[Zawgyi]

တ႐ုတ္စမတ္ဖုန္းကုမၸဏီ Vivo ဟာ သူတို႔ရဲ႕ ဖုန္းေတြအတြက္ Android 9 Pie ဖြံ႕ၿဖိဳးေရး လုပ္ေဆာင္ခ်က္ကို အျခားကုမၸဏီမ်ားနည္းတူ လုပ္ေဆာင္ေနတာကို ေတြ႕ရပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္ကုန္ပိုင္းေလာက္က တ႐ုတ္ျပည္တြင္းမွာပဲ Android Pie Beta ကို ထုတ္လႊတ္ေတာ့မယ္လို႔ သတင္းထြက္ေပၚခဲ့ပါေသးတယ္။

Vivo အေနနဲ႔ Android 9 beta ကို သူ႔ရဲ႕ flagship ေတြျဖစ္တဲ့ X21, X21 UD, NEX S နဲ႔ NEX A တို႔မွာ အရင္ထည့္သြင္းေပးသြားမယ္လို႔ သတင္းထြက္ခဲ့တာ ျဖစ္ပါတယ္။ Android 9.0 Pie Beta version ကို FunTouch OS 4.5 ေပၚမွာပဲ အေျခခံထားတာ ျဖစ္တယ္လို႔လည္း သိခဲ့ရပါတယ္။

ဒါေပမယ့္ ၿပီးခဲ့တဲ့ရက္က GeekBench မွာထြက္ေပၚလာခဲ့တာကေတာ့ V11i ဒါမွမဟုတ္ အိႏၵိယေဈးကြက္မွာ V11 လို႔ သိၾကတဲ့ ေမာ္ဒယ္ေပၚမွာပဲ ျဖစ္ေနပါတယ္။ ဒီေတာ့ V11 အေနနဲ႔ အျခားဖုန္းေတြထက္ ေစာၿပီးေတာ့ Android 9 Pie Final version ကို ရရွိႏိုင္တယ္ဆိုတဲ့ သေဘာမ်ိဳး သက္ေရာက္ေနတာ ျဖစ္ပါတယ္။

Vivo V11 ကို Andorid 9 Pie Beta နဲ႔ စမ္းသပ္ေမာင္းႏွင္ျခင္းအတြက္ ထြက္ေပၚလာတဲ့ ရလဒ္ကို Benchmark မွာျမင္ေတြ႕ရတာကေတာ့ စိတ္ဝင္စားစရာ ျဖစ္ပါတယ္။ Single-core test အတြက္ 1,491 မွတ္ျဖစ္ၿပီး Multi-core test အတြက္ ရမွတ္ကေတာ့ 5,733 မွတ္ျဖစ္ပါတယ္။ Android 9 Update ဟာ ပိုေကာင္းလာတဲ့ Notificationsပိုင္း၊ Battery အသုံးျပဳမႈ၊ Brightness ခ်ိန္ညႇိမႈနဲ႔ Gesture-based navigation စတဲ့ အပိုင္းေတြကို ျမႇင့္တင္ေပးလိမ့္မယ္လို႔ သိရပါတယ္။

Ref: GSMArena

[Unicode]

Vivo V11i မှာ Android 9 စမ်းသပ်လုပ်ဆောင်နေမှု Benchmark ထွက်ပေါ်လာ

တရုတ်စမတ်ဖုန်းကုမ္ပဏီ Vivo ဟာ သူတို့ရဲ့ ဖုန်းတွေအတွက် Android 9 Pie ဖွံ့ဖြိုးရေး လုပ်ဆောင်ချက်ကို အခြားကုမ္ပဏီများနည်းတူ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်က တရုတ်ပြည်တွင်းမှာပဲ Android Pie Beta ကို ထုတ်လွှတ်တော့မယ်လို့ သတင်းထွက်ပေါ်ခဲ့ပါသေးတယ်။

Vivo အနေနဲ့ Android 9 beta ကို သူ့ရဲ့ flagship တွေဖြစ်တဲ့ X21, X21 UD, NEX S နဲ့ NEX A တို့မှာ အရင်ထည့်သွင်းပေးသွားမယ်လို့ သတင်းထွက်ခဲ့တာ ဖြစ်ပါတယ်။ Android 9.0 Pie Beta version ကို FunTouch OS 4.5 ပေါ်မှာပဲ အခြေခံထားတာ ဖြစ်တယ်လို့လည်း သိခဲ့ရပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ရက်က GeekBench မှာထွက်ပေါ်လာခဲ့တာကတော့ V11i ဒါမှမဟုတ် အိန္ဒိယဈေးကွက်မှာ V11 လို့ သိကြတဲ့ မော်ဒယ်ပေါ်မှာပဲ ဖြစ်နေပါတယ်။ ဒီတော့ V11 အနေနဲ့ အခြားဖုန်းတွေထက် စောပြီးတော့ Android 9 Pie Final version ကို ရရှိနိုင်တယ်ဆိုတဲ့ သဘောမျိုး သက်ရောက်နေတာ ဖြစ်ပါတယ်။

Vivo V11 ကို Andorid 9 Pie Beta နဲ့ စမ်းသပ်မောင်းနှင်ခြင်းအတွက် ထွက်ပေါ်လာတဲ့ ရလဒ်ကို Benchmark မှာမြင်တွေ့ရတာကတော့ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ Single-core test အတွက် 1,491 မှတ်ဖြစ်ပြီး Multi-core test အတွက် ရမှတ်ကတော့ 5,733 မှတ်ဖြစ်ပါတယ်။ Android 9 Update ဟာ ပိုကောင်းလာတဲ့ Notificationsပိုင်း၊ Battery အသုံးပြုမှု၊ Brightness ချိန်ညှိမှုနဲ့ Gesture-based navigation စတဲ့ အပိုင်းတွေကို မြှင့်တင်ပေးလိမ့်မယ်လို့ သိရပါတယ်။

Ref: GSMArena