လွန်ခဲ့တဲ့ August 24 မှာ Apple ရဲ့ မောင်းသူမဲ့ မော်တော်ကားတစ်စီးဟာ လမ်းမပေါ်မှာ တိမ်းမှောက်မှုဖြစ်ခဲ့ကြောင်း ကာလီဖိုးနီးယား ယဉ်ထိန်းရုံးရဲ့ သတင်းထုတ်ပြန်ချက်တွေအရသိရပါတယ်။

လူသူကင်းရှင်းတဲ့နေရာမှာ မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အရှိန်အရမ်းမပြင်းကြောင်းသိရပါတယ်။ Apple ရဲ့ စမ်းသပ်မောင်းနှင်လာတဲ့ မောင်းသူမဲ့ကားက Apple ရုံးချုပ်နားမှာရှိတဲ့ အဝေးပြေးလမ်းမပေါ်စတက်တဲ့အချိန်မှာပဲ Nissan Leaf တစ်စီးနဲ့ တိုက်မိခဲ့ခြင်းဖြစ်ပြီး တစ်နာရီကို တစ်မိုင်နှုန်းနဲ့ပဲ မောင်းနှင်လာလို့ နှစ်ဦးနှစ်ဘက်လုံး ပြင်းပြင်းထန်ထန်ထိခိုက်ခဲ့ခြင်းမရှိပါဘူး။

မောင်းသူမဲ့ကားတွေဟာ AI ကထိန်းချုပ်မောင်းနှင်တာဖြစ်ပြီး AI တွေဟာ ရှုပ်ထွေးတဲ့ ကိစ္စတွေကို မကိုင်တွယ်နိုင်သေးကြောင်းသိနိုင်ပါတယ်။

အဲ့ဒီ ရက်ပိုင်းအတွင်းမှာ တစ်ခြား Company တွေကလည်း မောင်းသူမဲ့ကားတွေစမ်းသပ်ကြပြီး အများ ပြည်သူပိုင် လမ်းမတွေပေါ်မှာ တိမ်းမှောက်မှုတွေဖြစ်ကြတယ်လို့သိရပါတယ်။

 

ကိုယ်တိုင်မောင်းတဲ့ကားတွေ Accident ဖြစ်နှုန်းက ကာလီဖိုးနီးယားမှာ အတော်ရှားပြီး နောက်ဆုံးဖြစ်ခဲ့တဲ့ မတော်တဆမှုကတော့ 2014 တုန်းကဖြစ်ပါတယ်။ ဒီနှစ်ထဲမှာပဲ မောင်းသူမဲ့ကားတွေ တိမ်းမှောက်မှု အကြိမ်လေးဆယ်ထိရှိခဲ့တယ်လို့သိရပြီး အများစုကတော့ အရှိန်အရမ်းမပြင်းကြောင်းသိရပါတယ်။ မောင်းသူမဲ့ကားနဲ့ အငှားကား Uber တစ်စီးတို့အပြင်းအထန် ထိခိုက်မိခဲ့ကြတဲ့ မတော်တဆမှုတစ်ခုကတော့ အရီဇိုးနား ပြည်နယ်မှာ လွန်ခဲ့တဲ့ မတ်လက ဖြစ်ပွားခဲ့ပါတယ်။

Apple ဟာ မောင်းသူမဲ့ကား စမ်းသပ်မှု အောင်မြင်ခဲ့ရင် Company ရဲ့ အောင်မြင်မှုမှတ်တိုင်တစ်ခု ဖြစ်လာမယ်လို့ယုံကြည်ခဲ့ပေမယ့် ဒီ မတော်တဆမှုက Apple အတွက်ဝမ်းနည်းစရာ အဖြစ်အပျက်တစ်ခုဖြစ်ခဲ့ပါတယ်။ Artificial Intelligence အပိုင်းကို အများကြီး တိုးတက်အောင် ကြိုးစားကြရဦးမှာပါ။

Ref: Tech Crunch