Zawgyi

Xiaomi ကေနျပီး Xiaomi Mi Play ကို မၾကာေသးခင္ကမွ တရားဝင္မိတ္ဆက္လိုက္ပါျပီ။ Xiaomi Mi Play ဟာ Xiaomi ရဲ႕ စမတ္ဖုန္း စီးရီး အသစ္ျဖစ္ျပီး ေကာလဟလေတြနဲ႔ သတင္းေပါက္ၾကားခ်က္ေတြ သိပ္ထြက္မလာပဲ Xiaomi ကေန ရုတ္တရက္ မိတ္ဆက္လိုက္တဲ့ ဖုန္းတစ္လံုးပါ။ Xiaomi Mi Play နဲ႔ပက္သက္ျပီး ထူးျခားခ်က္တစ္ခုကေတာ့ Mediatek ရဲ႕ P35 SoC ကို အသံုးျပဳထားတဲ့ အခ်က္ပါပဲ။ Xiaomi ဟာ Redmi Note 4 ေနာက္ပိုင္းမွာ သူ႔ရဲ႕ ဖုန္းတိုင္းလိုလိုမွာ Snapdragon SoC ေတြပဲသံုးခဲ့ပါတယ္။ Mi Play မထြက္ခင္ ရက္အနည္းငယ္ အလိုမွာ Mi Play ဟာ Gaming ဖုန္းျဖစ္ႏိုင္တယ္လို႔ ခန္႔မွန္းခဲ့ျပီး Qualcomm ရဲ႕ စြမ္းေဆာင္ရည္ျမင့္ SoC တစ္မ်ိဳးမ်ိဳး အသံုးျပဳခဲ့မယ္လို႔ ခန္႔မွန္းခဲ့ေပမယ့္ လက္ေတြ႔မွာေတာ့ Mi Play ဟာ Gaming ဖုန္းမဟုတ္တဲ့ အျပင္ Qualcomm ရဲ႕ Snapdragon SoC ကိုေတာင္အသံုးမျပဳပဲ Mediatek ရဲ႕ SoC ျဖစ္တဲ့ Mediatek P35 ကို အသံုးျ႔ပဳထားပါတယ္။ Qualcomm ရဲ႕ အမာခံ ေဖာက္သည္ၾကီးျဖစ္တဲ့ Xiaomi ဟာ ဘာလို႔ Snapdragon ကိုေက်ာ္ျပီး Mediatek ကို ေရြးခဲ့လည္းဆိုတာကေတာ့ စဥ္းစားစရာပါ။ အဲ့ေတာ့ Mi Play မွာ သံုးထားတဲ့ Mediatek P35 က ဘာေတြထူးျခားေနလဲ ဆိုတာ ၾကည့္လိုက္ရေအာင္။

Helio P35 ဟာ Mediatek ရဲ႕ Premium SoC Series ပါ။ Premium ဆိုေပမယ့္ Qualcomm ရဲ႕ Snapdragon Series ေတြနဲ႔ ယွဥ္ၾကည့္ရင္ေတာ့ Snapdragon 600 Series ေတြေလာက္ပဲရွိပါတယ္။ အနီးကပ္ဆံုး ႏွိုင္းယွဥ္ျပရရင္ Snapdragon 630 နဲ႔ စြမ္းေဆာင္ရည္ ဆင္တူပါတယ္။ လက္ရွိ ေခတ္စားေနတဲ့ 10nm ဖြဲ႔စည္းပံုနဲ႔ မဟုတ္ပဲ 12nm ျဖစ္တာေၾကာင့္ ပါဝါသံုးစြဲႏွုန္းေတာ့ ပိုျမင့္ႏိုင္ပါတယ္။ TSMC ရဲ႕ 12nm အရြယ္အစားရွိ FinFET လို႔ေခၚတဲ့ နည္းပညာနဲ႔ ဖြဲ႔စည္းထားတဲ့ Chip တစ္ခုပါ။ Core ရွစ္လံုးပါဝင္ျပီး Core အကုန္လံုးဟာ Cortex-A53 ေတြျဖစ္ျပီး အျမန္ႏွုန္း 2.3GHz ရွိပါတယ္။ Qualcomm ရဲ႕ Snapdragon 630 မွာလည္း Cortex-A53 ေတြပါဝင္ျပီး 2.2GHz ပဲရွိတာေၾကာင့္ P35 က Snapdragon 630 ထက္ အနည္းငယ္ ပိုျမန္တယ္လို႔ ဆိုႏိုင္ပါတယ္။ ဒါ့အျပင္ Snapdragon 630 ဟာ 14nm အရြယ္အစားရွိတာေၾကာင့္ 12nm အသံုးျပဳထားတဲ့ P35 က ပါဝါစား သက္သာမွာပါ။

