[Zawgyi]
Ref: The Verge
[Unicode]
Apple ဟာ လာမယ့် ၂၀၁၉ ခုနှစ် အစောပိုင်းအချိန်တွေကစပြီး သူ့ရဲ့ High-end iPhone models တွေကို အိန္ဒိယမှာ ထုတ်လုပ်တော့မယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ဒီလိုထုတ်လုပ်ဖို့အတွက် Apple ဟာ Foxconn ရဲ့ ဒေသခံဌာနခွဲတစ်ခုနဲ့ မိတ်ဖက်အဖြစ် ပူးပေါင်းမှာ ဖြစ်ပါတယ်။
တကယ်တော့ Apple နဲ့ Foxconn တို့ဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက iPhone SE တွေကို
အိန္ဒိယနိုင်ငံမှာ ထုတ်လုပ်ခဲ့တာပါ။ အဲ့ဒီနောက် ၂၀၁၈ခုနှစ်အစောပိုင်းမှာ ကုန်ကျစရိတ် သက်သာစေဖို့အတွက် iPhone 6S မော်ဒယ်အသစ်တွေကို အိန္ဒိယစက်ရုံမှာပဲ ထမ်မံထုတ်လုပ်ခဲ့ပါတယ်။
CNBC က ရေးသားထားတဲ့ သတင်းအရဆိုရင်တော့ Foxconn ဟာ အခုအချိန်ကစပြီး Apple အတွက် iPhone X လို အရည်အသွေးမြင့်တဲ့ Model တွေကိုပါ အိန္ဒိယစက်ရုံမှာ ထုတ်လုပ်ပေးတော့မယ်လို့ သိရပါတယ်။ Apple အနေနဲ့လည်း Foxconn နဲ့ ပူးပေါင်းပြီး အိန္ဒိယမှာ iPhone တွေကို ထုတ်လုပ်ခြင်းကနေ အကျိုးအမြတ်အတော်များများကို ရလာဖွယ် ရှိနေပါတယ်။
လွန်ခဲ့တဲ့ နှစ်တွေတုန်းက အိန္ဒိယအစိုးရဟာ ပြည်ပကနေ စမတ်ဖုန်းတင်သွင်းမှုအတွက် မြင့်မားတဲ့ အခွန်နှုန်းကို ကောက်ခံခဲ့ပါတယ်။ ဒါပေမယ့် စမတ်ဖုန်းအစိတ်အပိုင်းတွေ တင်သွင်းခြင်းနဲ့ အိန္ဒိယပြည်တွင်းမှာ ထုတ်လုပ်တဲ့ စမတ်ဖုန်းတွေအတွက်တော့ အခွန်နှုန်းကို လျှော့ချပေးလိုက်ပါတယ်။ ဒီလိုနည်းနဲ့ အိန္ဒိယနိုင်ငံရဲ့ ထုတ်လုပ်မှုနှုန်းကို တိုးမြှင့်လိုက်တာပါ။
ဒီအကြောင်းအချက်တွေကြောင့် Apple က iPhone SE နဲ့ 6S တွေကို အိန္ဒိယမှာ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ Apple အနေနဲ့ အိန္ဒိယမှာပဲ အရည်အသွေးမြင့် iPhone တွေကို ထုတ်လုပ်လိုက်မယ်ဆိုရင် ပေးဆောင်ရမယ့် အခွန်နှုန်းတွေလျော့ကျလာမှာဖြစ်တဲ့အတွက် ပျမ်းမျှထုတ်လုပ်မှုစရိတ်ကိုလည်း လျှော့ချလာနိုင်မှာဖြစ်ပါတယ်။
Ref: The Verge