ စီမံကိန္းထဲမွာ 5G က ပါေနတယ္ဆိုတာပါပဲ။

ၿပီးခဲ့တဲ့ ေမလတုန္းက HMD Global က တ႐ုတ္ႏိုင္ငံ ရွင္းက်င့္မွာ Future Lab ကို ဖြင့္လွစ္ခဲ့ပါတယ္။ 5G လို မ်ိဳးဆက္သစ္ နည္းပညာေတြနဲ႔ ဆက္စပ္တဲ့ အရာေတြ၊ AI နည္းပညာေတြအတြက္ ေျခလွမ္းစခဲ့တာပါ။ အခ်ိဳ႕ သတင္းေတြမွာဆိုရင္ Nokia 5G ဖုန္းက လာေတာ့မယ္လို႔ေတာင္ ေဖာ္ျပေနၾကတာပါ။

 

Huawei

Huawei ကေတာ့ 5G စမတ္ဖုန္းနဲ႔ ပတ္သက္ရင္ မျဖစ္ႏိုင္ဘူးလို႔ ေျပာစရာ တစ္ကြက္မွမရွိတဲ့ အမွတ္တံဆိပ္ပါ။ တ႐ုတ္ႏိုင္ငံရဲ႕ 5G ဖြံ႕ၿဖိဳးတိုးတက္ေရး စီမံခ်က္ေတြမွာ ထင္ထင္ရွားရွားပါဝင္ေနတဲ့ ထုတ္လုပ္မႈကုမၸဏီႀကီးတစ္ခု ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ဧၿပီလမွာ ေဖာ္ျပခဲ့တဲ့ ကိုျပန္ၾကည့္မယ္ဆိုရင္ Huawei ဟာ 2009 ခုႏွစ္ကေနစၿပီး 5G သုေတသနအတြက္ အသုံးျပဳခဲ့တဲ့ေငြဟာ အေမရိကန္ေဒၚလာ သန္းေျခာက္ရာ အထိ ရွိေနၿပီဆိုတာပါပဲ။

Huawei ရဲ႕ ထုတ္ကုန္ေတြကို အေမရိကန္ေဈးကြက္မွာ မျဖန႔္ျဖဴးႏိုင္ဘူးဆိုေပမယ့္ အျခားဥေရာပႏိုင္ငံေတြမွာေတာ့ အေျခအေနေကာင္းေတြ ရွိေနေသးတာပါ။ ဥေရာပ ေဈးကြက္ထဲေရာက္လာတဲ့ ပထမဆုံး 5G ဖုန္းအမွတ္တံဆိပ္က Huawei ျဖစ္ေနရင္ေတာင္ အံ့ၾသစရာ မေကာင္းလွပါဘူး။ လာမယ့္ ၂၀၁၉ Mobile World Congress မွာ Huawei က ဘာေတြျပမလဲဆိုတာကိုပဲ ေစာင့္ၾကည့္ရမွာပါ။

 

Honor

Honor ဆိုတာက Huawei ရဲ႕ လက္ေအာက္ခံ အမွတ္တံဆိပ္မွန္း အားလုံးသိၾကမွာပါ။ Honor ရဲ႕ CEO George Zhao က Honor အေနနဲ႔ ကမာၻ႔ပထမဆုံး 5G စမတ္ဖုန္းကို လာမယ့္ႏွစ္မွာ ျဖန႔္ျဖဴးသြားမယ္လို႔ ေၾကညာခဲ့ဖူးပါတယ္။ Honor ကို Mid-range ေတြပဲ ထုတ္တဲ့ အမွတ္တံဆိပ္လို႔ အားလုံးက သတ္မွတ္ထားေပမယ့္ Huawei ရဲ႕ 5G စမ္းသပ္မႈ ေရွ႕ေျပးအျဖစ္ ပြဲထြက္လာႏိုင္တယ္ဆိုတဲ့ အခ်က္လည္း ရွိပါေသးတယ္။ Zhao ေျပာတဲ့အတိုင္း ကမာၻ႔ပထမဆုံး ျဖစ္မျဖစ္သာ ေစာင့္ၾကည့္ရမွာပါ။

 

