Chromebook လို့ခေါ်တဲ့ Google နဲ့ ပူးပေါင်းပြီးထုတ်နေတဲ့ Laptop ကွန်ပျူတာတွေက Windows OS ကိုအသုံးပြုထားတာမဟုတ်ပဲ Google Chrome OS ကိုပဲ အသုံးပြုထားပြီး ထွက်ရှိထားတာဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ Chrome OS ကို အသုံးပြုထားတဲ့ ပထမဆုံး Tablet ကို Acer ကနေ စတင်ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။

အခု ပထမဆုံး Acer Chrome OS Tablet ကို နာမည်အနေနဲ့ Acer Chromebook Tab 10 လို့ နာမည်ပေးထားတာပဲဖြစ်ပါတယ်။ အခု Tablet ဟာ Screen Size အနေနဲ့ 9.7″ Display တပ်ဆင်ထားမှာဖြစ်ပြီးတော့ Resolution အနေနဲ့ 2048×1536 Pixel Resolution ရှိမှာဖြစ်ပါတယ်။

အခု Acer Chromebook Tablet ဟာ Google နဲ့ ပေါင်းစပ်ထုတ်လုပ်ထားတဲ့ OP1 Chipset ကို အသုံးပြုထားတာဖြစ်ပြီးတော့ Samsung Chromebook Plus Laptop ထဲမှာ အသုံးပြုထားတာနဲ့ တူတူပဲဖြစ်ပါတယ်။ RAM အနေနဲ့ 4GB ပါဝင်မှာဖြစ်ပြီးတော့ 32GB Storage ပါဝင်မှာဖြစ်ပါတယ်။

အခု Acer Chrome Tablet ဟာ Android Applications တွေကိုလည်း Support ပြုလုပ်သွားမှာဖြစ်ပြီးတော့ Back Camera 5MP နဲ့အတူ 2MP Front Camera ပါဝင်မှာပဲဖြစ်ပါတယ်။ Acer ကတော့ အခု Chromebook Tab 10 Tablet ဟာ Battery သက်တမ်းအနေနဲ့ ၉ နာရီခံမှာဖြစ်တယ်လို့ ပြောကြားထားပါတယ်။ ဒါ့အပြင် အားပြန်သွင်းစရာမလိုတဲ့ Stylus လည်းပါဝင်မှာဖြစ်ပါတယ်။

ဈေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ ၃၂၉ ခန့်ကျသင့်မှာဖြစ်တယ်လို့ သိပါတယ်။