[Zawgyi]

လြန္ခဲ့တဲ့ ၂၀၁၁ခုႏွစ္တုန္းကဆိုရင္ iPhone 4 ဟာ အဆန္းသစ္ဆုံး ဒီဇိုင္းနဲ႔ ေျပာင္းလဲမႈမ်ားစြာျပဳလုပ္ထားတဲ့ နည္းပညာေတြပါဝင္ခဲ့တာေၾကာင့္ စမတ္ဖုန္းေလာကမွာ ေတာ္ေတာ္ေလးကို ေရပန္းစားခဲ့ပါတယ္။ ဒါ့ေၾကာင့္လည္း အသက္ ၁၇ႏွစ္အ႐ြယ္ရွိ တ႐ုတ္လူငယ္ေလးဟာ သူရဲ႕ ေက်ာက္ကပ္တစ္ခုကို ထုတ္ေရာင္းၿပီး iPhone 4 ကို ဝယ္ယူဖို႔ ႀကိဳးစားခဲ့တာ ျဖစ္ပါတယ္။

Xiao Wang အမည္ရွိ အသက္ ၁၇ႏွစ္အ႐ြယ္ တ႐ုတ္ႏိုင္ငံသား တစ္ဦးဟာ သူရဲ႕ ေက်ာက္ကပ္ကို လြန္ခဲ့တဲ့ ၂၀၁၁ခုႏွစ္တုန္းက ခြဲထုတ္ေရာင္းခ်ခဲ့တာ ျဖစ္ပါတယ္။ အဲဒီအခ်ိန္တုန္းက ေက်ာက္ကပ္တစ္ခုရဲ႕ တန္ဖိုးဟာ ကန္ေဒၚလာ ၃၂၀၀ ဝန္းက်င္ (ျမန္မာေငြ သိန္း ၅၀ ဝန္းက်င္) ရွိခဲ့ၿပီး iPhone 4 အေျမာက္အမ်ား ဝယ္ယူႏိုင္မယ့္ ပမာဏျဖစ္ခဲ့ပါတယ္။

စိတ္မေကာင္းစြာဘဲ Wang ရဲ႕ ေက်ာက္ကပ္ခြဲစိတ္မႈကို တရားမဝင္ Underground Hospital (ဒုတိယ ကမာၻစစ္မွာ အသုံးမ်ားေသာ ေဆး႐ုံအမ်ိဴးအစား) တစ္ခုမွာျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ ခြဲစိတ္မႈျပဳလုပ္ၿပီးသြားတဲ့အခါမွာ ေက်ာက္ကပ္တစ္လုံးတည္းနဲ႔ သာမန္ဘဝေလးကို ျဖတ္သန္းလိုေၾကာင္း Wang က ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္ ေဆး႐ုံရွိ ခြဲစိတ္ခန္းက စနစ္တက်ပိုးသတ္ထားျခင္း မရွိတဲ့အတြက္ က်န္တဲ့ေက်ာက္ကပ္တစ္ခုမွာ ပိုးဝင္ၿပီး Wang ဟာ ေသေစႏိုင္ေလာက္တဲ့ ေရာဂါေဝဒနာကို ခံစားခဲ့ရပါတယ္။ Wang ရဲ႕ မိဘေတြကေတာ့ သူတို႔ရဲ႕သား ခြဲစိတ္ကုသမႈ ခံယူထားတာကို မသိခဲ့ပါဘူး။ Wang အျပင္းအထန္ ေနမေကာင္းျဖစ္တဲ့အခါက်မွ သူတို႔ရဲ႕သားမွာ ေက်ာက္ကပ္တစ္ခုပဲ ရွိေတာ့တယ္ဆိုတာ သိခဲ့ရပါတယ္။ စိတ္မေကာင္းပါဘူး။

ယခုအခါမွာေတာ့ Wang ဟာ အသက္ ၂၄ႏွစ္အ႐ြယ္ ေရာက္ရွိေနၿပီျဖစ္ၿပီး သာမန္ဘဝကို သာမန္လူလို ပုံစံမ်ိဴးနဲ႔ မျဖတ္သန္းႏိုင္ေတာ့ပါဘူး။ လြန္ခဲ့တဲ့ ၇ခုႏွစ္ကိုလည္း အိပ္ယာထဲမွာပဲ အမ်ားဆုံး ျဖတ္သန္းခဲ့ရတယ္လို႔ သိရပါတယ္။ လက္ရွိ Wang ခံစားေနရတဲ့ ေရာဂါေဝဒနာေတြကို သက္သာေအာင္လုပ္ဖို႔အတြက္ က်န္ရွိေနေသးတဲ့ ေက်ာက္ကပ္အတြင္းက အရည္နဲ႔ အညစ္အေၾကးေတြကို အၿမဲတမ္းလိုလို ဖယ္ထုတ္သန္႔စင္ေပးေနရတာ ျဖစ္ပါတယ္။