HTC

စမတ္ဖုန္းေလာကမွာ အေတာ္ေလး ၿငိမ္သက္သြားခဲ့တဲ့ HTC က လာမယ့္ ႏွစ္ကုန္ပိုင္းမွာ သူ႔ရဲ႕ ထုတ္ကုန္သစ္နဲ႔ ျပန္ၿပီးလႈပ္ရွားလာေတာ့မွာပါ။ ၂၀၁၉ မွာလည္း ဆန္းသစ္တဲ့ တီထြင္မႈေတြနဲ႔ ေရွ႕ဆက္သြားမယ္လို႔ ေႂကြးေက်ာ္ထားပါေသးတယ္။ Snapdragon 855 ဒါမွမဟုတ္ 8150 လို႔ေခၚတဲ့ Qualcomm ရဲ႕ Flagship SoC အသစ္က HTC ရဲ႕ ဖုန္းေတြထဲမွာ ေနရာယူသြားႏိုင္ပါတယ္။

ေနာက္ထပ္ ျဖစ္ႏိုင္ေျခရွိတဲ့အခ်က္အလက္က HTC ကလည္း တ႐ုတ္ႏိုင္ငံရဲ႕ 5G ဖြံ႕ၿဖိဳးတိုးတက္ေရး စီမံကိန္းထဲမွာ ပါဝင္ေနတာပါ။ ဒီေတာ့ ဟိုးတုန္းကတည္းက ပုံျပင္တစ္ပုဒ္လိုျဖစ္ေနတဲ့ ေကာလာဟလျဖစ္တဲ့ Vive ဟာ 5G စမတ္ဖုန္း ျဖစ္လာမလားလို႔ ေစာင့္ၾကည့္ခ်င္စရာပါ။

 

Lenovo

Lenovo ကိုလည္း 5G စမတ္ဖုန္းေတြ စီးပြားျဖစ္ထုတ္လုပ္ႏိုင္တဲ့ စာရင္းထဲမွာ မထည့္မျဖစ္ ထည့္ထားရမွာပါ။ Lenovo ဆိုတာ Motorola ကို ေမြးဖြားေပးလိုက္တဲ့ ကုမၸဏီဆိုတာကိုလည္း ေမ့လို႔မျဖစ္ပါဘူး။ ဒါေပမယ့္ Lenovo နဲ႔ Motorola တို႔ရဲ႕ ေျခလွမ္းေတြကေတာ့ Huawei ေလာက္ မသြက္လက္ဘူးလို႔ ယူဆစရရွိပါတယ္။ ဒါေၾကာင့္ ကမာၻ႔ပထမဆုံး 5G စမတ္ဖုန္းကို စတင္ေရာင္းခ်သူေတာ့ မျဖစ္လာႏိုင္ပါဘူး။ Moto Z3 ဒါမွမဟုတ္ Moto Z4 ႏွစ္ခုထဲက တစ္ခု၊ ဒါမွမဟုတ္ ႏွစ္ခုလုံးက 5G စမတ္ဖုန္း ျဖစ္လာမွာပါ။ ဘယ္ေတာ့ ထြက္မလဲပဲ ေစာင့္ၾကည့္ရမွာပါ။

 

 

LG

LG ကလည္း ၂၀၁၉ ခုႏွစ္ အေစာပိုင္းမွာ အေမရိကကို 5G စမတ္ဖုန္း ျဖန႔္ျဖဴးေရာင္းခ်မွာလို႔ ေၾကညာၿပီးသား ျဖစ္ပါတယ္။ အနည္းဆုံးေတာ့ LG ရဲ႕ G seires ေတြထဲက တစ္ခုခုဟာ 5G စမတ္ဖုန္း ျဖစ္လာမွာပါ။ LG G7 ThinQ လား ဒါမွမဟုတ္ G8 လားဆိုတာကို ေစာင့္ၾကည့္႐ုံပါပဲ။

 

