Apple ကနေ မကြာခင်မှာ သူရဲ့ Wireless Earphones တွေဖြစ်တဲ့ AirPods အသစ်တွေကို ထုတ်လုပ်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ အခုတစ်ကြိမ်မှာတော့ Apple ဟာ AirPods အသစ်တွေကို အခြားသော Wireless Earphone တွေထက် အများကြီးပိုပြီး ကောင်းမွန်အောင် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ပထမဆုံးအနေနဲ့ကတော့ အခု AirPods အသစ်တွေဟာ Apple ရဲ့ AI Assistant Feature ဖြစ်တဲ့ Siri ကို အသုံးပြုလာနိုင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Apple AirPods တွေကို နားထောင်နေရင်းနဲ့တင် Siri ကို “Hey, Siri” လို့ ခေါ်ပြီး ခိုင်းစေနိုင်မှာဖြစ်ပါတယ်။

နောက်ထပ်ထူးခြားချက်တစ်ခုကတော့ Water Resistant Feature ကိုပါ Apple AirPods အသစ်တွေမှာ ထည့်သွင်းပေးဖို့ ကြံစည်နေတယ်လို့ သတင်းတွေထွက်ပေါ်နေတာပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Apple iPhone တွေအကုန်လုံးက ရေစိုခံနေတဲ့အတွက်ကြောင့် Apple ဟာ AirPods အသစ်တွေကိုလည်း ရေစိုခံအောင်ပြုလုပ်ချင်တဲ့ပုံပါပဲ။ ဘာပဲဖြစ်ဖြစ် AirPods တွေသာ ရေစိုခံမယ်ဆိုရင် ဒါဟာ Wireless Earphone တွေထဲမှာ ပထမဆုံး ရေစိုခံ Earphone တွေဖြစ်လာမှာပါ။

ဒါ့အပြင် Apple AirPods အသစ်တွေဟာ Wireless Charging ကို Support ပြုလုပ်လာမှာဖြစ်သလို အသံပိုင်းဆိုင်ရာနဲ့ Noise Cancellation လို့ခေါ်တဲ့ ပြင်ပသံဖယ်ရှားမှုတွေလည်း ယခင်ထက်ကောင်းမွန်လာမယ်လို့ သိရပါတယ်။