Zawgyi

အခုဆိုရင္ Android ရဲ႕ ေနာက္ဆုံးထြက္ ဗားရွင္းဟာ Android P ျဖစ္ၿပီး Flagship နဲ႕ Mid-range Android ဖုန္း အသုံးျပဳသူတစ္ခ်ိဳ႕ဆိုရင္ Update ရၿပီး အသုံးျပဳေနၾကပါၿပီ။ ဒါေပမယ့္လည္း Android ဖုန္းအမ်ားစုကေတာ့ Android Oreo ကိုသာ အသုံးျပဳေနၾကပါတယ္။ Android ဖုန္းတိုင္း Android Pie မရေသးတဲ့အခ်ိန္မွာပဲ Android Pie ရဲ႕ ေနာက္ဆက္တြဲျဖစ္တဲ့ Android Q ကို Developer ေတြအတြက္ထုတ္ေပးလိုက္ပါၿပီ။

Developer Preview ျဖစ္လို႔ Stable မျဖစ္ေသးပဲ Feature ေတြလည္း စုံလင္ဦးမွာမဟုတ္ေသးပါဘူး။ Android Q နဲ႕ ပတ္သက္ၿပီး စိတ္ဝင္စားစရာ Feature အသစ္တစ္ခုကေတာ့ System-wide Dark Theme ပါ။ System-wide Dark Theme ဆိုတာကေတာ့ အရင္လို App တစ္ခုခ်င္းစီရဲ႕ Setting ထဲဝင္ၿပီး Dark Mode ေျပာင္းစရာမလိုေတာ့ပဲ ဖုန္းရဲ႕ ပင္မ Setting ထဲကေန Dark Theme ေ႐ြးလိုက္တာနဲ႕ ဖုန္းရဲ႕ UI ေရာ App ေတြပါ Dark Mode ေျပာင္းကုန္မွာပါ။

ေနာက္ထပ္ စိတ္ဝင္စားစရာ Feature တစ္ခုကေတာ့ Desktop Mode ပါ။ Samsung ရဲ႕ Galaxy Note 8 နဲ႕ Note 9 တို႔မွာလို ဖုန္းကို ေမာ္နီတာနဲ႕ ခ်ိတ္ၿပီး Desktop Computer တစ္ခုလို အသုံးျပဳလို႔ရတဲ့ DeX လိုမ်ိဳး Feature တစ္ခု တစ္ပါတည္းပါဝင္လာေတာ့မွာပါ။

အခုထြက္ေပၚလာတဲ့ Android Q ဟာ Developer Preview ျဖစ္တဲ့အတြက္ အေပၚမွာ ေျပာျပထားတဲ့ Feature ေတြဟာ Stable Released မွာ ပါဝင္ခ်င္မွ ပါဝင္လာနိုင္ပါတယ္။ ဒါ့အျပင္ MIUI နဲ႕ EMUI လို ကိုယ္ပိုင္ Android Skin ေတြသုံးတဲ့ ဖုန္းေတြအတြက္လည္း အဆိုပါ Feature ေတြရရွိဖို႔ မေသခ်ာပါဘူး။

Ref: XDA

Unicode

System-wide Dark Theme နဲ့အတူ Desktop Mode တွေ ပါလာမယ့် Android Q

အခုဆိုရင် Android ရဲ့ နောက်ဆုံးထွက် ဗားရှင်းဟာ Android P ဖြစ်ပြီး Flagship နဲ့ Mid-range Android ဖုန်း အသုံးပြုသူတစ်ချို့ဆိုရင် Update ရပြီး အသုံးပြုနေကြပါပြီ။ ဒါပေမယ့်လည်း Android ဖုန်းအများစုကတော့ Android Oreo ကိုသာ အသုံးပြုနေကြပါတယ်။ Android ဖုန်းတိုင်း Android Pie မရသေးတဲ့အချိန်မှာပဲ Android Pie ရဲ့ နောက်ဆက်တွဲဖြစ်တဲ့ Android Q ကို Developer တွေအတွက်ထုတ်ပေးလိုက်ပါပြီ။

Developer Preview ဖြစ်လို့ Stable မဖြစ်သေးပဲ Feature တွေလည်း စုံလင်ဦးမှာမဟုတ်သေးပါဘူး။ Android Q နဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ Feature အသစ်တစ်ခုကတော့ System-wide Dark Theme ပါ။ System-wide Dark Theme ဆိုတာကတော့ အရင်လို App တစ်ခုချင်းစီရဲ့ Setting ထဲဝင်ပြီး Dark Mode ပြောင်းစရာမလိုတော့ပဲ ဖုန်းရဲ့ ပင်မ Setting ထဲကနေ Dark Theme ရွေးလိုက်တာနဲ့ ဖုန်းရဲ့ UI ရော App တွေပါ Dark Mode ပြောင်းကုန်မှာပါ။

နောက်ထပ် စိတ်ဝင်စားစရာ Feature တစ်ခုကတော့ Desktop Mode ပါ။ Samsung ရဲ့ Galaxy Note 8 နဲ့ Note 9 တို့မှာလို ဖုန်းကို မော်နီတာနဲ့ ချိတ်ပြီး Desktop Computer တစ်ခုလို အသုံးပြုလို့ရတဲ့ DeX လိုမျိုး Feature တစ်ခု တစ်ပါတည်းပါဝင်လာတော့မှာပါ။

အခုထွက်ပေါ်လာတဲ့ Android Q ဟာ Developer Preview ဖြစ်တဲ့အတွက် အပေါ်မှာ ပြောပြထားတဲ့ Feature တွေဟာ Stable Released မှာ ပါဝင်ချင်မှ ပါဝင်လာနိုင်ပါတယ်။ ဒါ့အပြင် MIUI နဲ့ EMUI လို ကိုယ်ပိုင် Android Skin တွေသုံးတဲ့ ဖုန်းတွေအတွက်လည်း အဆိုပါ Feature တွေရရှိဖို့ မသေချာပါဘူး။

Ref: XDA