Samsung

Samsung ကလည္း 5G-ready Exynos modem ေတြအေၾကာင္းကို ေၾကညာၿပီးသားမို႔ ေသခ်ာေပါက္ 5G စမတ္ဖုန္း ထုတ္မယ့္စာရင္းထဲ ဝင္ၿပီးသားပါ။ ေလာေလာဆယ္ ေရပန္းစားေနတာက Samsung Galaxy S10 ပါ။ Samsung ရဲ႕ 5G စမတ္ဖုန္းေတြ ေဈးကြက္ထဲေရာက္ခ်ိန္က ၂၀၁၉ ခုႏွစ္ အေစာပိုင္းမွာ ျဖစ္မလား၊ ဒါမွမဟုတ္ ဒုတိယႏွစ္ဝက္ေလာက္မွာမွ ျဖစ္မလား ဆိုတာပဲ ေစာင့္ၾကည့္ရမွာပါ။ ေနာက္တစ္ခုက Galaxy S10 model ၄ ခုလုံးမွာ 5G ေထာက္ပံ့ေပးမွာလား ဆိုတာကို ေစာင့္ၾကည့္ဖို႔ပါ။

 

Vivo and Oppo

Vivo နဲ႔ Oppo တို႔က BKK Electronic ရဲ႕ လက္ေအာက္က ကုမၸဏီေတြပါ။ Vivo Nex ဟာ Qualcomm ရဲ႕ X50 modem နဲ႔ အဆင့္ျမႇင့္ၿပီး စမ္းသပ္မႈကို ေအာင္ျမင္ခဲ့ၿပီးသားဆိုေတာ့ Vivo ကိုလည္း 5G စမတ္ဖုန္းစာရင္းထဲမွာ ထည့္သြင္းထားရပါမယ္။ Oppo ကလည္း Oppo R15 ကို X50 modem နဲ႔ စမ္းသပ္ေအာင္ျမင္ခဲ့ၿပီးပါၿပီ။ ဒါေၾကာင့္ Vivo နဲ႔ Oppo တို႔ Brand ႏွစ္ခုမွာ ဘယ္တစ္ခုက 5G ဖုန္းကို ေဈးကြက္ထဲ အရင္ပို႔ႏိုင္မလဲဆိုတာကိုပဲ ေစာင့္ၾကည့္ရမွာပါ။

 

Sony

5G စမတ္ဖုန္းအေၾကာင္းေျပာတဲ့ အထဲမွာ Sony ကေတာ့ သိပ္ၿပီး အသံမက်ယ္ဘူးလို႔ ဆိုရမွာပါ။ ေဖ်ာ္ေျဖေရးက႑ေတြျဖစ္တဲ့ Music, Video, Gaming စတဲ့ Media content ေတြ အမ်ားႀကီးနဲ႔ ကုမၸဏီက 5G စမတ္ဖုန္းကို ေဈးကြက္ထဲ မပို႔ဘဲမေနပါဘူး။ ဒါေၾကာင့္ အသံသိပ္မထြက္ေပမယ့္ 5G ၿပိဳင္ပြဲႀကီးမွာ မပါဘူးလို႔ ခ်န္ထားခဲ့ရေလာက္ေအာင္ ေနာက္က်ေနတာမဟုတ္လို႔ စာရင္းမွတ္ထားရမယ့္ အမွတ္တံဆိပ္ ျဖစ္ပါတယ္။

 

Ref: Android Authority

 

[Unicode]

5G ကွန်ရက်တွေဟာ လာမယ့် ၂၀၁၉ ခုနှစ်မှာ အရှိန်အဟုန်နဲ့ ဖြန့်ကျက်တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် စမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေကလည်း အပြိုင်အဆိုင်ဆိုသလို 5G ကွန်ရက်နဲ့ ချိတ်ဆက်နိုင်မယ့် ဖုန်းတွေကို ထုတ်လုပ်ဖို့ ကြိုးစားနေကြပါတယ်။ လက်ရှိအချိန်မှာ 5G ကွန်ရက်နဲ့ ချိတ်ဆက်နိုင်ဖို့ စမ်းသပ်ပြီးစီးနေတဲ့ စမတ်ဖုန်း အမှတ်တံဆိပ်က အနည်းငယ်သာ ရှိနေပါသေးတယ်။ 5G စမတ်ဖုန်းအတွက် နာမည်ကြီးနေတာတွေထဲကမှ တကယ်တမ်း အကောင်အထည်ဖော်နိုင်ခြေရှိတဲ့ အမှတ်တံဆိပ်အချို့ကို ရွေးချယ် ဖော်ပြပေးချင်ပါတယ်။

