Huawei ကနေ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် အောက်တိုဘာလတုန်းက Huawei Mate 10 ကို မိတ်ဆက်ရင်းနဲ့ Huawei စမတ်ဖုန်းတွေရဲ့ Android Oreo ကို Update လုပ်ပေးမယ့် အစီအစဉ်ကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာ Huawei Mate 9 နဲ့ Huawei P10 စမတ်ဖုန်းတွေက Android Oreo Update ကို ရရှိနေပြီဖြစ်ပေမယ့် ကျန်တဲ့ စမတ်ဖုန်းတွေကတော့ မသိခဲ့ရသေးဘူးပဲဖြစ်ပါတယ်။

အခုအချိန်မှာတော့ Huawei ကနေ Android Oreo Beta update ကို နောက်ထပ် Huawei စမတ်ဖုန်း ၇ လုံးအတွက် ထုတ်ပေးလိုက်ပြီပဲဖြစ်ပါတယ်။ အခုကြေညာချက်က တရုတ်နိုင်ငံ Local Firmware Version ဖြစ်ပြီးတော့ Global User တွေအတွက်ကတော့ မကြာခင်မှ Update လုပ်နိုင်မယ်လို့ သိရပါတယ်။

အခု List ထဲမှာ ပါဝင်တဲ့ဖုန်းတွေကတော့ Huawei Mate 8 ၊ Huawei P9 ၊ Huawei P9 Plus စမတ်ဖုန်းတွေနဲ့ Honor ဖုန်းတွေဖြစ်တဲ့ Honor 8 ၊ Honor V8 ၊ Honor Note 8 နဲ့ Honor 6X စမတ်ဖုန်းတွေပါဝင်ခဲ့တယ်လို့ သိရပါတယ်။

အခု Android Oreo Beta Update ဟာ EMUI 8.0 ကိုပါ တခါတည်း Update ပြုလုပ်ပေးသွားမှာဖြစ်ပြီးတော့ Picture-in-Picture mode ၊ Polished Notifications ၊ Autofill API နဲ့ User Interface ပိုင်း ပြောင်းလဲမှုတွေကိုပါ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် AI နည်းပညာတွေနဲ့ RAM Optimizations တွေကြောင့် ယခင်ကထက် အသုံးပြုရတာပိုပြီး သွက်လာမယ်လို့လည်း ပြောကြားထားခဲ့ပါတယ်။

အခု Android Oreo Beta Update ဟာ တရုတ်နိုင်ငံမှာ Beta Version အနေနဲ့ပဲ ထုတ်ပေးသေးတာဖြစ်ပြီးတော့ Global User တွေအနေနဲ့တော့ Stable Version အသုံးပြုနိုင်ဖို့အတွက် အနည်းငယ်စောင့်ဆိုင်းရဦးမှာပါ။