GPU ကေတာ့ PowerVR GE8320 ကို အသံုးျပဳထားပါတယ္။ အျမန္ႏွုန္းအေနနဲ႔ 680MHz ရွိတာေၾကာင့္ PUBG Mobile ေဆာ့လို႔ရတဲ့ အေနအထားမွာရွိပါတယ္။ Mediatek ရဲ႕ အဆိုအရ FHD+ Display အေထာက္အပ့ံေပးျပီး 20:9 အခ်ိဳးအစား ထိ အေထာက္အပ့ံေပးတယ္လို႔ဆိုပါတယ္။ LPDDR3 နဲ႔ LPDDR4 အမ်ိဳးအစား RAM ေတြကို တပ္ဆင္ေပးႏိုင္ျပီး RAM အမ်ိဳးအစားကေတာ့ ဖုန္းထုတ္လုပ္တဲ့သူ ေရြးခ်ယ္တဲ့ အေပၚပဲ မူတည္ပါတယ္။ ကင္မရာပိုင္းမွာဆိုရင္ေတာ့ ပရို အဆင့္ Bokeh ပံုေတြရိုက္ေပးႏိုင္တဲ့ လုပ္ေဆာင္ခ်က္ေလးပါလာတယ္။ EIS လည္းပါဝင္လို႔ လက္တုန္တာေၾကာင့္ ပံုရိပ္ေတြ ေဝဝါးျခင္းကေန ကာကြယ္ေပးပါတယ္။ Rolling Shutter Compensation လို႔ေခၚတဲ့ လုပ္ေဆာင္ခ်က္တစ္ခုလည္းပါဝင္ျပီး Jelly Effect လို႔ေခၚတဲ့ လွုပ္ရွားေနတဲ့ အရာဝတၳဳေတြကို ရိုက္ကူးရာကေနျဖစ္ေပၚလာတဲ့ ပံုရိပ္ေတြ ေရြ႕ေဆာင္းျခင္းကို ကာကြယ္ေပးတဲ့ လုပ္ေဆာင္ခ်က္ေလးတစ္ခုပါဝင္လာပါတယ္။ AI Face ID နဲ႔ တစ္ျခား AI Feature ေတြလည္း ပါဝင္ပါေသးတယ္။ Bluetooth 5.0 ဆို ေနာက္ဆံုးေပၚ ဆက္သြယ္ေရး စနစ္ေတြလည္းပါဝင္ပါေသးတယ္။

အခုအခ်ိန္မွာ Mediatek ဟာ အထင္ေသးလို႔မရေတာ့တဲ့ Mobile SoC Brand တစ္ခုျဖစ္လာပါျပီ။ P35 ဟာအနည္းငယ္ အားနည္းေနေသးတယ္လို႔ဆိုႏုိင္ေပမယ့္ P60 နဲ႔ P70 တို႔လို SoC ေတြဟာဆိုရင္ Mediatek ရဲ႕ တိုးတက္မွုကို သက္ေသျပေနတဲ့ SoC ေတြပါပဲ။ Mi Play အတြက္ Mediatek ကို ေရြးခ်ယ္လိုက္တဲ့ Xiaomi ရဲ႕ အေၾကာင္းရင္းကေတာ့ ရွင္းပါတယ္။ ေပါေခ်ာင္ေကာင္းကို သံုးလိုက္တယ္လို႔ ဆိုႏိုင္ပါတယ္။ Qualcomm ရဲ႕ ေစ်းသက္သာတဲ့ Chip ေတြအသံုးျပဳရင္ေတာ့ P35 ေလာက္ Feature မစံုတာကေတာ့ အေသခ်ာပါပဲ။ ေစ်းေပါေပမယ့္ အရည္အေသြးေကာင္းတဲ့ Chip တစ္ခုအျဖစ္ P35 ကို ေရြးလိုက္တာက မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္တစ္ခု ျဖစ္ပါတယ္။ မေကာင္းတဲ့ အခ်က္ကေတာ့ Mediatek ဟာ Source Code ေတြထုတ္မေပးတက္လို႔ Snapdragon ေတြလိုေတာ့ Custom ROM မ်ားမွာ မဟုတ္ပါဘူး။

