၂၀၁၈ ခုႏွစ္အတြက္ Apple ရဲ႕ အုိင္ဖုန္းမ်ဳိးဆက္နဲ႔ ပတ္သက္ျပီး စက္တင္ဘာ ၁၂ ရက္ ယေန႔မွာ မိတ္ဆက္လာမွာ ျဖစ္ေပမယ့္ အုိင္ဖုန္းအသစ္ေတြရဲ႕ နာမည္နဲ႔ ပတ္သက္လို႔ေတာ့ သတင္းအေမွာင္က်ေနဆဲပါ။ ဒါေပမယ့္ အခုေတာ့ Apple.com ဟာ အုိင္ဖုန္းအသစ္ သုံးမ်ဳိးအတြက္ နာမည္ေတြနဲ႔ ရရွိႏုိင္မယ့္ အေရာင္ေတြကို တင္ေပးလိုက္ပါျပီ။

အိုင္ဖုန္းအသစ္ေတြရဲ႕ နာမည္ေတြက iPhone Xs, Xs Max နဲ႔ Xr တုိ႔ျဖစ္ျပီး ပထမဆုံး iPhone Xs ဟာ 5.8” လက္မ Display နဲ႔ျဖစ္ပါတယ္။ Xs ကို Storage ပမာဏ 64GB, 256GB နဲ႔ 512GB ဆုိျပီး သုံးမ်ဳိး ေရြးခ်ယ္ႏုိင္မွာျဖစ္ျပီး အေရာင္ကေတာ့ ေငြေရာင္၊ ေရႊေရာင္နဲ႔ Space Gray တုိ႔ပါ။

ေနာက္လာမယ့္ဖုန္းကေတာ့ iPhone Xs Max ျဖစ္ကာ သူကေတာ့ 6.5” လက္မအရြယ္ Screen ၾကီးနဲ႔ 64GB, 256GB သို႔မဟုတ္ 512GB Storage ပမာဏပါပဲ။ အေရာင္ေတြကလည္း Xs နဲ႔အတူတူပဲ ျဖစ္ပါတယ္။

 

တတိယေျမာက္ေမာ္ဒယ္က iPhone Xr ျဖစ္ျပီးေတာ့ သူကေတာ့ 6.1” အရြယ္ပါ။ Storage ေရြးခ်ယ္မႈ 64GB, 128GB နဲ႔ 256GB ျဖစ္တာေၾကာင့္ သတင္းေတြ ထြက္ခဲ့သလုိ သုံးမ်ဳိးလုံးထဲမွာ ေစ်းအခ်ဳိဆုံး ေမာ္ဒယ္ ျဖစ္ႏုိင္ပါတယ္။ ရရွိႏုိင္တဲ့အေရာင္လည္း ပိုစုံလင္ျပီး အနက္၊ အနီ၊ အဝါ၊ အျပာနဲ႔ Coral ဆုိျပီး ေရြးခ်ယ္ဝယ္ယူႏုိင္ မွာပါ။

ဖုန္းေတြတင္မကပါဘူး။ Apple ရဲ႕ဝက္ဆုိက္ဟာ Apple Watch Series 4 လည္းေရာက္လာမွာ ျဖစ္ေၾကာင္း Leak လုပ္ခဲ့ျပီး ယခင္ေမာ္ဒယ္ေတြထက္ အရြယ္အစားပိုၾကီးကာ 40mm နဲ႔ 44mm တုိ႔ ျဖစ္ပါတယ္။ iPad အသစ္ေတြနဲ႔ ပတ္သက္လို႔ေတာ့ မျမင္ရေသးေပမယ့္ မၾကာခင္ စတင္ေတာ့မယ့္ မိတ္ဆက္ပြဲမွာ မေတြ႕ခဲ့ရင္ေတာင္ ေဆာင္းရာသီမွာ iPad ေတြကို သီးသန္႔မိတ္ဆက္လာႏုိင္ပါေသးတယ္။

Ref – https://www.gsmarena.com/applecom_reveals_names_colors_iphone_xs_xs_max_and_xr-news-33221.php

Unicode

၂၀၁၈ ခုနှစ်အတွက် Apple ရဲ့ အိုင်ဖုန်းမျိုးဆက်နဲ့ ပတ်သက်ပြီး စက်တင်ဘာ ၁၂ ရက် ယနေ့မှာ မိတ်ဆက်လာမှာ ဖြစ်ပေမယ့် အိုင်ဖုန်းအသစ်တွေရဲ့ နာမည်နဲ့ ပတ်သက်လို့တော့ သတင်းအမှောင်ကျနေဆဲပါ။ ဒါပေမယ့် အခုတော့ Apple.com ဟာ အိုင်ဖုန်းအသစ် သုံးမျိုးအတွက် နာမည်တွေနဲ့ ရရှိနိုင်မယ့် အရောင်တွေကို တင်ပေးလိုက်ပါပြီ။

အိုင်ဖုန်းအသစ်တွေရဲ့ နာမည်တွေက iPhone Xs, Xs Max နဲ့ Xr တို့ဖြစ်ပြီး ပထမဆုံး iPhone Xs ဟာ 5.8” လက်မ Display နဲ့ဖြစ်ပါတယ်။ Xs ကို Storage ပမာဏ 64GB, 256GB နဲ့ 512GB ဆိုပြီး သုံးမျိုး ရွေးချယ်နိုင်မှာဖြစ်ပြီး အရောင်ကတော့ ငွေရောင်၊ ရွှေရောင်နဲ့ Space Gray တို့ပါ။

နောက်လာမယ့်ဖုန်းကတော့ iPhone Xs Max ဖြစ်ကာ သူကတော့ 6.5” လက်မအရွယ် Screen ကြီးနဲ့ 64GB, 256GB သို့မဟုတ် 512GB Storage ပမာဏပါပဲ။ အရောင်တွေကလည်း Xs နဲ့အတူတူပဲ ဖြစ်ပါတယ်။

 

တတိယမြောက်မော်ဒယ်က iPhone Xr ဖြစ်ပြီးတော့ သူကတော့ 6.1” အရွယ်ပါ။ Storage ရွေးချယ်မှု 64GB, 128GB နဲ့ 256GB ဖြစ်တာကြောင့် သတင်းတွေ ထွက်ခဲ့သလို သုံးမျိုးလုံးထဲမှာ ဈေးအချိုဆုံး မော်ဒယ် ဖြစ်နိုင်ပါတယ်။ ရရှိနိုင်တဲ့အရောင်လည်း ပိုစုံလင်ပြီး အနက်၊ အနီ၊ အဝါ၊ အပြာနဲ့ Coral ဆိုပြီး ရွေးချယ်ဝယ်ယူနိုင် မှာပါ။

ဖုန်းတွေတင်မကပါဘူး။ Apple ရဲ့ဝက်ဆိုက်ဟာ Apple Watch Series 4 လည်းရောက်လာမှာ ဖြစ်ကြောင်း Leak လုပ်ခဲ့ပြီး ယခင်မော်ဒယ်တွေထက် အရွယ်အစားပိုကြီးကာ 40mm နဲ့ 44mm တို့ ဖြစ်ပါတယ်။ iPad အသစ်တွေနဲ့ ပတ်သက်လို့တော့ မမြင်ရသေးပေမယ့် မကြာခင် စတင်တော့မယ့် မိတ်ဆက်ပွဲမှာ မတွေ့ခဲ့ရင်တောင် ဆောင်းရာသီမှာ iPad တွေကို သီးသန့်မိတ်ဆက်လာနိုင်ပါသေးတယ်။