[Zawgyi]
လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက Apple ဟာ iPhone တွေကို တရုတ်နိုင်ငံမှာ လျှော့ဈေးနဲ့ ရောင်းချတော့မယ်ဆိုတဲ့ အကြောင်း ကောလဟလသတင်းများ ထွက်ပေါ်ခဲ့ဖူးပါတယ်။ Apple ကိုယ်တိုင်က ဝယ်ယူအသုံးပြုသူတွေကို တိုက်ရိုက်လျော့ဈေးနဲ့ ရောင်းချတာမျိုးမဟုတ်ဘဲ iPhone တွေကို ပြန်လည်ဖြန့်ချီရောင်းချပေးနေတဲ့ အရောင်းဆိုင်ကြီးတွေကို လျှော့ဈေးပေးခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့မှာတော့ တရုတ်နိုင်ငံအခြေစိုက် အွန်လိုင်းအရောင်းဆိုင်ကြီးများဖြစ်ကြတဲ့ JD.com နဲ့ Suning.com တို့မှာ iPhone 8, iPhone 8 Plus နဲ့ iPhone XR တွေကို အများဆုံး ၂၀% အထိလျှော့ချပြီး အထူးလျှော့ဈေးနဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် Apple ရဲ့ တရားဝင် ဝက်ဆိုက်မှာတော့ အဆိုပါ iPhone တွေရဲ့ ဈေးနှုန်းဟာ ပြောင်းလဲသွားခြင်း မရှိသေးပါဘူး။
Ref : 9To5Mac
[Unicode]
iPhone တွေကို တရုတ်နိုင်ငံမှာ ၂၀% လျှော့စျေးနဲ့ ရောင်းချ
လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက Apple ဟာ iPhone တွေကို တရုတ်နိုင်ငံမှာ လျှော့စျေးနဲ့ ရောင်းချတော့မယ်ဆိုတဲ့ အကြောင်း ကောလဟလသတင်းများ ထွက်ပေါ်ခဲ့ဖူးပါတယ်။ Apple ကိုယ်တိုင်က ဝယ်ယူအသုံးပြုသူတွေကို တိုက်ရိုက်လျော့စျေးနဲ့ ရောင်းချတာမျိူးမဟုတ်ဘဲ iPhone တွေကို ပြန်လည်ဖြန့်ချီရောင်းချပေးနေတဲ့ အရောင်းဆိုင်ကြီးတွေကို လျှော့စျေးပေးခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့မှာတော့ တရုတ်နိုင်ငံအခြေစိုက် အွန်လိုင်းအရောင်းဆိုင်ကြီးများဖြစ်ကြတဲ့ JD.com နဲ့ Suning.com တို့မှာ iPhone 8, iPhone 8 Plus နဲ့ iPhone XR တွေကို အများဆုံး ၂၀% အထိလျှော့ချပြီး အထူးလျှော့စျေးနဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် Apple ရဲ့ တရားဝင် ဝက်ဆိုက်မှာတော့ အဆိုပါ iPhone တွေရဲ့ စျေးနှုန်းဟာ ပြောင်းလဲသွားခြင်း မရှိသေးပါဘူး။
JD.com မှာ iPhone 8 ကို တရုတ်ငွေ ၃၉၉၉ ယွမ် (မြန်မာငွေ ၉သိန်း ဝန်းကျင်) နဲ့ရောင်းချနေတာဖြစ်ပြီး Apple ရဲ့ တရားဝင်ဝက်ဆိုက်က iPhone 8 စျေးနှုန်းနဲ့ ယှဥ်ကြည့်မယ်ဆိုရင် ၂၀% အထိ သက်သာနေတယ်လို့ သိရပါတယ်။ Suning.com မှာတော့ iPhone XR ကို ယခင်က တရုတ်ငွေ ၆၄၉၉ ယွမ် (မြန်မာငွေ ၁၅သိန်း ဝန်းကျင်) နဲ့ ရောင်းချခဲ့တာ ဖြစ်ပြီး ယခု တရုတ်ငွေ ၅၃၉၉ ယွမ် (မြန်မာငွေ ၁၂သိန်း ဝန်းကျင်)နဲ့ ရောင်းချနေတာ တွေ့ရပါတယ်။ JD.com လောက် လျှော့စျေး ရာခိုင်နှုန်း မများပေမယ့် ၁၇% အထိ စျေးလျှော့လိုက်တာကြောင့် တော်တော်လေး သက်သာသွားတယ်လို့ ပြောရမှာပါ။
Ref : 9To5Mac