[Zawgyi]

Apple ဟာ သူ႔ရဲ႕ ေနာက္ဆုံးထုတ္ iPhone ေတြျဖစ္တဲ့ iPhone XS, XS Max နဲ႔ XR ေတြအတြက္ Smart Battery Case ကို မိတ္ဆက္ လိုက္ၿပီျဖစ္ပါတယ္။ ဒီ Smart Battery Case ဟာ လြန္ခဲ့တဲ့ ႏွစ္အေတာ္ၾကာက iPhone 6 နဲ႔ iPhone 6s ေတြအတြက္ ကုမၸဏီက ျဖန္ခ်ိခဲ့တာနဲ႔ အတူတူပါပဲ။ ဒါေပမယ့္ စြမ္းေဆာင္ရည္နဲ႔ အသုံးျပဳရတဲ့ အပိုင္းေတြကေတာ့ ပိုၿပီးတိုးတက္ေကာင္းမြန္လာၿပီလို႔ ဆိုရမွာပါ။

၂၀၁၈ ထုတ္ iPhone သစ္ေတြရဲ႕ ဘက္ထရီသက္တမ္းလိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးဖို႔ ထုတ္လုပ္လိုက္တဲ့ Smart Battery Case က Built-in ဘက္ထရီနဲ႔ပါပဲ။ ဆီလီကြန္ကိုယ္ထည္နဲ႔ ျပဳလုပ္ထားၿပီး အနက္ေရာင္နဲ႔ အျဖဴေရာင္ ႏွစ္မ်ိဳးကို ထုတ္လုပ္ထားတာပါ။ Apple ရဲ႕ ထုံးစံအတိုင္း သပ္ရပ္လွပတဲ့ ဒီဇိုင္းနဲ႔ လိုဂိုေလးကို ကိုယ္ထည္ေပၚမွာ ေတြ႕ျမင္ရမွာပါ။

တိုးတက္လာတယ္ဆိုတဲ့အခ်က္က ႀကိဳးမဲ့စနစ္ ပါဝင္လာတာပါ။ Qi Wireless Charging စနစ္ ပါဝင္လာတဲ့အတြက္ ႀကိဳးတန္းလန္းနဲ႔ အားသြင္းစရာမလိုေတာ့ဘဲ အမွန္တကယ္ စမတ္က်သြားပါတယ္။ iPhone ရဲ႕ အေနာက္ဘက္မွာ တပ္ထားလိုက္ရင္ အလိုအေလ်ာက္ အားသြင္းေပးပါလိမ့္မယ္။ ဒါတင္မကဘဲ USB-PD charger နဲ႔ အသုံးျပဳႏိုင္ေအာင္လည္း ေထာက္ပံ့ေပးထားပါေသးတယ္။

ဒီ Smart Battery Case ရဲ႕ ဘက္ထရီဟာ စကားေျပာခ်ိန္ ၃၇ နာရီနဲ႔ အထက္၊ အင္တာနက္ အသုံးျပဳခ်ိန္ နာရီ ၂၀ နဲ႔အထက္၊ ဗြီဒီယိုၾကည့္ခ်ိန္ ၂၅ နာရီနဲ႔အထက္ အသုံးျပဳႏိုင္တယ္လို႔ ဆိုပါတယ္။ (iPhone XS, XS Max နဲ႔ XR ေတြကြဲျပားတာနဲ႔အလိုက္ ဘက္ထရီ အသုံးျပဳႏိုင္တဲ့အခ်ိန္လည္း အနည္းငယ္ကြဲျပားသြားမယ္လို႔ သိရပါတယ္။) ဘက္ထရီ ႏွစ္ခုလုံးရဲ႕ လက္က်န္အားပမာဏကိုလည္း Notification Center ကေနျပသသြားမွာ ျဖစ္ပါတယ္။ ေဈးႏႈန္းကေတာ့ $129 ျဖစ္တာေၾကာင့္ ျမန္မာေငြ (၂သိန္းနီးပါး) က်သင့္မွာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

iPhone XS, XS Max နဲ့ XR တွေအတွက် Smart Battery Case ကို Apple မိတ်ဆက်

Apple ဟာ သူ့ရဲ့ နောက်ဆုံးထုတ် iPhone တွေဖြစ်တဲ့ iPhone XS, XS Max နဲ့ XR တွေအတွက် Smart Battery Case ကို မိတ်ဆက် လိုက်ပြီဖြစ်ပါတယ်။ ဒီ Smart Battery Case ဟာ လွန်ခဲ့တဲ့ နှစ်အတော်ကြာက iPhone 6 နဲ့ iPhone 6s တွေအတွက် ကုမ္ပဏီက ဖြန်ချိခဲ့တာနဲ့ အတူတူပါပဲ။ ဒါပေမယ့် စွမ်းဆောင်ရည်နဲ့ အသုံးပြုရတဲ့ အပိုင်းတွေကတော့ ပိုပြီးတိုးတက်ကောင်းမွန်လာပြီလို့ ဆိုရမှာပါ။

၂၀၁၈ ထုတ် iPhone သစ်တွေရဲ့ ဘက်ထရီသက်တမ်းလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ထုတ်လုပ်လိုက်တဲ့ Smart Battery Case က Built-in ဘက်ထရီနဲ့ပါပဲ။ ဆီလီကွန်ကိုယ်ထည်နဲ့ ပြုလုပ်ထားပြီး အနက်ရောင်နဲ့ အဖြူရောင် နှစ်မျိုးကို ထုတ်လုပ်ထားတာပါ။ Apple ရဲ့ ထုံးစံအတိုင်း သပ်ရပ်လှပတဲ့ ဒီဇိုင်းနဲ့ လိုဂိုလေးကို ကိုယ်ထည်ပေါ်မှာ တွေ့မြင်ရမှာပါ။

တိုးတက်လာတယ်ဆိုတဲ့အချက်က ကြိုးမဲ့စနစ် ပါဝင်လာတာပါ။ Qi Wireless Charging စနစ် ပါဝင်လာတဲ့အတွက် ကြိုးတန်းလန်းနဲ့ အားသွင်းစရာမလိုတော့ဘဲ အမှန်တကယ် စမတ်ကျသွားပါတယ်။ iPhone ရဲ့ အနောက်ဘက်မှာ တပ်ထားလိုက်ရင် အလိုအလျောက် အားသွင်းပေးပါလိမ့်မယ်။ ဒါတင်မကဘဲ USB-PD charger နဲ့ အသုံးပြုနိုင်အောင်လည်း ထောက်ပံ့ပေးထားပါသေးတယ်။

ဒီ Smart Battery Case ရဲ့ ဘက်ထရီဟာ စကားပြောချိန် ၃၇ နာရီနဲ့ အထက်၊ အင်တာနက် အသုံးပြုချိန် နာရီ ၂၀ နဲ့အထက်၊ ဗွီဒီယိုကြည့်ချိန် ၂၅ နာရီနဲ့အထက် အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။ (iPhone XS, XS Max နဲ့ XR တွေကွဲပြားတာနဲ့အလိုက် ဘက်ထရီ အသုံးပြုနိုင်တဲ့အချိန်လည်း အနည်းငယ်ကွဲပြားသွားမယ်လို့ သိရပါတယ်။) ဘက်ထရီ နှစ်ခုလုံးရဲ့ လက်ကျန်အားပမာဏကိုလည်း Notification Center ကနေပြသသွားမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ $129 ဖြစ်တာကြောင့် မြန်မာငွေ (၂သိန်းနီးပါး) ကျသင့်မှာ ဖြစ်ပါတယ်။

Ref: GSMArena