Acer ဆိုတာက လက်ရှိမြန်မာနိုင်ငံ Laptop ဈေးကွက်မှာ အောင်မြင်မှုရရှိနေပြီးသား Brand တစ်ခုပဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ Acer ကနေ Gaming Laptop ဈေးကွက်ထဲကို Acer Predator Helios 300 Laptop နဲ့ ဝင်ရောက်လာပြီပဲဖြစ်ပါတယ်။

အခု Acer ရဲ့ Gaming Laptop ဟာ Predator Gaming Series အနွယ်ဝင် Laptop တစ်ခုဖြစ်ပြီးတော့ လက်ရှိဈေးကွက်ထဲက Gaming Laptop တွေနဲ့ ယှဉ်ပြိုင်နိုင်တဲ့ စွမ်းဆောင်ရည်ရှိတာကိုလည်း တွေ့ရပါတယ်။ အရင်ဆုံး Processor ပိုင်းမှာ Intel ရဲ့ Core i7 – 7700HQ 7th Generation Processor ကို အသုံးပြုထားပြီးတော့ Memory ပိုင်းမှာလည်း 16GB DDR4 RAM အထိရွေးချယ်နိုင်နေတာပဲဖြစ်ပါတယ်။

အခု Acer Predator Helios 300 Gaming Laptop ဟာ ဂိမ်မာတွေအတွက် လက်ရှိစွမ်းဆောင်ရည်အကောင်းဆုံး Graphic Card တစ်ခုဖြစ်တဲ့ Nvidia Geforce GTX 1060 ကို အသုံးပြုထားပြီးတော့ Screen Display ကလည်း 15.6″ Full HD IPS Display ကိုတပ်ဆင်ပေးထားတဲ့အတွက် အရောင်တွေကလည်း တောက်ပပြီး စိုပြေနေမှာပါ။

Acer Predator Helios 300 Laptop ဟာ ဒီဇိုင်းအရလည်း အကောင်းဆုံးဖြစ်နေတယ်လို့ ပြောလို့ရပါတယ်။ Gaming Laptop ဖြစ်တဲ့အတွက်လှပတဲ့ အနီရောင် နဲ့ အမည်းရောင်ကို တွဲဖက်ထားပြီး Laptop ရဲ့ နောက်ကျောဘက်က AeroBlade 3D+ Fans တွေက ပြိုင်ကားတစ်စီးရဲ့ Exhaust နဲ့တောင် တူနေပါသေးတယ်။ Cooling အတွက်ကိုလည်း Acer ရဲ့ သီးသန့် Dual Fan Design နဲ့ ပြုလုပ်ထားတာပဲဖြစ်ပါတယ်။

ဒါ့အပြင် Gamer တွေအတွက် အလိုအပ်ဆုံးဖြစ်မယယ့် USB Type C ၊ Network Port ၊ SD Card Reader ၊ USB 3.0 စတဲ့ Features တွေအကုန်လုံးပါဝင်သလို Keyboard ကလည်း Back-lit Keyboard အမျိုးအစားဖြစ်တဲ့အတွက် Gaming Laptop ဆိုတာကို မြင်တာနဲ့ သိနိုင်မှာဖြစ်ပါတယ်။

Acer ကနေ အခု Acer Predator Helios 300 မှာ PredatorSense Feature ကိုလည်း ထည့်သွင်းပေးထားပြီးတော့ အခု Laptop ရဲ့ Cooling စနစ်တွေ၊ CPU နဲ့ Graphic Card တွေကို Overclock လုပ်နိုင်မယ်လို့လည်း သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Gamer တွေအတွက်ကတော့ အခု Acer Predator Helios 300 Gaming Laptop က နောက်ထပ်ရွေးချယ်စရာတစ်ခုဖြစ်လာပြီပဲပြောရမှာပါ။