[Zawgyi]

Face Unlock ဆိုတာ ခုမွမဟုတ္ပါဘူး အရင္ကတည္းက Android ဖုန္းေတြမွာ ပါခဲ့တဲ့ Feature တစ္ခုပါ။ အခုေနာက္ပိုင္းမွာေတာ့ ဖုနး္အားလံုးနီးပါးမွာ ေတြ႔လာရတဲ့ Feature ေလးတစ္ခုေပါ့။ ဖုန္းကို Lock ဖြင့္ဖို႔အတြက္ Fingerprint တင္မဟုတ္ဘဲ Face Lock နဲ႔ပါ လံုျခံဳေရးျမွင့္လာၾကတဲ့ အခ်ိန္မွာ အဲဒီ Face Unlock ေတြကေရာ ယံုၾကည္စိတ္ခ်ရရဲ႕လား?

တရုတ္တို႔လိုႏုိင္ငံမွာဆို Face Recognition ကို ေလဆိပ္ေတြ လံုျခံဳေရးေတြအတြက္ က်ယ္က်ယ္ျပန္႔ျပန္႔ေတာင္ သံုးလာၾကပါတယ္။ အခုလည္း Forbes ကေနမွ ပန္းပုဆရာရဲ႕ မ်က္ႏွာနဲ႔ Face Unlock ပါတဲ့ ဖုန္းေပါင္းမ်ားစြာနဲ႔ စမ္းသပ္ျပီးေတာ့ 3D ပံုဦးေခါင္းအျဖစ္ ဖန္တီးလိုက္ျပီး စမ္းၾကည့္ပါတယ္။ အဲ့ဒီ 3D ဦးေခါင္းပံုကိုေတာ့ UK Birmingham မွာ ဖန္တီးခဲ့တာျဖစ္ျပီး ေနာက္ဆံုးထြက္လာတဲ့ Model ေလးက ယူရို ၃၀၀ ေတာင္ ကုန္က်ခဲ့ပါတယ္။

ပထမဆံုး Google ရဲ႕ Android Operating System နဲ႔ အေကာင္းဆံုး ဖုန္း၄လံုးကို စမ္းၾကည့္တဲ့အခါမွာ ဘယ္ဖုန္းကမွ Apple iPhone ေတြေလာက္ (iPhone X နဲ႔ေနာက္ပိုင္းဖုန္းေတြေလာက္) အဆင္မေျပတာကို ေတြ႔ရပါတယ္။ သူတို႔ေတြက 3D ထုထားတဲ့ ဦးေခါင္းနဲ႔တင္ Lock ပြင့္သြားတယ္ဆိုေတာ့ မလံုျခံဳေသးဘူးလို႔ပဲ ေျပာရဦးမွာပါ။ Apple ရဲ႕ဖုန္းကေတာ့ ဘယ္လိုမ်ိဳးမွကို ေက်ာ္ျပီးပြင့္မသြားေလာက္ေအာင္ Face Data ကို လံုးဝတိတိက်က်မွတ္သားထားႏုိင္ပါတယ္။ စမ္းခဲ့တဲ့ဖုန္းေတြကေတာ့ Samsung S9, Note 8, LG G7 ThinQ နဲ႔ OnePlus 6 ေတြနဲ႔ပါ။

မွတ္မွတ္ရရ ဖုန္းေတြအားလံုးမွာ Face Unlock ေခတ္စားလာတာက Apple ရဲ႕ iPhone X ထုတ္ျပီးတဲ့ ေနာက္ပုိင္းမွာပါ။ ဒါမဲ့ ဘယ္ Android ရဲ႕ FaceUnlock ကမွ သိပ္မစြံေသးပါဘူး။ Apple ရဲ႕ Face ID က်ေတာ့ Infrared Camera တင္မဟုတ္ဘဲ Depth Sensor အျပင္ ခုလိုကိစၥမ်ိဳးမွာ လံုျခံဳဖို႔အတြက္ မ်က္ႏွာေပၚမွာ အစက္ေပါင္း ၃၀၀၀၀ ေလာက္ခ်ျပီး 3D Scan ဖတ္ႏုိင္တဲ့ Dot Projector ပါ သံုးထားပါတယ္။

ဆိုေတာ့ သာမန္ 3D ရုပ္တုေလာက္နဲ႔ကေတာ့ iPhone X ေတြကို အရူးလုပ္လို႔ရမွာမဟုတ္ပါဘူး။ ဒါေပမယ့္ တစ္ခုကေတာ့ အရမ္းကိုအႏုစိတ္လြန္းတဲ့ 3D ဦးေခါင္းတစ္ခုနဲ႔ iPhone X ကို လွည့္စားႏုိင္ခဲ့ဖူးပါတယ္။ ဒါေၾကာင့္ ဒီေန႔လိုေခတ္မ်ိဳးမွာေတာ့ Face ID ဆိုတဲ့ နည္းပညာကို လံုးဝၾကီး အားကိုးလို႔မရေသးဘူးဆိုတဲ့ သက္ေသေတြ ျပႏုိင္လိုက္တယ္လို႔ပဲ ေျပာရမွာပါ။

