[Zawgyi]

ဟိုတေန႔ကပဲ Apple ကေန iPad Pro အသစ္စက္စက္ေတြကို မိတ္ဆက္္သြားခဲ့ပါတယ္။ iPad Pro 11 နဲ႔ iPad Pro 12.9 ၂ခုလံုးမွာ Apple ရဲ႕ A12X Bionic SoC ကိုသံုးထားပါတယ္။ A12X ေတြကေတာ့ စက္တင္ဘာလကပဲမိတ္ဆက္ထားတဲ့ iPhone Xs, Xs Max, XR တို႔မွာ သံုးထားတဲ့ အရမ္းျမန္လြန္းပါတယ္ဆိုတဲ့ A12 SoC ေတြထက္ေတာင္ ပိုျမင့္တဲ့ SoC ပါ။

အခု AnTuTu နဲ႔ Geekbench တုိ႔မွာ ရတဲ့ ရလဒ္ေတြ ေပါက္ၾကားလာခဲ့တဲ့အတုိင္းဆို A12X Chipset က လက္ရိွ မိုဘုိင္းလ္ Chipset ေတြထဲမွာ လံုးဝအေကာင္းဆံုး စြမ္းရည္အျမင့္ဆံုး Chipset ဆိုတာကို ေဖာ္ျပေနသလိုပါပဲ။

A12 မွာတုန္းက 6-Core CPU, Quad-Core GPU ေပမယ့္ A12X မွာေတာ့ 8-Core CPU နဲ႔ 7-Core GPU ကိုသံုးထားတဲ့အတြက္ ပိုျမင့္လာပါတယ္။ Apple ေျပာပံုအရဆို A12X အသစ္ေတြက မႏွစ္က iPad Pro ေတြထ္ကုိ Single Core မွာ 35%, Multi-Core မွာ 90% ၾကီးေတာင္ ပိုေကာင္းလာတယ္လို႔ ေျပာထားပါတယ္။

အခု ျပထားတာကေတာ့ iPad 8,3 လို႔ပဲ နာမည္ေပးထားျပီး Octa-Core Apple SoC, RAM 4GB, iOS12.1 နဲ႔ထြက္ထားတာပါ။ နာမည္ကိုမသိရေပမယ့္ တဲ့အမွတ္ၾကိးေတြက ေၾကာက္စရာၾကီးပါပဲ။

ေနာက္ထပ္ကေတာ့ iPad 8,8 လို႔နာမည္တပ္ထားတဲ့ ၂လံုးပါ။ ပထမ၁လံုးမွာ Apple A12X, RAM 6GB, iOS 12.1 နဲ႔ 5030 (SingleCore), 17995 (MultiCore)  ရမွတ္ေတြရထားတာပါ။ ေနာက္တစ္လံုးကေတာ့ 5020 နဲ႔ 18217 ဆိုျပီး ရထားတာပါ။

ဒါကေတာ့ ဒီႏွစ္ထုတ္ေမာ္ဒယ္လ္ေတြျဖစ္ျပီး မႏွစ္က iPad Pro ေတြကေတာ့ A10X Fusion SoC နဲ႔ ထြက္ထားတာပါ။ သူတို႔တုန္းကေတာ့ SingleCore 39xx နဲ႔ MultiCore 93xx ေလာက္ပဲ ရခဲ့တာဆိုေတာ့ လံုးဝ ၂ဆေလာက္နီးနီးေလာက္ကို ခုန္တက္သြားတာပါ။

ဒီတစ္ေခါက္ iPad Pro 11 နဲ႔ iPad Pro 12.9 မွာေတာ့ အရမ္းစားတဲ့ Adobe Photoshop လိုမ်ိဳးကိုေတာင္ ေအးေဆး Run ႏုိင္တယ္ဆိုေတာ့ ဒီႏွစ္ရဲ႕ iPad Pro ေရာင္းအားေတြ ခုန္တက္လာဦးမယ္ထင္ပါတယ္။ iPad Pro မွာ အရင္တုန္းကနဲ႔ လံုးဝမတူတဲ့ ေျပာင္းလဲမႈေတြအမ်ားၾကီးပဲဆိုေတာ့ ကိုယ္အၾကိဳက္ဆံုးတစ္ခ်က္ရိွရင္ ေျပာျပေပးခဲ့ပါဦး…

