Zawgyi

Honor အေနနဲ႔ V စီးရီးေတြရဲ႕ မ်ိဴးဆက္သစ္ စမတ္ဖုန္းျဖစ္တဲ့ V20 ေခၚ View 20 ကို လာမယ့္ ဒီဇင္ဘာလ ၂၆ရက္ေန႔မွာ တရားဝင္ မိတ္ဆက္ေပးေတာ့မွာ ျဖစ္ပါတယ္။ တရားဝင္ မိတ္ဆက္ပြဲကို က်င္းပဖို႔အတြက္ ရက္အနည္းငယ္လိုေနေသးေပမယ့္ Honor V20 ရဲ႕ ဓာတ္ပုံနဲ႔ အခ်က္အလက္ေတြကေတာ့ ေပါက္ၾကားထြက္ေပၚေနၿပီ ျဖစ္ပါတယ္။

Honor V20 ရဲ႕ AnTuTu ရမွတ္ေတြဟာ Weibo ကေနတစ္ဆင့္ စတင္ထြက္ေပၚလာတာပါ။ HiSilicon Kirin 980 SoC (7nm) ကို အသုံးျပဳထားတဲ့ Honor V20 ဟာ စုစုေပါင္း Benchmark Scores ၂၉၁,၂၄၄ အထိ ရရွိေနတာ ေတြ႕ရပါတယ္။ Weibo ကေန ေပါက္ၾကားထြက္ေပၚခဲ့တဲ့ ဓာတ္ပုံထဲက အခ်က္အလက္ေတြအရဆိုရင္ Honor V20 ဟာ CPU – ၁၀၆၇၅၅၊ GPU – ၁၀၉၂၅၁၊ UX – ၆၄၅၇၄ နဲ႔ Memory – ၁၀၆၆၄ ရမွတ္ေတြကို ပိုင္ဆိုင္ထားၿပီး စုစုေပါင္း ရမွတ္ ၂၉၁,၂၄၄ ရရွိထားပါတယ္။ RAM အေနနဲ႔ 8GB ပါဝင္ႏိုင္ၿပီး Memory Storage ကိုေတာ့ 128GB ထည့္သြင္းထားႏိုင္ပါတယ္။

အဆိုပါ ရမွတ္ေတြကို အတည္တက်ေတာ့ မွတ္ယူထားလို႔ မရေသးပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ Kirin 980 ကို အသုံးျပဳထားတဲ့ Huawei Mate 20 စီးရီးနဲ႔ Honor Magic 2 တို႔က ရမွတ္ ၃သိန္းေက်ာ္ အထိရရွိၿပီး ႏိုဝင္ဘာလအတြက္ Performance အေကာင္းဆုံး စမတ္ဖုန္းေတြအျဖစ္ ထိပ္ဆုံး ၄ေနရာကို အသီးသီး ေနရာယူထားလို႔ပါ။ ဒါ့အျပင္ လက္ရွိ Honor V20 ရဲ႕ ရမွတ္က Snapdragon 845 ကို အသုံးျပဳထားၿပီး ရမွတ္ ၂၉၂,၂၈၆ ရရွိထားတဲ့ Xiaomi Mi 8 ကို မမွီတာလည္း ေတြ႕ရပါတယ္။

ဘာဘဲျဖစ္ျဖစ္ တိက်ေသခ်ာတဲ့ အေျဖကို သိခ်င္တယ္ဆိုရင္ေတာ့ Honor V20 ရဲ႕ မိတ္ဆက္ပြဲနဲ႔ AnTuTu ဘက္က တရားဝင္ ထုတ္ျပန္ေၾကညာခ်က္ေတြကို ေစာင့္ၾကည့္ရမွာပါ။

Ref : gizmochina

Unicode

AnTuTu မှာ Honor V20 ရဲ့ Performance Scores များထွက်ပေါ်

Honor အနေနဲ့ V စီးရီးတွေရဲ့ မျိူးဆက်သစ် စမတ်ဖုန်းဖြစ်တဲ့ V20 ခေါ် View 20 ကို လာမယ့် ဒီဇင်ဘာလ ၂၆ရက်နေ့မှာ တရားဝင် မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ တရားဝင် မိတ်ဆက်ပွဲကို ကျင်းပဖို့အတွက် ရက်အနည်းငယ်လိုနေသေးပေမယ့် Honor V20 ရဲ့ ဓာတ်ပုံနဲ့ အချက်အလက်တွေကတော့ ပေါက်ကြားထွက်ပေါ်နေပြီ ဖြစ်ပါတယ်။

Honor V20 ရဲ့ AnTuTu ရမှတ်တွေဟာ Weibo ကနေတစ်ဆင့် စတင်ထွက်ပေါ်လာတာပါ။ HiSilicon Kirin 980 SoC (7nm) ကို အသုံးပြုထားတဲ့ Honor V20 ဟာ စုစုပေါင်း Benchmark Scores ၂၉၁,၂၄၄ အထိ ရရှိနေတာ တွေ့ရပါတယ်။ Weibo ကနေ ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ ဓာတ်ပုံထဲက အချက်အလက်တွေအရဆိုရင် Honor V20 ဟာ CPU – ၁၀၆၇၅၅၊ GPU – ၁၀၉၂၅၁၊ UX – ၆၄၅၇၄ နဲ့ Memory – ၁၀၆၆၄ ရမှတ်တွေကို ပိုင်ဆိုင်ထားပြီး စုစုပေါင်း ရမှတ် ၂၉၁,၂၄၄ ရရှိထားပါတယ်။ RAM အနေနဲ့ 8GB ပါဝင်နိုင်ပြီး Memory Storage ကိုတော့ 128GB ထည့်သွင်းထားနိုင်ပါတယ်။

အဆိုပါ ရမှတ်တွေကို အတည်တကျတော့ မှတ်ယူထားလို့ မရသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ Kirin 980 ကို အသုံးပြုထားတဲ့ Huawei Mate 20 စီးရီးနဲ့ Honor Magic 2 တို့က ရမှတ် ၃သိန်းကျော် အထိရရှိပြီး နိုဝင်ဘာလအတွက် Performance အကောင်းဆုံး စမတ်ဖုန်းတွေအဖြစ် ထိပ်ဆုံး ၄နေရာကို အသီးသီး နေရာယူထားလို့ပါ။ ဒါ့အပြင် လက်ရှိ Honor V20 ရဲ့ ရမှတ်က Snapdragon 845 ကို အသုံးပြုထားပြီး ရမှတ် ၂၉၂,၂၈၆ ရရှိထားတဲ့ Xiaomi Mi 8 ကို မမှီတာလည်း တွေ့ရပါတယ်။

ဘာဘဲဖြစ်ဖြစ် တိကျသေချာတဲ့ အဖြေကို သိချင်တယ်ဆိုရင်တော့ Honor V20 ရဲ့ မိတ်ဆက်ပွဲနဲ့ AnTuTu ဘက်က တရားဝင် ထုတ်ပြန်ကြေညာချက်တွေကို စောင့်ကြည့်ရမှာပါ။

Ref : gizmochina