အခုနောက်ပိုင်း လူတိုင်းလိုလို Android ဖုန်းတွေ ကိုင်တွယ်သုံးစွဲကြတာ များလာပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ Android စမတ်ဖုန်းတွေကို ဖုန်းထဲမှာပါဝင်တဲ့ စနစ်တွေကို အသုံးပြုပြီး မြှင့်တင်လို့ရတဲ့ နည်းလမ်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

Notification တွေကို ကန့်သတ်မယ်

ဖုန်းထဲမှာ ဟိုဂိမ်းက၊ ဟို Software က Notification ပေါ်ပေါ်နေတာတွေက အနှောင့်အယှက်ဖြစ်စေတတ်ပြီး ကြာလာရင် ဖုန်းကိုပါ လေးစေပါတယ်။ Android ဆော့ဝဲကို Lollipop (Android 5.0) ကို အက်ဒိတ် (Upgraded) လုပ်လိုက်ပါ။ အဲ့ဒီ ဆော့ဝဲမှာ ကိုယ်မလိုချင်တဲ့ Notification တွေ မပေါ်အောင် ပိတ်ထားလို့ရပါတယ်။ အဲ့ဒီအပြင် အရေးကြီးတဲ့ ဖုန်းခေါ်မှု၊ Message တို့နဲ့ တခြား အကြောင်းအရာတွေကိုလည်း မလွတ်သွားအောင် အမြဲသတိပေးနေအောင် လုပ်ဆောင်ထားလို့ရပါတယ်။

အင်တာနက် data usage ဘယ်လောက်ပဲသုံးမယ်ဆိုတာ ကန့်သတ်မယ်။

အင်တာနက် Data Usage ဘယ်လောက်သုံးပြီးပြီ ၊ ဘယ်မှာ အသုံးအများဆုံးလဲဆိုတာ ထိန်းချုပ် ကြည့်ရှုလို့ရပါတယ်။ လွယ်လွယ်ကူကူပါဘဲ။ Settings ကို သွားပါ။ Data Usage ကို နှိပ်ပါ။ အဲ့ဒီမှာ လတိုင်းနီးပါး Data Usage ဘယ်လောက်သုံးပြီးပြီ။ Data Usage ဘယ်လောက်ဘဲသုံးမယ်ဆိုတာ ကန့်သတ်တဲ့စနစ် နဲ့ ကန့်သတ်ချက်ထက်ကျော်လွန်ရင် သတိပေးတဲ့ စနစ်တွေ ရွေးချယ်လို့ရပါတယ်။ ကန့်သတ်တဲ့ စနစ်ကို ရွေးချယ်ထားရင် သတ်မှတ်ထားတဲ့ Data Usage ပမာဏ ကျော်လွန်ရင် အင်တာနက်ကို သူ့အလိုလို ရပ်တန့်လိုက်မှာဖြစ်ပါတယ်။ သတိပေးတဲ့ စနစ်ကို ရွေးချယ်ထားရင်တော့ သတ်မှတ်ထားတဲ့ Data Usage ထက်ကျော်လွန်ရင် သတိပေး သွားမှာဖြစ်ပါတယ်။

ဘက်ထရီ ကြာရှည်ခံဖို့

အထူးသဖြင့် ခရီးထွက်နေတဲ့အချိန်မျိုးတွေမှာဆိုရင် ဘက်ထရီ ကြာရှည်ခံဖို့က အရေးကြီးပါတယ်။ ကိုယ်လက်ရှိ အသုံးမ၀င်တဲ့ Application တွေ အီးမေးလ် (Email) စတာတွေကို ပိတ်ထားသင့်ပါတယ်။ အကယ်၍ လိုင်းမမိတဲ့နေရာမျိုးဆိုရင် Airplane Mode ပြောင်းထားသင့်ပါတယ်။ ဖုန်းက လိုင်းကို ရှာဖွေနေရင် ဖုန်း ဘက်ထရီ ပိုကုန်စေပါတယ်။ Bluetooth နဲ့ Wifi တို့ကိုလည်း မလိုအပ်ရင် ပိတ်ထားသင့်ပါတယ်။

Chrome Tab ကို သုံးမယ်

ခင်ဗျားက အားလပ်အချိန်မှာ ဖုန်းနဲ့ စာဖတ်လေ့ရှိသူ ဖြစ်ပြီး အားတဲ့အချိန်ကို ကိုယ်ဖတ်နေတဲ့ Website ကို အလွယ်တကူ ပြန်သွားဖတ်နိုင်ဖို့ Chrome က ကူညီပေးပါလိမ့်မယ်။ Recent Tab ဒါမှမဟုတ် History ကို နှိပ်ပြီး ကိုယ်ဖတ်နေတဲ့ Website ကို အလွယ်တကူ ပြန်သွားလို့ရပါတယ်။