[Zawgyi]

Samsung ကေတာ့ Developer conference မွာ သူတို႔ရဲ႕ Flagship ဖုန္းေတြအတြက္ One UI နဲ႔အတူ Android Pie software update ကို ထုတ္လႊတ္ေပးေတာ့မယ္လို႔ ေၾကညာသြားခဲ့ပါတယ္။ One UI ကေတာ့ လက္ရွိပုံစံေတြထက္ ပိုေကာင္းတဲ့ Feature ေတြပါဝင္လာၿပီး ႐ိုးရွင္းလြယ္ကူတဲ့ အသုံးျပဳမႈအေတြ႕အႀကဳံကို ရရွိေစမယ္လို႔ သိရပါတယ္။

Update အေနနဲ႔ Galaxy S9, S9+ နဲ႔ Note 9 တို႔ကို ဒီလကုန္မွာ ေပးသြားမယ္လို႔ ေၾကညာခဲ့ပါတယ္။ ဒါေပမယ့္ ဒီလကုန္မွာေပးမွာက ကန႔္သတ္ထားတာမဟုတ္ဘဲ အားလုံးအတြက္ေပးမွာျဖစ္ၿပီး Public beta လို႔ ဆိုပါတယ္။ Android Pie update with One UI ပါ။ ဒါေပမယ့္ တိုေတာင္းလြန္းတဲ့ စမ္းသပ္ကာလအတြက္ Samsung German ကပိုၿပီးအခ်ိန္ယူမယ္လို႔ သိရပါတယ္။

German မွာေတာ့ Beta version ကို လာမယ့္ ႏိုဝင္ဘာ ၁၅ ရက္ေန႔မွာ ထုတ္ေပးမွာ ေသခ်ာေနပါၿပီ။ ဒါေၾကာင့္ Beta Version ကို ဦးဆုံးေပးမယ့္စာရင္းထဲမွာပါတဲ့ အေမရိကားနဲ႔ ေတာင္ကိုရီးယားတို႔မွာလည္း ႏိုဝင္ဘာ ၁၅ ရက္မွာပဲ၊ ဒါမွမဟုတ္ မေရွးမေႏွာင္းရက္ပိုင္းအတြင္းမွာ ထုတ္ေပးေတာ့မယ္လို႔ ယူဆရပါတယ္။ ႏိုင္ငံတည္ရွိမႈ ပထဝီဝင္အေနအထားအရ ေန႔ရက္နဲ႔ အခ်ိန္ အနည္းငယ္ ကြဲျပားဖြယ္ ရွိတာပါ။

ဒီသတင္းဟာ Samsung support staff ဆီက သိရတာျဖစ္လို႔ ႏိုဝင္ဘာ ၁၅ ရက္ကလြဲရင္ က်န္တဲ့ႏွစ္ႏိုင္ငံအတြက္ အတိအက် မေဖာ္ျပႏိုင္တာျဖစ္တယ္လို႔ သိရပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ သိပ္မၾကာခင္ အခ်ိန္အတြင္းမွာ Samsung အေနနဲ႔ သူ႔ရဲ႕ Flagship ေတြအားလုံးကို One UI နဲ႔ ဒီဇိုင္းအသစ္ျဖစ္ေအာင္ ေျပာင္းလဲပစ္ေတာ့မွာျဖစ္ပါတယ္။ ဒါေၾကာင့္ S8, S8+ နဲ႔ Note 8 ေတြအေနနဲ႔လည္း One UI ကို ရရွိဦးမွာ ျဖစ္ပါတယ္။

Ref: GSMarena

 

[Unicode]

Samsung ကတော့ Developer conference မှာ သူတို့ရဲ့ Flagship ဖုန်းတွေအတွက် One UI နဲ့အတူ Android Pie software update ကို ထုတ်လွှတ်ပေးတော့မယ်လို့ ကြေညာသွားခဲ့ပါတယ်။ One UI ကတော့ လက်ရှိပုံစံတွေထက် ပိုကောင်းတဲ့ Feature တွေပါဝင်လာပြီး ရိုးရှင်းလွယ်ကူတဲ့ အသုံးပြုမှုအတွေ့အကြုံကို ရရှိစေမယ်လို့ သိရပါတယ်။

Update အနေနဲ့ Galaxy S9, S9+ နဲ့ Note 9 တို့ကို ဒီလကုန်မှာ ပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ဒီလကုန်မှာပေးမှာက ကန့်သတ်ထားတာမဟုတ်ဘဲ အားလုံးအတွက်ပေးမှာဖြစ်ပြီး Public beta လို့ ဆိုပါတယ်။ Android Pie update with One UI ပါ။ ဒါပေမယ့် တိုတောင်းလွန်းတဲ့ စမ်းသပ်ကာလအတွက် Samsung German ကပိုပြီးအချိန်ယူမယ်လို့ သိရပါတယ်။

German မှာတော့ Beta version ကို လာမယ့် နိုဝင်ဘာ ၁၅ ရက်နေ့မှာ ထုတ်ပေးမှာ သေချာနေပါပြီ။ ဒါကြောင့် Beta Version ကို ဦးဆုံးပေးမယ့်စာရင်းထဲမှာပါတဲ့ အမေရိကားနဲ့ တောင်ကိုရီးယားတို့မှာလည်း နိုဝင်ဘာ ၁၅ ရက်မှာပဲ၊ ဒါမှမဟုတ် မရှေးမနှောင်းရက်ပိုင်းအတွင်းမှာ ထုတ်ပေးတော့မယ်လို့ ယူဆရပါတယ်။ နိုင်ငံတည်ရှိမှု ပထဝီဝင်အနေအထားအရ နေ့ရက်နဲ့ အချိန် အနည်းငယ် ကွဲပြားဖွယ် ရှိတာပါ။

ဒီသတင်းဟာ Samsung support staff ဆီက သိရတာဖြစ်လို့ နိုဝင်ဘာ ၁၅ ရက်ကလွဲရင် ကျန်တဲ့နှစ်နိုင်ငံအတွက် အတိအကျ မဖော်ပြနိုင်တာဖြစ်တယ်လို့ သိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သိပ်မကြာခင် အချိန်အတွင်းမှာ Samsung အနေနဲ့ သူ့ရဲ့ Flagship တွေအားလုံးကို One UI နဲ့ ဒီဇိုင်းအသစ်ဖြစ်အောင် ပြောင်းလဲပစ်တော့မှာဖြစ်ပါတယ်။ ဒါကြောင့် S8, S8+ နဲ့ Note 8 တွေအနေနဲ့လည်း One UI ကို ရရှိဦးမှာ ဖြစ်ပါတယ်။

Ref: GSMarena