[Zawgyi]

Qualcomm ဟာ Premium Mid-range Chipset အမ်ိဴးအစားျဖစ္တဲ့ Snapdragon 712 ကို လြန္ခဲ့တဲ့ ရက္ပိုင္းတုန္းက မိတ္ဆက္ခဲ့ပါတယ္။ အဆိုပါ Chipset ဟာ Snapdragon 710 လိုမ်ိဴး 10nm Architecture အေပၚမွာပဲ အေျခခံၿပီး ဖြဲ႕စည္းတည္ေဆာက္ထားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ Snapdragon 710 မွာ အသုံးျပဳခဲ့တဲ့ Kryo 360 CPU Cores ၈လုံးနဲ႔ Andreno 616 GPU ေတြကိုလည္း Snapdragon 712 မွာ ထပ္မံ အသုံးျပဳထားပါတယ္။ ဒါ့ေၾကာင့္ Snapdragon 712 ကို Snapdragon 710 နဲ႔ယွဥ္မယ္ဆိုရင္ အသုံးျပဳထားတဲ့ ပစၥည္းေတြအရ အမ်ားႀကီး ကြာျခားေျပာင္းလဲသြားမွာ မဟုတ္ပါဘူး။ ဒါေပမယ့္ Qualcomm ကေတာ့ Snapdragon 712 ရဲ႕ CPU Clock Speed က Up to 2.3GHz အထိေထာက္ပံ့ေပးႏိုင္ၿပီး နည္းပညာပိုင္း အဆင့္ျမႇင္တင္မႈမ်ား ျပဳလုပ္ထားတာေၾကာင့္ စြမ္းေဆာင္ရည္ပိုင္းမွာ ၁၀% ပိုမိုေကာင္းမြန္လာတယ္လို႔ ေျပာၾကားထားပါတယ္။ Snapdragon 710 ရဲ႕ CPU Clock Speed ကေတာ့ Up to 2.2GHz ျဖစ္ပါတယ္။

Snapdragon 712 ဟာ Performance အပိုင္းသာမက Gaming အပိုင္းကိုလည္း ပိုမိုေကာင္းမြန္ေအာင္ ျပဳလုပ္ထားတာ ျဖစ္ပါတယ္။ Gaming ေဆာ့ေနစဥ္အတြင္းမွာ Processing Speed နဲ႔ Graphics Rendering ေတြကို ပိုမိုျမန္ဆန္ေအာင္ ျပဳလုပ္ႏိုင္စြမ္းရွိတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ Graphic Intensive ျဖစ္တဲ့ Game အႀကီးႀကီးေတြကိုလည္း ေဆာ့ကစားႏိုင္ၿပီး၊ ေဆာ့ကစားတဲ့အခါမွာလည္း အထစ္အေင့ါ မရွိဘဲ အဆင္ေျပေခ်ာေမြ႕ေအာင္ ျပဳလုပ္ေပးထားတယ္လို႔ ေျပာၾကားထားပါတယ္။

Snapdragon 712 က Snapdragon 710 ထက္ အားသာသြားတဲ့ ေနာက္တစ္ခ်က္ကေတာ့ အျမန္အားသြင္းစနစ္ပါ။ Snapdragon 710 မွာ Quick Charge 4 ကိုသာ ေထာက္ပံ့ေပးထားေပမယ့္ Snapdragon 712 မွာေတာ့ Quick Charge 4+ အထိ ေထာက္ပံ့ေပးထားပါတယ္။ Qualcomm ရဲ႕ ေျပာၾကားခ်က္အရဆိုရင္ အဆိုပါ Quick Charge 4+ ဟာ ဘက္ထရီအား ၀% ကေန ၅၀% ကို ၁၅မိနစ္အတြင္းမွာ ရရွိႏိုင္တယ္လို႔ သိရပါတယ္။

Ref : Gizmochina , Qualcomm

[Unicode]

Gaming စွမ်းဆောင်ရည်ကို ဦးစားပေးထားတဲ့ Snapdragon 712 အကြောင်း သိကောင်းစရာများ

Qualcomm ဟာ Premium Mid-range Chipset အမျိူးအစားဖြစ်တဲ့ Snapdragon 712 ကို လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Chipset ဟာ Snapdragon 710 လိုမျိူး 10nm Architecture အပေါ်မှာပဲ အခြေခံပြီး ဖွဲ့စည်းတည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် Snapdragon 710 မှာ အသုံးပြုခဲ့တဲ့ Kryo 360 CPU Cores ၈လုံးနဲ့ Andreno 616 GPU တွေကိုလည်း Snapdragon 712 မှာ ထပ်မံ အသုံးပြုထားပါတယ်။ ဒါ့ကြောင့် Snapdragon 712 ကို Snapdragon 710 နဲ့ယှဉ်မယ်ဆိုရင် အသုံးပြုထားတဲ့ ပစ္စည်းတွေအရ အများကြီး ကွာခြားပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် Qualcomm ကတော့ Snapdragon 712 ရဲ့ CPU Clock Speed က Up to 2.3GHz အထိထောက်ပံ့ပေးနိုင်ပြီး နည်းပညာပိုင်း အဆင့်မြှင်တင်မှုများ ပြုလုပ်ထားတာကြောင့် စွမ်းဆောင်ရည်ပိုင်းမှာ ၁၀% ပိုမိုကောင်းမွန်လာတယ်လို့ ပြောကြားထားပါတယ်။ Snapdragon 710 ရဲ့ CPU Clock Speed ကတော့ Up to 2.2GHz ဖြစ်ပါတယ်။

Snapdragon 712 ဟာ Performance အပိုင်းသာမက Gaming အပိုင်းကိုလည်း ပိုမိုကောင်းမွန်အောင် ပြုလုပ်ထားတာ ဖြစ်ပါတယ်။ Gaming ဆော့နေစဉ်အတွင်းမှာ Processing Speed နဲ့ Graphics Rendering တွေကို ပိုမိုမြန်ဆန်အောင် ပြုလုပ်နိုင်စွမ်းရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် Graphic Intensive ဖြစ်တဲ့ Game အကြီးကြီးတွေကိုလည်း ဆော့ကစားနိုင်ပြီး၊ ဆော့ကစားတဲ့အခါမှာလည်း အထစ်အငေ့ါ မရှိဘဲ အဆင်ပြေချောမွေ့အောင် ပြုလုပ်ပေးထားတယ်လို့ ပြောကြားထားပါတယ်။

Snapdragon 712 က Snapdragon 710 ထက် အားသာသွားတဲ့ နောက်တစ်ချက်ကတော့ အမြန်အားသွင်းစနစ်ပါ။ Snapdragon 710 မှာ Quick Charge 4 ကိုသာ ထောက်ပံ့ပေးထားပေမယ့် Snapdragon 712 မှာတော့ Quick Charge 4+ အထိ ထောက်ပံ့ပေးထားပါတယ်။ Qualcomm ရဲ့ ပြောကြားချက်အရဆိုရင် အဆိုပါ Quick Charge 4+ ဟာ ဘက်ထရီအား ဝ% ကနေ ၅၀% ကို ၁၅မိနစ်အတွင်းမှာ ရရှိနိုင်တယ်လို့ သိရပါတယ်။

Ref : Gizmochina , Qualcomm