အများအားဖြင့် ဖုန်းတစ်လုံးက တစ်နေ့လုံးနီးပါးအသုံးခံလေ့ရှိပါတယ်။ ဒါပေမယ့် ကိုယ်က Game တွေဆော့၊ အင်တာနက်တွေသုံး၊ ရုပ်ရှင်တွေကြည့် စတဲ့ ဖုန်းကို အလုပ်ပေးတာများရင်တော့ ဘက်ထရီ ပိုကုန်လေ့ရှိပါတယ်။ ဒါဆိုရင်တော့ ခဏခဏ ဘက်ထရီ ပြန်အားသွင်းပေးဖို့ လိုပါလိမ့်မယ်။
ဖုန်းရဲ့သက်တမ်း ကြာလာတာနဲ့အမျှ ဖုန်းရဲ့ ဘက်ထရီကလည်း အရင်လောက် မခံတော့ပါဘူး။
အရင်က Keypad ဖုန်းတွေကတော့ Function တွေမများတာကြောင့် ဖုန်းဘက်ထရီ အရမ်းကြာရှည်ခံလေ့ရှိပါတယ်။ ဒါပေမယ့် ကိုယ်က စမတ်ဖုန်းအသုံးပြုဖို့လည်း လိုအပ်နေတယ်။ ဖုန်းသုံးတာများတဲ့သူဖြစ်ပြီး ဖုန်းကို တချိန်လုံး ဖွင့်ထားရဖို့ လိုတဲ့သူဖြစ်နေရင်တော့ ဘက်ထရီအားကောင်းတဲ့ ဖုန်းတွေကို စဉ်းစားသင့်ပါတယ်။
CNet နည်းပညာ Website တစ်ခုက ဖုန်းတွေရဲ့ ဘက်ထရီ ခံနိုင်ရည်အားကို စမ်းသပ်ခဲ့ပါတယ်။
ဘက်ထရီအား အကောင်းဆုံး စမတ်ဖုန်း ၆ မျိုးကို ဝေမျှပေးချင်ပါတယ်။ ဖုန်းတွေကို ပုံစံတူ Application တွေသွင်း run စေပြီး၊ ရုပ်ရှင်တွေကို HD နဲ့ Resolution အတူတူထားပြီး ဖွင့်ကြည့်ခြင်း၊ ဂိမ်းဆော့ခြင်းစတာတို့နဲ့ စမ်းသပ်ထားတာပါ။
Samsung Galaxy S8 Plus
Samsung Galaxy S8 Plus ရဲ့ မျက်နှာပြင်က ကြီးမားပြီး ၆.၂ လက်မရှိပါတယ်။ Galaxy S8 မှာပါတဲ့ Software တွေရော Hardware တွေရော ပါ ပါဝင်ပေမယ့် ဘက်ထရီအားကတော့ ပိုကြီးပါတယ်။ စမ်းသပ်ခန်းထဲမှာ စမ်းသပ်ချက်အရ ၁၈ နာရီလောက် အသုံးခံပါတယ်။
Samsung Galaxy A7
စမ်းသပ်ခန်း (Lab) ထဲမှာ စမ်းသပ်ချက်အရ ၂၂ နာရီလောက်ကြာရှည်ခံပါတယ်။ Galaxy A7 က Samsung ဖုန်းတွေထဲမှာ အလယ်အလတ်တန်ဖိုးရှိတဲ့ ဖုန်းဖြစ်ပေမယ့် ဘက်ထရီအားကတော့ ကောင်းပါတယ်။
Motorola Moto Z Play
Motorola ကုမ္ပဏီကထုတ်တဲ့ Moto Z Play စမတ်ဖုန်းဟာလည်း အလယ်အလတ်တန်ဖိုးရှိတဲ့ ဖုန်းဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၅၀၀ ကျော်နဲ့ ရောင်းချခဲ့ကြတာပါ။ သူလည်း ဘက်ထရီက ၂၃ နာရီနဲ့ ၃ မိနစ်ခံပါတယ်။
Huawei Mate 9
မျက်နှာပြင် အရွယ်အစားကြီးတဲ့ Mate 9 မှာ စွမ်းအားရှိတဲ့ Kirin 960 Octa-Processor အသုံးပြုထားပါတယ်။ အဲ့ဒီအပြင် ဘက်ထရီကလည်း 4000 mAh ဘက်ထရီကို အသုံးပြုထားပါတယ်။ စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ပြီးတဲ့အခါမှာတော့ ဘက်ထရီအားက ၁၈ နာရီနဲ့ ၃၅ မိနစ် ခံခဲ့ပါတယ်။
OnePlus 3T
အမေရိကန်ဒေါ်လာ ၄၃၉ နဲ့ ရောင်းချခဲ့တဲ့ One Plus 3T စမတ်ဖုန်းဟာ ကုမ္ပဏီက OnePlus 3 စမတ်ဖုန်းကို အဆင့်မြင့်တင်ပြီး ထုတ်လုပ်ထားတာပါ။ သူ့မှာ Snapdragon 821 Processor ကိုအသုံးပြုထားပြီး ပြတ်သားတဲ့ အရှေ့ကင်မရာလည်းပါဝင်ပါတယ်။ သူ့ ဘက်ထရီကတော့ ၁၆ နာရီ ခံနိုင်ရည်ရှိပါတယ်။
Oppo R9s Plus
iPhone ဒီဇိုင်းလိုမျိုးထုတ်လုပ်ထားပြီး ဂိမ်းဆော့ရင်တော့ ဖုန်းက နည်းနည်းပူလေ့ရှိပါတယ်။ မျက်နှာပြင်အရွယ်အစားကတော့ ၆ လက်မလောက်ရှိပါတယ်။ ဖုန်းဘက်ထရီကတော့ ၁၅ နာရီနဲ့ မိနစ် ၄၀ လောက်ခံပါတယ်။