 

Google

Google ရဲ့ ထုတ်ကုန်တွေက 5G နည်းပညာအတွက် အဆင်သင့် ရှိနေမယ်ဆိုတာ သံသယ ဖြစ်စရာမလိုပါဘူး။ Google ရဲ့ Pixel 3 ဟာ နောက်ဆုံးပေါ် နည်းပညာအချို့နဲ့ လွဲချော်ခဲ့တယ် ဆိုပေမယ့် လာမယ့် Pixel 4 မှာတော့ 5G ကို ထောက်ပံ့ပေးလာမှာ သေချာသလောက် ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ Google ဟာ 5G နည်းပညာနယ်ပယ်မှာ နာမည်ကြီးနေတဲ့ Verizon နဲ့ မိတ်ဆွေကောင်းတွေ ဖြစ်ကြပြီးသား မို့လို့ပါပဲ။

 

 

HMD Global (Nokia)

Nokia ကလည်း 5G နည်းပညာနဲ့အတူ စမတ်ဖုန်းလောကထဲမှာ ပြန်လည်နေရာယူလာမယ့် အမှတ်တံဆိပ်တစ်ခုလို့ သတ်မှတ်ထားရမှာပါ။ HMD Global ဆိုလိုက်တာနဲ့ 5G-ready Snapdragon X50 5G modem ကို တွဲပြီး မြင်နိုင်လောက်ပါတယ်။ ဒါပေမယ့် Nokia ရဲ့ 5G စမတ်ဖုန်းကို လာမယ့် ၂၀၁၉ ခုနှစ်မှာ မြင်တွေ့ရမယ်လို့ တရားသေ ပြောလို့ မရသေးပါဘူး။ သေချာတာတစ်ခုကတော့ Nokia ရဲ့ အနာဂတ် စီမံကိန်းထဲမှာ 5G က ပါနေတယ်ဆိုတာပါပဲ။

ပြီးခဲ့တဲ့ မေလတုန်းက HMD Global က တရုတ်နိုင်ငံ ရှင်းကျင့်မှာ Future Lab ကို ဖွင့်လှစ်ခဲ့ပါတယ်။ 5G လို မျိုးဆက်သစ် နည်းပညာတွေနဲ့ ဆက်စပ်တဲ့ အရာတွေ၊ AI နည်းပညာတွေအတွက် ခြေလှမ်းစခဲ့တာပါ။ အချို့ သတင်းတွေမှာဆိုရင် Nokia 5G ဖုန်းက လာတော့မယ်လို့တောင် ဖော်ပြနေကြတာပါ။

 

Huawei

Huawei ကတော့ 5G စမတ်ဖုန်းနဲ့ ပတ်သက်ရင် မဖြစ်နိုင်ဘူးလို့ ပြောစရာ တစ်ကွက်မှမရှိတဲ့ အမှတ်တံဆိပ်ပါ။ တရုတ်နိုင်ငံရဲ့ 5G ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်တွေမှာ ထင်ထင်ရှားရှားပါဝင်နေတဲ့ ထုတ်လုပ်မှုကုမ္ပဏီကြီးတစ်ခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလမှာ ဖော်ပြခဲ့တဲ့ ကိုပြန်ကြည့်မယ်ဆိုရင် Huawei ဟာ 2009 ခုနှစ်ကနေစပြီး 5G သုတေသနအတွက် အသုံးပြုခဲ့တဲ့ငွေဟာ အမေရိကန်ဒေါ်လာ သန်းခြောက်ရာ အထိ ရှိနေပြီဆိုတာပါပဲ။

