[Zawgyi]

မူပိုင္ခြင့္ အျငင္းပြားမႈေတြ ျဖစ္ေပၚခဲ့ၿပီးတဲ့ေနာက္ Apple နဲ႔ Qualcomm တို႔ရဲ႕ ဆက္ဆံေရးဟာ သိပ္ၿပီးေကာင္းမြန္ေတာ့တာ မဟုတ္ဘူးလို႔ ေကာလာဟလေတြ ထြက္ေပၚလာပါတယ္။ ဒီၾကားထဲမွာလည္း Apple က 2018 iPhones ေတြအတြက္ Modem ေတြကို Qualcomm မသုံးဘဲ Intel ေတြကို သုံးလိုက္ပါတယ္။ Intel နဲ႔ ဘယ္ေလာက္ ၾကာၾကာ လက္တြဲမလဲဆိုတာ မသိေပမယ့္ Qualcomm နဲ႔ေတာ့ ေရစက္ကုန္သလိုလို ေကာလာဟလေတြ ထြက္လာရေတာ့တာပါပဲ။

ေနာက္ဆုံးထြက္လာတဲ့ ေကာလာဟလကေတာ့ Intel နဲ႔ Apple ရဲ႕ လက္တြဲမႈကလည္း ခဏတာသာ ျဖစ္တယ္လို႔ ဆိုပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ပန္သီးကုမၸဏီက အနာဂတ္ iPhone ေတြအတြက္ လိုအပ္တဲ့ပစၥည္းေတြကို ကိုယ္တိုင္ပဲ ထုတ္လုပ္ဖို႔ ႀကိဳးစားေနတာေၾကာင့္ ျဖစ္တယ္လို႔ ဆိုပါတယ္။

ဒီသတင္းေတြနဲ႔ ပတ္သက္ၿပီး ေကာလာဟလလို႔ ေျပာရတဲ့အေၾကာင္းအရင္းက Apple က တရားဝင္ ထုတ္ျပန္တာ မဟုတ္လို႔ပါ။ ဒါေပမယ့္ သတင္းရင္းျမစ္ေတြရဲ႕ အဆိုအရ Apple ဟာ ဆန္ဒီေယဂိုမွာအလုပ္လုပ္ဖို႔ အင္ဂ်င္နီယာအဖြဲ႕ကို ငွားရမ္းဖို႔ ရွာေဖြေနတယ္လို႔ သိရပါတယ္။

Apple အေနနဲ႔ အင္ဂ်င္နီယာအဖြဲ႕ သပ္သပ္ ထားရွိၿပီး Neural Engine AI chip ေတြ၊ Wireless Chip ေတြကို ကိုယ္တိုင္ ထုတ္လုပ္သြားဖို႔ ႀကိဳးစားေနတယ္လို႔ သိရပါတယ္။ Apple ဟာ လိုအပ္တဲ့ ပစၥည္းေတြအတြက္ ျပင္ပက Supplier ေတြကို မွီခိုအားကိုးေနရတာကို အလြန္အမင္း စိတ္ပ်က္ေနၿပီး ကိုယ္တိုင္ထုတ္လုပ္ဖို႔ကို စိတ္အားထက္သန္ေနတယ္လို႔ ဆိုတာပါ။ ဒီေတာ့ 2020 မွာ ထုတ္မယ့္ 5G iPhone ေတြအတြက္ 5G chip ေတြကို ကိုယ္တိုင္ပဲ ထုတ္ေတာ့မလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။

Ref: GSMarena

 

[Unicode]

မူပိုင်ခွင့် အငြင်းပွားမှုတွေ ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် Apple နဲ့ Qualcomm တို့ရဲ့ ဆက်ဆံရေးဟာ သိပ်ပြီးကောင်းမွန်တော့တာ မဟုတ်ဘူးလို့ ကောလာဟလတွေ ထွက်ပေါ်လာပါတယ်။ ဒီကြားထဲမှာလည်း Apple က 2018 iPhones တွေအတွက် Modem တွေကို Qualcomm မသုံးဘဲ Intel တွေကို သုံးလိုက်ပါတယ်။ Intel နဲ့ ဘယ်လောက် ကြာကြာ လက်တွဲမလဲဆိုတာ မသိပေမယ့် Qualcomm နဲ့တော့ ရေစက်ကုန်သလိုလို ကောလာဟလတွေ ထွက်လာရတော့တာပါပဲ။

နောက်ဆုံးထွက်လာတဲ့ ကောလာဟလကတော့ Intel နဲ့ Apple ရဲ့ လက်တွဲမှုကလည်း ခဏတာသာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ပန်သီးကုမ္ပဏီက အနာဂတ် iPhone တွေအတွက် လိုအပ်တဲ့ပစ္စည်းတွေကို ကိုယ်တိုင်ပဲ ထုတ်လုပ်ဖို့ ကြိုးစားနေတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသတင်းတွေနဲ့ ပတ်သက်ပြီး ကောလာဟလလို့ ပြောရတဲ့အကြောင်းအရင်းက Apple က တရားဝင် ထုတ်ပြန်တာ မဟုတ်လို့ပါ။ ဒါပေမယ့် သတင်းရင်းမြစ်တွေရဲ့ အဆိုအရ Apple ဟာ ဆန်ဒီယေဂိုမှာအလုပ်လုပ်ဖို့ အင်ဂျင်နီယာအဖွဲ့ကို ငှားရမ်းဖို့ ရှာဖွေနေတယ်လို့ သိရပါတယ်။

Apple အနေနဲ့ အင်ဂျင်နီယာအဖွဲ့ သပ်သပ် ထားရှိပြီး Neural Engine AI chip တွေ၊ Wireless Chip တွေကို ကိုယ်တိုင် ထုတ်လုပ်သွားဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ Apple ဟာ လိုအပ်တဲ့ ပစ္စည်းတွေအတွက် ပြင်ပက Supplier တွေကို မှီခိုအားကိုးနေရတာကို အလွန်အမင်း စိတ်ပျက်နေပြီး ကိုယ်တိုင်ထုတ်လုပ်ဖို့ကို စိတ်အားထက်သန်နေတယ်လို့ ဆိုတာပါ။ ဒီတော့ 2020 မှာ ထုတ်မယ့် 5G iPhone တွေအတွက် 5G chip တွေကို ကိုယ်တိုင်ပဲ ထုတ်တော့မလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ref: GSMarena