Ref :phone Arena, iDropNews

[Unicode]

iPhone 4 ဝယ်ဖို့ ကျောက်ကပ်ထုတ်ရောင်းခဲ့တဲ့ တရုတ်လူငယ် ကျန်းမာရေး အခြေအနေမကောင်း

လွန်ခဲ့တဲ့ ၂၀၁၁ခုနှစ်တုန်းကဆိုရင် iPhone 4 ဟာ အဆန်းသစ်ဆုံး ဒီဇိုင်းနဲ့ ပြောင်းလဲမှုများစွာပြုလုပ်ထားတဲ့ နည်းပညာတွေပါဝင်ခဲ့တာကြောင့် စမတ်ဖုန်းလောကမှာ တော်တော်လေးကို ရေပန်းစားခဲ့ပါတယ်။ ဒါ့ကြောင့်လည်း အသက် ၁၇နှစ်အရွယ်ရှိ တရုတ်လူငယ်လေးဟာ သူရဲ့ ကျောက်ကပ်တစ်ခုကို ထုတ်ရောင်းပြီး iPhone 4 ကို ဝယ်ယူဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

Xiao Wang အမည်ရှိ အသက် ၁၇နှစ်အရွယ် တရုတ်နိုင်ငံသား တစ်ဦးဟာ သူရဲ့ ကျောက်ကပ်ကို လွန်ခဲ့တဲ့ ၂၀၁၁ခုနှစ်တုန်းက ခွဲထုတ်ရောင်းချခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ကျောက်ကပ်တစ်ခုရဲ့ တန်ဖိုးဟာ ကန်ဒေါ်လာ ၃၂၀၀ ဝန်းကျင် (မြန်မာငွေ သိန်း ၅၀ ဝန်းကျင်) ရှိခဲ့ပြီး iPhone 4 အမြောက်အများ ဝယ်ယူနိုင်မယ့် ပမာဏဖြစ်ခဲ့ပါတယ်။

စိတ်မကောင်းစွာဘဲ Wang ရဲ့ ကျောက်ကပ်ခွဲစိတ်မှုကို တရားမဝင် Underground Hospital (ဒုတိယ ကမ္ဘာစစ်မှာ အသုံးများသော ဆေးရုံအမျိူးအစား) တစ်ခုမှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ခွဲစိတ်မှုပြုလုပ်ပြီးသွားတဲ့အခါမှာ ကျောက်ကပ်တစ်လုံးတည်းနဲ့ သာမန်ဘဝလေးကို ဖြတ်သန်းလိုကြောင်း Wang က ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဆေးရုံရှိ ခွဲစိတ်ခန်းက စနစ်တကျပိုးသတ်ထားခြင်း မရှိတဲ့အတွက် ကျန်တဲ့ကျောက်ကပ်တစ်ခုမှာ ပိုးဝင်ပြီး Wang ဟာ သေစေနိုင်လောက်တဲ့ ရောဂါဝေဒနာကို ခံစားခဲ့ရပါတယ်။ Wang ရဲ့ မိဘတွေကတော့ သူတို့ရဲ့သား ခွဲစိတ်ကုသမှု ခံယူထားတာကို မသိခဲ့ပါဘူး။ Wang အပြင်းအထန် နေမကောင်းဖြစ်တဲ့အခါကျမှ သူတို့ရဲ့သားမှာ ကျောက်ကပ်တစ်ခုပဲ ရှိတော့တယ်ဆိုတာ သိခဲ့ရပါတယ်။ စိတ်မကောင်းပါဘူး။

ယခုအခါမှာတော့ Wang ဟာ အသက် ၂၄နှစ်အရွယ် ရောက်ရှိနေပြီဖြစ်ပြီး သာမန်ဘဝကို သာမန်လူလို ပုံစံမျိူးနဲ့ မဖြတ်သန်းနိုင်တော့ပါဘူး။ လွန်ခဲ့တဲ့ ၇ခုနှစ်ကိုလည်း အိပ်ယာထဲမှာပဲ အများဆုံး ဖြတ်သန်းခဲ့ရတယ်လို့ သိရပါတယ်။ လက်ရှိ Wanag ခံစားနေရတဲ့ ရောဂါဝေဒနာတွေကို သက်သာအောင်လုပ်ဖို့အတွက် ကျန်ရှိနေသေးတဲ့ ကျောက်ကပ်အတွင်းက အရည်နဲ့ အညစ်အကြေးတွေကို အမြဲတမ်းလိုလို ဖယ်ထုတ်သန့်စင်ပေးနေရတာ ဖြစ်ပါတယ်။

Ref :phone Arena, iDropNews