Ref: Gizmo China

Unicode

Xiaomi ကနေပြီး Xiaomi Mi Play ကို မကြာသေးခင်ကမှ တရားဝင်မိတ်ဆက်လိုက်ပါပြီ။ Xiaomi Mi Play ဟာ Xiaomi ရဲ့ စမတ်ဖုန်း စီးရီး အသစ်ဖြစ်ပြီး ကောလဟလတွေနဲ့ သတင်းပေါက်ကြားချက်တွေ သိပ်ထွက်မလာပဲ Xiaomi ကနေ ရုတ်တရက် မိတ်ဆက်လိုက်တဲ့ ဖုန်းတစ်လုံးပါ။ Xiaomi Mi Play နဲ့ပက်သက်ပြီး ထူးခြားချက်တစ်ခုကတော့ Mediatek ရဲ့ P35 SoC ကို အသုံးပြုထားတဲ့ အချက်ပါပဲ။ Xiaomi ဟာ Redmi Note 4 နောက်ပိုင်းမှာ သူ့ရဲ့ ဖုန်းတိုင်းလိုလိုမှာ Snapdragon SoC တွေပဲသုံးခဲ့ပါတယ်။ Mi Play မထွက်ခင် ရက်အနည်းငယ် အလိုမှာ Mi Play ဟာ Gaming ဖုန်းဖြစ်နိုင်တယ်လို့ ခန့်မှန်းခဲ့ပြီး Qualcomm ရဲ့ စွမ်းဆောင်ရည်မြင့် SoC တစ်မျိုးမျိုး အသုံးပြုခဲ့မယ်လို့ ခန့်မှန်းခဲ့ပေမယ့် လက်တွေ့မှာတော့ Mi Play ဟာ Gaming ဖုန်းမဟုတ်တဲ့ အပြင် Qualcomm ရဲ့ Snapdragon SoC ကိုတောင်အသုံးမပြုပဲ Mediatek ရဲ့ SoC ဖြစ်တဲ့ Mediatek P35 ကို အသုံးြ့ပုထားပါတယ်။ Qualcomm ရဲ့ အမာခံ ဖောက်သည်ကြီးဖြစ်တဲ့ Xiaomi ဟာ ဘာလို့ Snapdragon ကိုကျော်ပြီး Mediatek ကို ရွေးခဲ့လည်းဆိုတာကတော့ စဉ်းစားစရာပါ။ အဲ့တော့ Mi Play မှာ သုံးထားတဲ့ Mediatek P35 က ဘာတွေထူးခြားနေလဲ ဆိုတာ ကြည့်လိုက်ရအောင်။

Helio P35 ဟာ Mediatek ရဲ့ Premium SoC Series ပါ။ Premium ဆိုပေမယ့် Qualcomm ရဲ့ Snapdragon Series တွေနဲ့ ယှဉ်ကြည့်ရင်တော့ Snapdragon 600 Series တွေလောက်ပဲရှိပါတယ်။ အနီးကပ်ဆုံး နှိုင်းယှဉ်ပြရရင် Snapdragon 630 နဲ့ စွမ်းဆောင်ရည် ဆင်တူပါတယ်။ လက်ရှိ ခေတ်စားနေတဲ့ 10nm ဖွဲ့စည်းပုံနဲ့ မဟုတ်ပဲ 12nm ဖြစ်တာကြောင့် ပါဝါသုံးစွဲနှုန်းတော့ ပိုမြင့်နိုင်ပါတယ်။ TSMC ရဲ့ 12nm အရွယ်အစားရှိ FinFET လို့ခေါ်တဲ့ နည်းပညာနဲ့ ဖွဲ့စည်းထားတဲ့ Chip တစ်ခုပါ။ Core ရှစ်လုံးပါဝင်ပြီး Core အကုန်လုံးဟာ Cortex-A53 တွေဖြစ်ပြီး အမြန်နှုန်း 2.3GHz ရှိပါတယ်။ Qualcomm ရဲ့ Snapdragon 630 မှာလည်း Cortex-A53 တွေပါဝင်ပြီး 2.2GHz ပဲရှိတာကြောင့် P35 က Snapdragon 630 ထက် အနည်းငယ် ပိုမြန်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် Snapdragon 630 ဟာ 14nm အရွယ်အစားရှိတာကြောင့် 12nm အသုံးပြုထားတဲ့ P35 က ပါဝါစား သက်သာမှာပါ။

