[Zawgyi]

2004 တုန္းက ပရိတ္သတ္ေတြေပါင္း ၂၇၆ေယာက္ေတာင္ လာေရာက္ၾကည့္ရႈခဲ့ၾကတဲ့ Oprah Winfrey Show မွာ အသစ္စက္စက္ $28,000 တန္ Pontiac ကားသစ္ၾကီးကို Give Away ေပးခဲ့ပါတယ္။ ဒီေန႔ေခတ္လည္း တူတူပါပဲ။ လာေရာက္ျပီး Live ၾကည့္တဲ့ ပရိတ္သတ္ေတြအတြက္ အဖိုးတန္လက္ေဆာင္တစ္ခုခု ေပးတတ္ၾကတာ ထံုးစံလိုျဖစ္ေနပါျပီ။

Holiday ကာလအတြက္ Ellen Show က ၁၂ရက္တာ Give Away အစီအစဥ္ေလး လုပ္ေနၾကေပမယ့္ Promotion ေတြမွာ ဘယ္ေတာ့မွ မပါဘူးတဲ့ Apple ကေတာ့ ဒီႏွစ္ရဲ႕ Surprise ေလး ျဖစ္ခဲ့ပါတယ္။ ပထမဆံဳးအေနနဲ႔ Apple က Ellen Show နဲ႔လက္တြဲျပီးေတာ့ ပရိတ္သတ္ေတြကို iPhone XR ေတြ ေပးခဲ့တာ ျဖစ္ပါတယ္။

ေအာက္မွာ ၃မိနစ္စာဗီဒီယိုေလး ျပထားပါတယ္။ အစပိုင္း Ellen က Julia Roberts နဲ႔အတူ App Store ဂိမး္တစ္ခုျဖစ္တဲ့ Heads Up ဂိမ္းေဆာ့ေနတာျဖစ္ျပီး ျပီးတာနဲ႔ သူမရဲ႕ iPhone XR နဲ႔တူတူ Portrait Selfie ဆြဲရင္းနဲ႔ပဲ “အေရာင္ေျခာက္ေရာင္နဲ႔လာျပီး Battery Life လည္းအေကာင္းဆံုးျဖစ္ေနတာကေတာ့ မိုက္တယ္ထင္တယ္” လို႔ ေျပာလိုက္တဲ့ ၃မိနစ္စာ ဗီဒီယိုေလးပါ။  YouTube မွာ ‘Special thanks to: Apple IPhone XR’ ဆိုျပီးတင္ထားပါတယ္။ Apple ရဲ႕ Promotion တစ္ခုကေတာ့ အံၾသျခင္း ေပ်ာ္ရႊင္ျခင္းေတြနဲ႔ အဆံုးသတ္ႏုိင္ခဲ့ပါတယ္။

ပြဲကိုလာခဲ့တဲ့ ပရိတ္သတ္ေတြကေတာ့ iPhone XR ေလးေတြ ကိုယ္စီပိုက္ျပီး တက္ၾကြတဲ့ေျခလွမ္းေတြနဲ႔ အိမ္ျပန္ခဲ့ၾကမယ္ထင္ပါတယ္။

Ref: PhoneArena,9to5Mac

[Unicode]

2004 တုန်းက ပရိတ်သတ်တွေပေါင်း ၂၇၆ယောက်တောင် လာရောက်ကြည့်ရှုခဲ့ကြတဲ့ Oprah Winfrey Show မှာ အသစ်စက်စက် $28,000 တန် Pontiac ကားသစ်ကြီးကို Give Away ပေးခဲ့ပါတယ်။ ဒီနေ့ခေတ်လည်း တူတူပါပဲ။ လာရောက်ပြီး Live ကြည့်တဲ့ ပရိတ်သတ်တွေအတွက် အဖိုးတန်လက်ဆောင်တစ်ခုခု ပေးတတ်ကြတာ ထုံးစံလိုဖြစ်နေပါပြီ။

Holiday ကာလအတွက် Ellen Show က ၁၂ရက်တာ Give Away အစီအစဉ်လေး လုပ်နေကြပေမယ့် Promotion တွေမှာ ဘယ်တော့မှ မပါဘူးတဲ့ Apple ကတော့ ဒီနှစ်ရဲ့ Surprise လေး ဖြစ်ခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ Apple က Ellen Show နဲ့လက်တွဲပြီးတော့ ပရိတ်သတ်တွေကို iPhone XR တွေ ပေးခဲ့တာ ဖြစ်ပါတယ်။

အောက်မှာ ၃မိနစ်စာဗီဒီယိုလေး ပြထားပါတယ်။ အစပိုင်း Ellen က Julia Roberts နဲ့အတူ App Store ဂိမ်းတစ်ခုဖြစ်တဲ့ Heads Up ဂိမ်းဆော့နေတာဖြစ်ပြီး ပြီးတာနဲ့ သူမရဲ့ iPhone XR နဲ့တူတူ Portrait Selfie ဆွဲရင်းနဲ့ပဲ “အရောင်ခြောက်ရောင်နဲ့လာပြီး Battery Life လည်းအကောင်းဆုံးဖြစ်နေတာကတော့ မိုက်တယ်ထင်တယ်” လို့ ပြောလိုက်တဲ့ ၃မိနစ်စာ ဗီဒီယိုလေးပါ။  YouTube မှာ ‘Special thanks to: Apple IPhone XR’ ဆိုပြီးတင်ထားပါတယ်။ Apple ရဲ့ Promotion တစ်ခုကတော့ အံသြခြင်း ပျော်ရွှင်ခြင်းတွေနဲ့ အဆုံးသတ်နိုင်ခဲ့ပါတယ်။

ပွဲကိုလာခဲ့တဲ့ ပရိတ်သတ်တွေကတော့ iPhone XR လေးတွေ ကိုယ်စီပိုက်ပြီး တက်ကြွတဲ့ခြေလှမ်းတွေနဲ့ အိမ်ပြန်ခဲ့ကြမယ်ထင်ပါတယ်။

Ref: PhoneArena,9to5Mac