Source: GizmoChina

[Unicode]

ဟိုတနေ့ကပဲ Apple ကနေ iPad Pro အသစ်စက်စက်တွေကို မိတ်ဆက်သွားခဲ့ပါတယ်။ iPad Pro 11 နဲ့ iPad Pro 12.9 ၂ခုလုံးမှာ Apple ရဲ့ A12X Bionic SoC ကိုသုံးထားပါတယ်။ A12X တွေကတော့ စက်တင်ဘာလကပဲမိတ်ဆက်ထားတဲ့ iPhone Xs, Xs Max, XR တို့မှာ သုံးထားတဲ့ အရမ်းမြန်လွန်းပါတယ်ဆိုတဲ့ A12 SoC တွေထက်တောင် ပိုမြင့်တဲ့ SoC ပါ။

အခု AnTuTu နဲ့ Geekbench တို့မှာ ရတဲ့ ရလဒ်တွေ ပေါက်ကြားလာခဲ့တဲ့အတိုင်းဆို A12X Chipset က လက်ရှိ မိုဘိုင်းလ် Chipset တွေထဲမှာ လုံးဝအကောင်းဆုံး စွမ်းရည်အမြင့်ဆုံး Chipset ဆိုတာကို ဖော်ပြနေသလိုပါပဲ။

A12 မှာတုန်းက 6-core CPU, Quad-Core GPU ပေမယ့် A12X မှာတော့ 8-Core CPU နဲ့ 7-Core GPU ကိုသုံးထားတဲ့အတွက် ပိုမြင့်လာပါတယ်။ Apple ပြောပုံအရဆို A12X အသစ်တွေက မနှစ်က iPad Pro တွေထ်ကို Single Core မှာ 35%, Multi-Core မှာ 90% ကြီးတောင် ပိုကောင်းလာတယ်လို့ ပြောထားပါတယ်။

အခု ပြထားတာကတော့ iPad 8,3 လို့ပဲ နာမည်ပေးထားပြီး Octa-Core Apple SoC, RAM 4GB, iOS12.1 နဲ့ထွက်ထားတာပါ။ နာမည်ကိုမသိရပေမယ့် တဲ့အမှတ်ကြိးတွေက ကြောက်စရာကြီးပါပဲ။

နောက်ထပ်ကတော့ iPad 8,8 လို့နာမည်တပ်ထားတဲ့ ၂လုံးပါ။ ပထမ၁လုံးမှာ Apple A12X, RAM 6GB, iOS 12.1 နဲ့ 5030(SingleCore), 17995(MultiCore)  ရမှတ်တွေရထားတာပါ။ နောက်တစ်လုံးကတော့ 5020 နဲ့ 18217 ဆိုပြီး ရထားတာပါ။

ဒါကတော့ ဒီနှစ်ထုတ်မော်ဒယ်လ်တွေဖြစ်ပြီး မနှစ်က iPad Pro တွေကတော့ A10X Fusion SoC နဲ့ ထွက်ထားတာပါ။ သူတို့တုန်းကတော့ SingleCore 39xx နဲ့ MultiCore 93xx လောက်ပဲ ရခဲ့တာဆိုတော့ လုံးဝ ၂ဆလောက်နီးနီးလောက်ကို ခုန်တက်သွားတာပါ။

ဒီတစ်ခေါက် iPad Pro 11 နဲ့ iPad Pro 12.9 မှာတော့ အရမ်းစားတဲ့ Adobe Photoshop လိုမျိုးကိုတောင် အေးဆေး Run နိုင်တယ်ဆိုတော့ ဒီနှစ်ရဲ့ iPad Pro ရောင်းအားတွေ ခုန်တက်လာဦးမယ်ထင်ပါတယ်။ iPad Pro မှာ အရင်တုန်းကနဲ့ လုံးဝမတူတဲ့ ပြောင်းလဲမှုတွေအများကြီးပဲဆိုတော့ ကိုယ်အကြိုက်ဆုံးတစ်ချက်ရှိရင် ပြောပြပေးခဲ့ပါဦး…

Source: GizmoChina