GPU ကတော့ PowerVR GE8320 ကို အသုံးပြုထားပါတယ်။ အမြန်နှုန်းအနေနဲ့ 680MHz ရှိတာကြောင့် PUBG Mobile ဆော့လို့ရတဲ့ အနေအထားမှာရှိပါတယ်။ Mediatek ရဲ့ အဆိုအရ FHD+ Display အထောက်အပံ့ပေးပြီး 20:9 အချိုးအစား ထိ အထောက်အပံ့ပေးတယ်လို့ဆိုပါတယ်။ LPDDR3 နဲ့ LPDDR4 အမျိုးအစား RAM တွေကို တပ်ဆင်ပေးနိုင်ပြီး RAM အမျိုးအစားကတော့ ဖုန်းထုတ်လုပ်တဲ့သူ ရွေးချယ်တဲ့ အပေါ်ပဲ မူတည်ပါတယ်။ ကင်မရာပိုင်းမှာဆိုရင်တော့ ပရို အဆင့် Bokeh ပုံတွေရိုက်ပေးနိုင်တဲ့ လုပ်ဆောင်ချက်လေးပါလာတယ်။ EIS လည်းပါဝင်လို့ လက်တုန်တာကြောင့် ပုံရိပ်တွေ ဝေဝါးခြင်းကနေ ကာကွယ်ပေးပါတယ်။ Rolling Shutter Compensation လို့ခေါ်တဲ့ လုပ်ဆောင်ချက်တစ်ခုလည်းပါဝင်ပြီး Jelly Effect လို့ခေါ်တဲ့ လှုပ်ရှားနေတဲ့ အရာဝတ္ထုတွေကို ရိုက်ကူးရာကနေဖြစ်ပေါ်လာတဲ့ ပုံရိပ်တွေ ရွေ့ဆောင်းခြင်းကို ကာကွယ်ပေးတဲ့ လုပ်ဆောင်ချက်လေးတစ်ခုပါဝင်လာပါတယ်။ AI Face ID နဲ့ တစ်ခြား AI Feature တွေလည်း ပါဝင်ပါသေးတယ်။ Bluetooth 5.0 ဆို နောက်ဆုံးပေါ် ဆက်သွယ်ရေး စနစ်တွေလည်းပါဝင်ပါသေးတယ်။

အခုအချိန်မှာ Mediatek ဟာ အထင်သေးလို့မရတော့တဲ့ Mobile SoC Brand တစ်ခုဖြစ်လာပါပြီ။ P35 ဟာအနည်းငယ် အားနည်းနေသေးတယ်လို့ဆိုနိုင်ပေမယ့် P60 နဲ့ P70 တို့လို SoC တွေဟာဆိုရင် Mediatek ရဲ့ တိုးတက်မှုကို သက်သေပြနေတဲ့ SoC တွေပါပဲ။ Mi Play အတွက် Mediatek ကို ရွေးချယ်လိုက်တဲ့ Xiaomi ရဲ့ အကြောင်းရင်းကတော့ ရှင်းပါတယ်။ ပေါချောင်ကောင်းကို သုံးလိုက်တယ်လို့ ဆိုနိုင်ပါတယ်။ Qualcomm ရဲ့ ဈေးသက်သာတဲ့ Chip တွေအသုံးပြုရင်တော့ P35 လောက် Feature မစုံတာကတော့ အသေချာပါပဲ။ ဈေးပေါပေမယ့် အရည်အသွေးကောင်းတဲ့ Chip တစ်ခုအဖြစ် P35 ကို ရွေးလိုက်တာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပါတယ်။ မကောင်းတဲ့ အချက်ကတော့ Mediatek ဟာ Source Code တွေထုတ်မပေးတက်လို့ Snapdragon တွေလိုတော့ Custom ROM များမှာ မဟုတ်ပါဘူး။

Ref: Gizmo China