[Zawgyi]




Ref – GSM Arena

[Unicode]

Nokia 3.1 Plus ဖုန်းကို ပြီးခဲ့တဲ့ အောက်တိုဘာလမှာ Android 8.1 OS နဲ့ မိတ်ဆက်လာခဲ့ပါတယ်။ Android One စမတ်ဖုန်းအတွက် Android Pie Update ဘယ်တော့ရနိုင်မလဲလို့ စောင့်မျှော်နေသူတွေအတွက် သတင်းကောင်း ထွက်ပေါ်လာခဲ့ပါပြီ။

GeekBench ပေါ်မှာ တွေ့ရှိခဲ့တဲ့ Benchmark အသစ်တစ်ခုအရ Android 9 Update ဟာ မကြာတော့တဲ့ အချိန်တစ်ခုမှာ ရောက်လာတော့မှာပါ။ အဆိုပါ Benchmark ရလဒ်မှာ ‘HMD Global Nokia 3.1 Plus’ ဟန်းဆက်ကို Android 9 OS နဲ့ အသုံးပြုထားတာပဲ ဖြစ်ပါတယ်။ ဒီရလဒ်မှာတော့ နှစ်နာရီအတွင်း သုံးကြိမ်တိုင် Run ထားတာကို တွေ့ရပြီး တစ်ခုနဲ့တစ်ခု ရလဒ်ကို တိုင်းတာထားပါတယ်။

Nokia 3.1 Plus ဟန်းဆက်ကို MediaTek Helio P22 အသုံးပြုထားပြီး 2GB သို့မဟုတ် 3GB RAM မန်မိုရီနဲ့ ရရှိနိုင်ပါတယ်။ သူ့မှာ 6” လက်မအရွယ် HD+ Display ပါဝင်တယ်။ ဘက္ထရီကတော့ 3,500 mAh ဖြစ်ကာ Storage ပမာဏ 16GB သို့ 32GB ရွေးချယ်နိုင်တယ်။ Nokia 3.1 Plus ဈေးနှုန်းကတော့ ယူရို ၁၅၀ (မြန်မာငွေ နှစ်သိန်းခြောက်သောင်းခန့်) ဖြစ်ပါတယ်။