Huawei ရဲ့ ထုတ်ကုန်တွေကို အမေရိကန်ဈေးကွက်မှာ မဖြန့်ဖြူးနိုင်ဘူးဆိုပေမယ့် အခြားဥရောပနိုင်ငံတွေမှာတော့ အခြေအနေကောင်းတွေ ရှိနေသေးတာပါ။ ဥရောပ ဈေးကွက်ထဲရောက်လာတဲ့ ပထမဆုံး 5G ဖုန်းအမှတ်တံဆိပ်က Huawei ဖြစ်နေရင်တောင် အံ့သြစရာ မကောင်းလှပါဘူး။ လာမယ့် ၂၀၁၉ Mobile World Congress မှာ Huawei က ဘာတွေပြမလဲဆိုတာကိုပဲ စောင့်ကြည့်ရမှာပါ။

 

Honor

Honor ဆိုတာက Huawei ရဲ့ လက်အောက်ခံ အမှတ်တံဆိပ်မှန်း အားလုံးသိကြမှာပါ။ Honor ရဲ့ CEO George Zhao က Honor အနေနဲ့ ကမ္ဘာ့ပထမဆုံး 5G စမတ်ဖုန်းကို လာမယ့်နှစ်မှာ ဖြန့်ဖြူးသွားမယ်လို့ ကြေညာခဲ့ဖူးပါတယ်။ Honor ကို Mid-range တွေပဲ ထုတ်တဲ့ အမှတ်တံဆိပ်လို့ အားလုံးက သတ်မှတ်ထားပေမယ့် Huawei ရဲ့ 5G စမ်းသပ်မှု ရှေ့ပြေးအဖြစ် ပွဲထွက်လာနိုင်တယ်ဆိုတဲ့ အချက်လည်း ရှိပါသေးတယ်။ Zhao ပြောတဲ့အတိုင်း ကမ္ဘာ့ပထမဆုံး ဖြစ်မဖြစ်သာ စောင့်ကြည့်ရမှာပါ။

 

 

HTC

စမတ်ဖုန်းလောကမှာ အတော်လေး ငြိမ်သက်သွားခဲ့တဲ့ HTC က လာမယ့် နှစ်ကုန်ပိုင်းမှာ သူ့ရဲ့ ထုတ်ကုန်သစ်နဲ့ ပြန်ပြီးလှုပ်ရှားလာတော့မှာပါ။ ၂၀၁၉ မှာလည်း ဆန်းသစ်တဲ့ တီထွင်မှုတွေနဲ့ ရှေ့ဆက်သွားမယ်လို့ ကြွေးကျော်ထားပါသေးတယ်။ Snapdragon 855 ဒါမှမဟုတ် 8150 လို့ခေါ်တဲ့ Qualcomm ရဲ့ Flagship SoC အသစ်က HTC ရဲ့ ဖုန်းတွေထဲမှာ နေရာယူသွားနိုင်ပါတယ်။

နောက်ထပ် ဖြစ်နိုင်ခြေရှိတဲ့အချက်အလက်က HTC ကလည်း တရုတ်နိုင်ငံရဲ့ 5G ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းထဲမှာ ပါဝင်နေတာပါ။ ဒီတော့ ဟိုးတုန်းကတည်းက ပုံပြင်တစ်ပုဒ်လိုဖြစ်နေတဲ့ ကောလာဟလဖြစ်တဲ့ Vive ဟာ 5G စမတ်ဖုန်း ဖြစ်လာမလားလို့ စောင့်ကြည့်ချင်စရာပါ။

 

Lenovo

Lenovo ကိုလည်း 5G စမတ်ဖုန်းတွေ စီးပွားဖြစ်ထုတ်လုပ်နိုင်တဲ့ စာရင်းထဲမှာ မထည့်မဖြစ် ထည့်ထားရမှာပါ။ Lenovo ဆိုတာ Motorola ကို မွေးဖွားပေးလိုက်တဲ့ ကုမ္ပဏီဆိုတာကိုလည်း မေ့လို့မဖြစ်ပါဘူး။ ဒါပေမယ့် Lenovo နဲ့ Motorola တို့ရဲ့ ခြေလှမ်းတွေကတော့ Huawei လောက် မသွက်လက်ဘူးလို့ ယူဆစရရှိပါတယ်။ ဒါကြောင့် ကမ္ဘာ့ပထမဆုံး 5G စမတ်ဖုန်းကို စတင်ရောင်းချသူတော့ မဖြစ်လာနိုင်ပါဘူး။ Moto Z3 ဒါမှမဟုတ် Moto Z4 နှစ်ခုထဲက တစ်ခု၊ ဒါမှမဟုတ် နှစ်ခုလုံးက 5G စမတ်ဖုန်း ဖြစ်လာမှာပါ။ ဘယ်တော့ ထွက်မလဲပဲ စောင့်ကြည့်ရမှာပါ။

