Android ဖုန်းအသုံးပြုသူတွေ အနည်းနဲ့အများကြုံတွေ့နေရတာက အင်တာနက်သုံးဖို့ အင်တာနက်ကို ဖွင့်လိုက်ပေမယ့် မတက်လာတာဖြစ်မှာပါ။ တစ်ခါတလေ အရေးအကြောင်း အလျှင်လိုလို့ အင်တာနက်ဖွင့်လိုက်ပေမယ့် မတက်လာရင် ဖုန်းကို ပိတ်ပြီး ပြန်ဖွင့်ရတဲ့အထိ အလုပ်ရှုပ်တော့ စိတ်ညစ်စရာပါ။

ဒါပေမယ့် အဲ့ဒီလိုမျိုး ကြုံတွေ့ရတာကို လျော့နည်းသွားအောင်ဖြေရှင်းနိုင်တဲ့နည်းလမ်းတွေရှိပါသေးတယ်။

1. Airplane Mode ကို ၅ စက္ကန့်လောက်ဖွင့်ပြီး ပြန်ပိတ်ပါ။

Mobile Data ဖွင့်ပြီး အင်တာနက်မတက်လာတိုင်း ဖုန်းကိုပိတ်ပြီးပြန်ဖွင့်နေစရာမလိုအပ်ပါဘူး။ အဲ့ဒီအစား Power Key ကို ဖိပြီးပဲဖြစ်ဖြစ်၊ Notification Bar ကို ဆွဲချပြီးပဲဖြစ်ဖြစ် Airplane Mode ကို ၅ စက္ကန့်လောက်ဖွင့်ပြီး ပြန်ပိတ်လိုက်ရင် အင်တာနက်ကို ပြန်သုံးလို့ရမှာဖြစ်ပါတယ်။

2. APN တွေကို Reset လုပ်ကြည့်ပါ။

တစ်ခါတလေ အင်တာနက်ဖွင့်လိုက်ပြီး မတက်လာတာက APN ပိုင်းမှာ အမှားအယွင်းတစ်ခုခုရှိနေတာကြောင့်လည်းဖြစ်တတ်ပါတယ်။ အဲ့ဒီလိုအခါမျိုးမှာဆိုရင် ဖုန်းရဲ့ Setting ထဲက APN ထဲကို ဝင်ရောက်ပြီး Menu ထဲက Reset APN ကို နှိပ်ပြီး APN တွေကို Reset ပြုလုပ်ပါ။

3. APN တွေကို Manually ပြန်ထည့်ကြည့်ပါ။

Android ဖုန်းအများစုဟာ SIM Card ထည့်လိုက်ပြီဆိုတာနဲ့ သက်ဆိုင်ရာ APN ကို အလိုအလျောက်ချိန်ညှိပေးသွားတာဖြစ်ပါတယ်။ ဒါပေမယ့် တကယ်လို့ အဆင်မပြေတာမျိုး ကြုံနေရတယ်ဆိုရင် သက်ဆိုင်ရာ Operator အလိုက် APN Name နဲ့ APN ကို သေချာ Manually ပြန်ထည့်ကြည့်ပါ။

4. Mobile Data Limit လုပ်ထားမိလား စစ်ဆေးပါ။

တချို့သောဖုန်းတွေမှာ Mobile Data ကို Limit ပြုလုပ်ထားတဲ့ Features တွေပါဝင်ပါတယ်။ အဲ့ဒီလိုမျိုးမှာ မသိပဲ Mobile Data Limit ကို On ထားမိရင် Limit ပြည့်သွားတဲ့အခါမှာ အင်တာနက်သုံးလို့ရတော့မဟုတ်ပါဘူး။