Apple ကနေ ပြီးခဲ့တဲ့ ဆယ်နှစ်ကျော်တုန်းက Apple iPhone တွေကို စတင်ထုတ်လုပ်တဲ့အချိန်တုန်းထဲကနေ အခုအချိန်အထိ Dual SIM စမတ်ဖုန်းတွေကို လုံးဝထုတ်လုပ်ခဲ့ခြင်းမရှိပဲ Single SIM နဲ့ပဲ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ စနစ်ကပြောင်းလဲသွားတော့မယ့် ပုံပါပဲ။

Apple နဲ့ပတ်သတ်တဲ့သတင်းတွေကို အမြဲခန့်မှန်းတာတော်တဲ့ KGI Securities က Ming-Chi Kuo က အခုသတင်းကို ပြောကြားခဲ့တာဖြစ်ပြီးတော့ Dual SIM iPhone တွေက 6.1″ LCD Display ကို အသုံးပြုထားမှာဖြစ်ပြီးတော့ ဒေါ်လာ ၆၅၀ ကနေ ဒေါ်လာ ၇၅၀ ကြားရှိနိုင်တယ်လို့ သိရပါတယ်။ Single SIM Version ကတော့ ဒေါ်လာ ၅၅၀ ကနေ ၆၅၀ ကြားရှိနိုင်တယ်လို့ သိရပါတယ်။

အခု Dual SIM iPhone တွေက Apple ရဲ့ Entry Level iPhone တွေပဲဖြစ်လာမှာဖြစ်ပြီးတော့ ထိပ်ဆုံးပိုင်းရောင်းချမှာရောင်းချမယ့် OLED Display နဲ့ iPhone တွေကတော့ ဒေါ်လာ ၁၀၀၀ အထက်ရှိနေမှာဖြစ်တယ်လို့ သိရပါတယ်။

အခုလိုမျိုး Apple ကနေ iPhone တွေကို Dual SIM နဲ့ ထွက်လာမယ်ဆိုတော့ Android ကနေ iPhone ပြောင်းကြမယ့်သူတွေအတွက် အဆင်ပြေလာမယ်လို့ ယူဆရပါတယ်။