 

LG

LG ကလည်း ၂၀၁၉ ခုနှစ် အစောပိုင်းမှာ အမေရိကကို 5G စမတ်ဖုန်း ဖြန့်ဖြူးရောင်းချမှာလို့ ကြေညာပြီးသား ဖြစ်ပါတယ်။ အနည်းဆုံးတော့ LG ရဲ့ G seires တွေထဲက တစ်ခုခုဟာ 5G စမတ်ဖုန်း ဖြစ်လာမှာပါ။ LG G7 ThinQ လား ဒါမှမဟုတ် G8 လားဆိုတာကို စောင့်ကြည့်ရုံပါပဲ။

 

Samsung

Samsung ကလည်း 5G-ready Exynos modem တွေအကြောင်းကို ကြေညာပြီးသားမို့ သေချာပေါက် 5G စမတ်ဖုန်း ထုတ်မယ့်စာရင်းထဲ ဝင်ပြီးသားပါ။ လောလောဆယ် ရေပန်းစားနေတာက Samsung Galaxy S10 ပါ။ Samsung ရဲ့ 5G စမတ်ဖုန်းတွေ ဈေးကွက်ထဲရောက်ချိန်က ၂၀၁၉ ခုနှစ် အစောပိုင်းမှာ ဖြစ်မလား၊ ဒါမှမဟုတ် ဒုတိယနှစ်ဝက်လောက်မှာမှ ဖြစ်မလား ဆိုတာပဲ စောင့်ကြည့်ရမှာပါ။ နောက်တစ်ခုက Galaxy S10 model ၄ ခုလုံးမှာ 5G ထောက်ပံ့ပေးမှာလား ဆိုတာကို စောင့်ကြည့်ဖို့ပါ။

 

Vivo and Oppo

Vivo နဲ့ Oppo တို့က BKK Electronic ရဲ့ လက်အောက်က ကုမ္ပဏီတွေပါ။ Vivo Nex ဟာ Qualcomm ရဲ့ X50 modem နဲ့ အဆင့်မြှင့်ပြီး စမ်းသပ်မှုကို အောင်မြင်ခဲ့ပြီးသားဆိုတော့ Vivo ကိုလည်း 5G စမတ်ဖုန်းစာရင်းထဲမှာ ထည့်သွင်းထားရပါမယ်။ Oppo ကလည်း Oppo R15 ကို X50 modem နဲ့ စမ်းသပ်အောင်မြင်ခဲ့ပြီးပါပြီ။ ဒါကြောင့် Vivo နဲ့ Oppo တို့ Brand နှစ်ခုမှာ ဘယ်တစ်ခုက 5G ဖုန်းကို ဈေးကွက်ထဲ အရင်ပို့နိုင်မလဲဆိုတာကိုပဲ စောင့်ကြည့်ရမှာပါ။

 

Sony

5G စမတ်ဖုန်းအကြောင်းပြောတဲ့ အထဲမှာ Sony ကတော့ သိပ်ပြီး အသံမကျယ်ဘူးလို့ ဆိုရမှာပါ။ ဖျော်ဖြေရေးကဏ္ဍတွေဖြစ်တဲ့ Music, Video, Gaming စတဲ့ Media content တွေ အများကြီးနဲ့ ကုမ္ပဏီက 5G စမတ်ဖုန်းကို ဈေးကွက်ထဲ မပို့ဘဲမနေပါဘူး။ ဒါကြောင့် အသံသိပ်မထွက်ပေမယ့် 5G ပြိုင်ပွဲကြီးမှာ မပါဘူးလို့ ချန်ထားခဲ့ရလောက်အောင် နောက်ကျနေတာမဟုတ်လို့ စာရင်းမှတ်ထားရမယ့် အမှတ်တံဆိပ် ဖြစ်ပါတယ်။

 

Ref: Android Authority