Android ဖုန်းတွေအတွက် အရင်တုန်းကထွက်ရှိခဲ့တဲ့ Into The Dead Zombie ဂိမ်းက လူကြိုက်အလွန်များခဲ့ပြီးတော့ Download ပြုလုပ်ပြီး ဆော့ကစားတဲ့သူပေါင်း သန်း ၇၀ ကျော်ရှိခဲ့တဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။

အခုအချိန်မှာ အဆိုပါ New Zealand က Game Developer PikPok က နာမည်ကြီး Into The Dead ဂိမ်းရဲ့ အဆက်ဖြစ်တဲ့ Into The Dead 2 ဂိမ်းကို Android ဖုန်းတွေအတွက် Google Play Store ပေါ်ကို တင်ပေးလိုက်ပြီပဲဖြစ်ပါတယ်။

အခု Into The Dead 2 ဂိမ်းမှာဆိုရင် ပထမဂိမ်းလိုမဟုတ်ပဲ ဇတ်လမ်းသွားအနေနဲ့ ဆော့ကစားရမှာဖြစ်ပြီး Chapter ၇ ခု နဲ့ Stages ၆၀ ပါဝင်မှာဖြစ်ပါတယ်။ ဂိမ်းထဲမှာ လက်နက်မျိုးစုံအပြင် မော်တော်ယာဉ်တွေရဲ့ အကူအညီကိုပါ ရယူပြီးတော့ ဇွန်ဘီတွေကြားကနေ လွတ်အောင်ပြေးရမှာဆိုတော့ အက်ရှင် ဂရပ်ဖစ်ကောင်းကောင်းနဲ့ ဂိမ်းဆော့ချင်တဲ့သူတွေအတွက်ကတော့ စိတ်ကြိုက်ဖြစ်မှာပါ။

Into The Dead Game ကို Google Play Store ဒါမှမဟုတ် APK Pure ကနေ အခမဲ့ Download ရယူနိုင်မှာဖြစ်ပြီးတော့ File Size ကတော့ 350MB ဝန်းကျင်ရှိမှာဖြစ်ပါတယ်။

ဆော့ကစားချင်တဲ့သူတွေအတွက် ဂိမ်း Trailer ကိုပါ တင်ပေးလိုက်ပါတယ်။