Zawgyi Font Version

Apple ရဲ႕ Apple Watch အသစ္ေတြ Airpods ေတြနဲ႔ Charger စတဲ့ Accessories ေတြဟာ ပံုမွန္ထက္ပိုေစ်းၾကီးလာမွာျဖစ္ပါတယ္။

United States ရဲ႕ ေလာေလာဆယ္ President ျဖစ္တဲ့ Donald Trump ဟာ တရုတ္ႏိုင္ငံက ကုန္ၾကမ္းေတြအေပၚ အခြန္ေကာက္ခံမွုျမွင့္တင္လိုက္တဲ့အတြက္ တရုတ္က ကုန္ၾကမ္းေတြကိုအဓိက မွုီခိုေနရတဲ့ Apple Product ေတာ္ေတာ္မ်ားမ်ားကို ေစ်းတင္ျပီးေရာင္းရေတာ့မွာျဖစ္ပါတယ္။

သူတို႔ဆီမွာေတာင္ ေစ်းၾကီးမယ္ဆိုေတာ့ ျမန္မာျပည္တြင္းမွာဆိုရင္ေတာ့ ေတြးေတာင္မေတြးရဲေတာ့ပါဘူး။ အဆိုပါ အခြန္ေကာက္ခံႏွုန္းအသစ္အရ Device တစ္ခုခ်င္းစီတန္ဖိုးရဲ႕ (၂၅) ရာခိုင္ႏွုန္းပဲျဖစ္ျဖစ္ အထဲမွာသံုးထားတဲ့ အစိတ္အပိုင္းေတြအားလံုးစုစုေပါင္းတန္ဖိုးရဲ႕ (၂၅) ရာခိုင္ႏွုန္းပဲျဖစ္ျဖစ္ ေပးေဆာင္ရေတာ့မွာျဖစ္တယ္လို႔ Apple က တရားဝင္သတင္းထုတ္ျပန္လိုက္ပါတယ္။

(၂၅) ရာခိုင္ႏွုန္းဆိုတာ ပစၥည္းတန္ဖိုးရဲ႕ ေလးပံုတစ္ပံုျဖစ္ေနပါျပီ။ Apple ရဲ႕ နဂိုကတည္းကမွ ေစ်းၾကီးတဲ့ ႏွုန္းနဲ႔ဆိုရင္ေတာ့ Product အသစ္ေတြဟာ ေတာ္ေတာ္ကို ေစ်းၾကီးလာေတာ့မွာပါ။ တရုတ္ျပည္တြင္းကမဟုတ္ပဲ တစ္ျခားေနရာေတြကေန ကုန္ၾကမ္းရႏိုင္ေပမယ့္လည္း မထူးမျခားနားပါပဲ။ တရုတ္ျပည္မွာပဲ ကုန္ၾကမ္းေတြက ေစ်းေပါတာပါ။

ဒီ အခြန္တိုးျမွင့္ေကာက္ခံမွုဟာ Apple ကိုပဲထိခိုက္မွာမဟုတ္ပဲ America ရဲ႕ နည္းပညာ Company ေတာ္ေတာ္မ်ားမ်ားကိုထိခိုက္ေစမွာပါ။ ေလာေလာဆယ္ေတာ့ Wireless Headphones ေတြနဲ႔ တစ္ျခား Accessories ေတြေပၚသက္ေရာက္မွုမရွိပါဘူးလို႔ အေမရိကန္ အစိုးရဘက္က အၾကမ္းဖ်ဥ္းေျပာလိုက္ေပမယ့္ “machines for the reception, conversion, and transmission or regeneration of voice” ဆိုတဲ့အတိုင္း Headphones, Earphones ေတြေရာ Charger ေတြအပါအဝင္ Apple ရဲ႕ Accessories ေတြေတာ္ေတာ္မ်ားမ်ားအက်ံဳးဝင္သြားပါတယ္။

Unicode Version

Apple ရဲ့ Apple Watch အသစ်တွေ Airpods တွေနဲ့ Charger စတဲ့ Accessories တွေဟာ ပုံမှန်ထက်ပိုဈေးကြီးလာမှာဖြစ်ပါတယ်။

United States ရဲ့ လောလောဆယ် President ဖြစ်တဲ့ Donald Trump ဟာ တရုတ်နိုင်ငံက ကုန်ကြမ်းတွေအပေါ် အခွန်ကောက်ခံမှုမြှင့်တင်လိုက်တဲ့အတွက် တရုတ်က ကုန်ကြမ်းတွေကိုအဓိက မှီုခိုနေရတဲ့ Apple Product တော်တော်များများကို ဈေးတင်ပြီးရောင်းရတော့မှာဖြစ်ပါတယ်။

သူတို့ဆီမှာတောင် ဈေးကြီးမယ်ဆိုတော့ မြန်မာပြည်တွင်းမှာဆိုရင်တော့ တွေးတောင်မတွေးရဲတော့ပါဘူး။ အဆိုပါ အခွန်ကောက်ခံနှုန်းအသစ်အရ Device တစ်ခုချင်းစီတန်ဖိုးရဲ့ (၂၅) ရာခိုင်နှုန်းပဲဖြစ်ဖြစ် အထဲမှာသုံးထားတဲ့ အစိတ်အပိုင်းတွေအားလုံးစုစုပေါင်းတန်ဖိုးရဲ့ (၂၅) ရာခိုင်နှုန်းပဲဖြစ်ဖြစ် ပေးဆောင်ရတော့မှာဖြစ်တယ်လို့ Apple က တရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်။

(၂၅) ရာခိုင်နှုန်းဆိုတာ ပစ္စည်းတန်ဖိုးရဲ့ လေးပုံတစ်ပုံဖြစ်နေပါပြီ။ Apple ရဲ့ နဂိုကတည်းကမှ ဈေးကြီးတဲ့ နှုန်းနဲ့ဆိုရင်တော့ Product အသစ်တွေဟာ တော်တော်ကို ဈေးကြီးလာတော့မှာပါ။ တရုတ်ပြည်တွင်းကမဟုတ်ပဲ တစ်ခြားနေရာတွေကနေ ကုန်ကြမ်းရနိုင်ပေမယ့်လည်း မထူးမခြားနားပါပဲ။ တရုတ်ပြည်မှာပဲ ကုန်ကြမ်းတွေက ဈေးပေါတာပါ။

ဒီ အခွန်တိုးမြှင့်ကောက်ခံမှုဟာ Apple ကိုပဲထိခိုက်မှာမဟုတ်ပဲ America ရဲ့ နည်းပညာ Company တော်တော်များများကိုထိခိုက်စေမှာပါ။ လောလောဆယ်တော့ Wireless Headphones တွေနဲ့ တစ်ခြား Accessories တွေပေါ်သက်ရောက်မှုမရှိပါဘူးလို့ အမေရိကန် အစိုးရဘက်က အကြမ်းဖျဉ်းပြောလိုက်ပေမယ့် “machines for the reception, conversion, and transmission or regeneration of voice” ဆိုတဲ့အတိုင်း Headphones, Earphones တွေရော Charger တွေအပါအဝင် Apple ရဲ့ Accessories တွေတော်တော်များများအကျုံးဝင်သွားပါတယ်။

Ref: The Verge