Smartphone တွေရဲ့အဓိက အားသာချက်တစ်ခုကတော့ သုံးစရာ App တွေပေါများတာပါ။ App တွေက Smartphone တစ်လုံးမှာ အရေးအပါဆုံးအပိုင်းမှာရှိနေပါတယ်။

အဲ့ဒီလိုများပြားတဲ့ App တွေထဲကမှ တစ်ကယ်ကောင်းတဲ့၊ အသုံးဝင်မယ့် App တွေကိုရှာဖွေဖို့ဆိုတာကတော့ သိပ်လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ အဲ့ဒီလိုမျိုး ခက်ခဲနေရင် App ကောင်းကောင်းတွေကို ရှာတွေ့ဖို့က ပိုဝေးလာမှာပါ။

အဲ့ဒီလို့ ခက်ခဲတာတွေ၊ ရှုတ်ထွေးနေတာတွေမရှိရလေအောင် Google ရော Apple ရောအပြိုင်အဆို ကြိုးစားနေခဲ့တာ Apple ကအမြဲသာနေပါတယ်။ iOS 11 မှာစတင်မိတ်ဆက်ခဲ့တဲ့ App Store အသစ်က Google ရဲ့ Android မှာရှိတဲ့ Play Store နဲ့ အတွေ့အကြုံချင်း လုံးဝကွာခြားသွားစေခဲ့ပါတယ်။

Apple အနေနဲ့လည်း Customer တွေဖက်ကို ကြည့်ပေးသလို Developer တွေရဲ့ လက်ရာကောင်းတွေကိုလည်း App အသစ်ရှာဖွေသူတွေအတွက် အမြဲအဆင်သင့်ဖြစ်နေအောင် App Store အတွက် Editor ကောင်းကောင်းတွေခန့်ထားပေးပါတယ်။ App တွေကို Story တွေရေးပြီး Highlight လုပ်ပေးထားတော့ နေ့တိုင်း App Store က Fresh ဖြစ်နေပါတယ်။

အရင်ကလို App ကောင်းကောင်းတွေကို ရှာဖွေနေစရာမလိုတော့တာကြောင့် အချိန်ကုန်သက်သာပြီး App ရှာတဲ့သူ တော်တော်များများကလည်း သဘောကျကြပါတယ်။ ရှာဖွေဖို့သိပ်မလိုတော့တာကြောင့် App အသစ်တွေကို Download လုပ်တဲ့အရေအတွက်က အရင်ကထက် အများကြီးပိုးတိုးလာပါတယ်။

App တွေနဲ့ပတ်သက်လို့ Editor တွေက App တွေအကြောင်းကောင်းကောင်းရှင်းပြထားတာမျိုးတွေ လုပ်ပေးထားတာကြောင့် App Store အသစ်ကို ပိုလူကြိုက်များတာပါ။ ရာသီအလိုက်၊ နေ့အလိုက် အလိုက်သင့်ပြောင်းလဲနေတာကြောင့် App Store က လူတွေရောင်းနေတဲ့ ဈေးဆိုင်ကြီးတစ်ခုလိုပါပဲ။ အမြဲဝင်ကြည့်လိုက်တိုင်း အသစ်တွေတွေ့ရတတ်တာကြောင့် iOS User တွေအတွက် အကောင်းဆုံး Store ကြီးတစ်ခုအဖြစ်ရှိနေပါတယ်။