Chrome OS ထုတ်ကုန်တွေတစ်ဖြည်းဖြည်းနဲ့ ပိုများလာပါပြီ။ 2016 နှစ်လယ်ပို်င်းလောက်ကစပြီး Chrome OS နဲ့ပတ်သက်တာတွေ တစ်ဖြည်းဖြည်း ဈေးကွက်ချဲ့လာခဲ့တာ အခုဆိုရင် Chromebook ဈေးကွက်က Laptop တွေနဲ့ Tablet တွေကြားမှာ နေရာယူလာပါပြီ။

လွန်ခဲ့တဲ့ January ကကျင်းပခဲ့တဲ့ CES 2018 မှာ Acer က Chrome OS သုံးထားတဲ့ Desktop တစ်လုံးအကြောင်း အနည်းငယ်ဖော်ပြခဲ့ပါသေးတယ်။ Chromebox CXI3 လို့နာမည်ပေးထားပြီး $297 လောက်နဲ့ရောင်းချမယ်လို့ သတင်းအတိအကျထွက်လာခဲ့ပါပြီ။

Intel Processor သုံးမျိုးဖြစ်တဲ့ Celeron 3865U၊ Intel Core i3 (7th Gen) နဲ့ Intel Core i5 (8th Gen) တွေထဲက သင်ကြိုက်နှစ်သက်ရာကို ရွေးချယ်ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။ RAM တွေအနေနဲ့လည်း 4GB ကနေ 16GB အထိရွေးချယ်ဝယ်ယူလို့ရမှာဖြစ်ပါတယ်။

USB သုံးပေါက်ပါဝင်မှာဖြစ်ပြီး USB 2.0 နှစ်ပေါက်နဲ့ USB 3.0 တစ်ပေါက်ပါဝင်မှာဖြစ်ပါတယ်။ HDMI နဲ့ LAN ပေါက်တွေအပြင် Headphone ပေါက်နဲ့ microSD Card ပေါက်ပါပါဝင်ပါသေးတယ်။ ဈေးတွေကတော့ CPU နဲ့ RAM အပေါ်မှာမူတည်ပြီး ပြောင်းလဲသွားမှာဖြစ်ပါတယ်။ Core i5 (8th Gen) ကိုဝယ်မယ်ဆိုရင်တော့ $750 လောက်အထိရှိမှာဖြစ်ပါတယ်။ တွဲဖက်အသုံးပြုဖို့အတွက် Display တစ်ခုလည်းလိုဦးမှာဖြစ်တာကြောင့် ဈေးကတော့ Laptop တစ်လုံးနဲ့သိပ်မကွာတော့ပါဘူး။