Google ရဲ့ Android OS ဟာ အခုအချိန်မှာ သိသိသာသာကို အသုံးပြုမှုများပြားလာသလို စွမ်းဆောင်ရည်ပိုင်းမှာလည်း အလွန်မြင့်မားနေပြီပဲဖြစ်ပါတယ်။ အခုအချိန်မှာ Google က Android P Developer Preview 2 ကို ထုတ်ပေးပြီးဖြစ်ပြီးတော့ အခု အချိန်မှာ အလန်းစား Feature တစ်ခုကို စမ်းသပ်နေတယ်လို့ သိရပါတယ်။

အဲ့ဒါကတော့ Android P မှာ ကိုယ်အသုံးပြုနေကြ Setting တွေ – ဥပမာ : Wi-Fi ၊ Bluetooth စတဲ့ Setting တွေကို ကိုယ်အသုံးမပြုခင်မှာ ကြိုတင်ပြီး ခန့်မှန်းပေးနိုင်တော့မှာပဲဖြစ်ပါတယ်။ အခု Feature ကို Android P ရဲ့ Developer Preview 2 မှာ ပါဝင်လာတဲ့ Setting Suggestions App ကနေ သိရှိလာတာပဲဖြစ်ပါတယ်။

အခု Settings Suggestions App ရဲ့ Code lines တွေကို လေ့လာကြည့်တဲ့အချိန်မှာတော့ ပုံမှန် Mute လုပ်တတ်တဲ့အချိန်တွေ၊ Wi-Fi ဖွင့်တတ်တဲ့အချိန်တွေကို Notification တစ်ခုအနေနဲ့ တက်လာပြီးတော့ Setting ထဲသွားပြီး Setting ပြောင်းလဲစရာမလိုတော့ပဲ တက်လာတဲ့ Notification ကနေပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အဲ့ဒီလိုပဲ ကိုယ်က ကားအတွင်းက Bluetooth Audio နဲ့ ချိတ်ဆက်ပြီး အသုံးပြုတတ်တယ်ဆိုရင်လည်း ကားပေါ်ကို တက်လိုက်တာနဲ့ Bluetooth ကို ဖွင့်ဖို့ Suggestion ပေးသွားမှာပါ။

Google က အခုလိုမျိုး အလွန် Smart ဖြစ်လာတဲ့ Feature တွေကို Android P မှာ ထည့်သွင်းလာတဲ့အတွက် တကယ်သာ Android P ကို Stable အနေနဲ့ အသုံးပြုလာနိုင်ခဲ့ရင် အကောင်းဆုံးသော Mobile OS တစ်ခုတောင်ဖြစ်လာနိုင်ပါတယ်။