Apple ကနေ iTunes အပြင် လစဉ်အခကြေးငွေပေးပြီး သီချင်းနားထောင်နိုင်တဲ့ Apple Music Service ကို စတင်ခဲ့တာအခုဆိုရင် နှစ်အနည်းငယ်ရှိသွားပြီပဲဖြစ်ပါတယ်။

Source: GSMArena

အခုအချိန်မှာတော့ Apple ကနေ Apple Music ကို အခကြေးငွေပေးပြီး အသုံးပြုနေတဲ့ User အရေအတွက်က သန်း ၄၀ ပြည့်သွားပြီလို့ ကြေငြာခဲ့ပါတယ်။ အခု ရလဒ်က အလွန်ကောင်းမွန်တဲ့ရလဒ်တစ်ခုဖြစ်ပြီးတော့ Music Streaming Service ထဲမှာ နာမည်ကြီး Service တစ်ခုဖြစ်တဲ့ Spotify တောင်မှ အခကြေးငွေပေးပြီး အသုံးပြုသူ သန်း ၇၀ ပဲရှိနေတာဖြစ်ပါတယ်။

Apple Music နဲ့ Spotify Music တို့က အခုနောက်ပိုင်း ပြိုင်ဆိုင်မှုပိုမိုပြင်းထန်လာပြီးတော့ လက်ရှိအချိန်မှာ Apple Music က ပိုပြီးအောင်မြင်လာတယ်လို့ ပြောနိုင်ပါတယ်။ သီချင်းတွေအနေနဲ့လည်း Apple Music က သီချင်းပေါင်း သန်း ၄၀ ခန့်ရှိနေပြီးတော့ Spotify ရဲ့ သီချင်းတွေက သန်း ၃၀ ပဲရှိနေတဲ့အတွက် ၁၀ သန်းကျော်ပိုများနေတာပဲဖြစ်ပါတယ်။

Source: Apple

ဒါပေမယ့် Spotify က Apple Music နဲ့ မတူတဲ့အချက်က Free အနေနဲ့ပါ အသုံးပြုနိုင်တာဖြစ်ပြီး ယခုနှစ်ကုန်မှာ အသုံးပြုသူစုစုပေါင်း သန်း ၂၀၀ ကျော်ရှိလာမယ်လို့ ယူဆထားကြတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Apple Music အနေနဲ့ အချိန်တိုအတွင်းအောင်မြင်လာပေမယ့် Spotify ကို မှီဖို့ကတော့ ကြိုးစားရပါဦးမယ်။