Ref: GizmoChina

[Unicode]

Face Unlock ဆိုတာ ခုမှမဟုတ်ပါဘူး အရင်ကတည်းက Android ဖုန်းတွေမှာ ပါခဲ့တဲ့ Feature တစ်ခုပါ။ အခုနောက်ပိုင်းမှာတော့ ဖုန်းအားလုံးနီးပါးမှာ တွေ့လာရတဲ့ Feature လေးတစ်ခုပေါ့။ ဖုန်းကို Lock ဖွင့်ဖို့အတွက် Fingerprint တင်မဟုတ်ဘဲ Face Lock နဲ့ပါ လုံခြုံရေးမြှင့်လာကြတဲ့ အချိန်မှာ အဲဒီ Face Unlock တွေကရော ယုံကြည်စိတ်ချရရဲ့လား?

တရုတ်တို့လိုနိုင်ငံမှာဆို Face Recognition ကို လေဆိပ်တွေ လုံခြုံရေးတွေအတွက် ကျယ်ကျယ်ပြန့်ပြန့်တောင် သုံးလာကြပါတယ်။ အခုလည်း Forbes ကနေမှ ပန်းပုဆရာရဲ့ မျက်နှာနဲ့ Face Unlock ပါတဲ့ ဖုန်းပေါင်းများစွာနဲ့ စမ်းသပ်ပြီးတော့ 3D ပုံဦးခေါင်းအဖြစ် ဖန်တီးလိုက်ပြီး စမ်းကြည့်ပါတယ်။ အဲ့ဒီ 3D ဦးခေါင်းပုံကိုတော့ UK Birmingham မှာ ဖန်တီးခဲ့တာဖြစ်ပြီး နောက်ဆုံးထွက်လာတဲ့ Model လေးက ယူရို ၃၀၀ တောင် ကုန်ကျခဲ့ပါတယ်။

ပထမဆုံး Google ရဲ့ Android Operating System နဲ့ အကောင်းဆုံး ဖုန်း၄လုံးကို စမ်းကြည့်တဲ့အခါမှာ ဘယ်ဖုန်းကမှ Apple iPhone တွေလောက် (iPhone X နဲ့နောက်ပိုင်းဖုန်းတွေလောက်) အဆင်မပြေတာကို တွေ့ရပါတယ်။ သူတို့တွေက 3D ထုထားတဲ့ ဦးခေါင်းနဲ့တင် Lock ပွင့်သွားတယ်ဆိုတော့ မလုံခြုံသေးဘူးလို့ပဲ ပြောရဦးမှာပါ။ Apple ရဲ့ဖုန်းကတော့ ဘယ်လိုမျိုးမှကို ကျော်ပြီးပွင့်မသွားလောက်အောင် Face Data ကို လုံးဝတိတိကျကျမှတ်သားထားနိုင်ပါတယ်။ စမ်းခဲ့တဲ့ဖုန်းတွေကတော့ Samsung S9, Note 8, LG G7 ThinQ နဲ့ OnePlus 6 တွေနဲ့ပါ။

မှတ်မှတ်ရရ ဖုန်းတွေအားလုံးမှာ Face Unlock ခေတ်စားလာတာက Apple ရဲ့ iPhone X ထုတ်ပြီးတဲ့ နောက်ပိုင်းမှာပါ။ ဒါမဲ့ ဘယ် Android ရဲ့ FaceUnlock ကမှ သိပ်မစွံသေးပါဘူး။ Apple ရဲ့ Face ID ကျတော့ Infrared Camera တင်မဟုတ်ဘဲ Depth Sensor အပြင် ခုလိုကိစ္စမျိုးမှာ လုံခြုံဖို့အတွက် မျက်နှာပေါ်မှာ အစက်ပေါင်း ၃၀၀၀၀ လောက်ချပြီး 3D Scan ဖတ်နိုင်တဲ့ Dot Projector ပါ သုံးထားပါတယ်။

ဆိုတော့ သာမန် 3D ရုပ်တုလောက်နဲ့ကတော့ iPhone X တွေကို အရူးလုပ်လို့ရမှာမဟုတ်ပါဘူး။ ဒါပေမယ့် တစ်ခုကတော့ အရမ်းကိုအနုစိတ်လွန်းတဲ့ 3D ဦးခေါင်းတစ်ခုနဲ့ iPhone X ကို လှည့်စားနိုင်ခဲ့ဖူးပါတယ်။ ဒါကြောင့် ဒီနေ့လိုခေတ်မျိုးမှာတော့ Face ID ဆိုတဲ့ နည်းပညာကို လုံးဝကြီး အားကိုးလို့မရသေးဘူးဆိုတဲ့ သက်သေတွေ ပြနိုင်လိုက်တယ်လို့ပဲ ပြောရမှာပါ။

Ref: GizmoChina